Myanmar Association of Japan Alumni ( MAJA )

 Toshiba Youth Club Asia Vol. 5 [TYCA] လျှောက်လွှာခေါ်ယူခြင်း


TYCA { Toshiba Youth Club Asia Vol. 5 } အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ (March 20th ~ 27th, 2019) တစ်ပတ်ကြာ သွားရောက်ရမည်။
( ရွေးချယ်ခံရသူကိုဂျပန်အစိုးရ၏ကုန်ကျစရိတ်ဖြင့် ဂျပန်နိုင်ငံသို့ စေလွှတ်မည်။)
ထူးချွန်ထက်မြက်သောလူငယ်ခေါင်းဆောင်များပေါ်ထွက်လာရေးအတွက် Southeast Asian (Cambodia, Laos, Philippines, Thailand and Vietnam) နိုင်ငံများမှ လူငယ်များတွေ့ဆုံပွဲဖြစ်ပါတယ်။
World Energy, Environmental protection, role of science for social innovation စသောအချက်များကိုဆွေးနွေးသွားပြီး ၊ အနာဂါတ်တွင် စွမ်းဆောင်မူအပြည့်နှင့် ငြိမ်းချမ်းစွာဖြင့် အတူတကွလက်တွဲနေထိုင်သွားနိုင်မည့် Asia-Pacific Region ဖြစ်ပေါ်လာရေးရည်ရွယ်ပါတယ်။
( http://www.tyca.asia တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါသည်။)

လျောက်ထားနိုင်သောကျောင်းသား၊ကျောင်းသူများ
၁. အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းရှိသည့် အထက်တန်းကျောင်းသား (သို့) တက္ကသိုလ်ပထမနှစ်တက်ရောက်နေသောသူ။
၂. အင်္ဂလိပ်လို ကောင်းမွန်စွာပြောနိုင်ပြီး ၊ အင်္ဂလိပ်လိုစာစီစာကုံးရေးသားနိုင်သူ။
၃. မတ်လ ၂၃ ရက်မှ ၃၀ ရက်အတွင်းဂျပန်နိုင်ငံသို့ သွားရောက်နိုင်သူဖြစ်ရမည်။
၎. ဂျပန်နိုင်ငံအကြောင်းကို စိတ်ပါဝင်စားသူဖြစ်ပြီး ၊ မိမိနိုင်ငံနှင့် ပက်သက်သောဗဟုသုတများ ကြွယ်ဝသူဖြစ်ရမည်။
၅. အခြား Asian နိုင်ငံများမှ ကျောင်းသားကျောင်းသူများနှင့် စိတ်ပါဝင်စားစွာ ဆွေးနွေးပြောဆိုနိုင်သူဖြစ်ရမည်။
၆. ဂျပန်စကားကိုအခြေခံလောက်ပြောဆိုနိုင်ရမည်။

လျောက်လွှာထုတ်ယူရက်
3rd September to 10th September, 2018
၁. လျောက်လွှာများကိုရုံးခန်းတွင်လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ လျှောက်လွှာနှင့်အတူ Essay Form ကို ထုတ်ယူပြီး ၁၄.၉.၂၀၁၈ တွင် နောက်ဆုံးထားပြန်လည်ပေးပို့ လျှောက်ထားရမည်။
၂. 3 x 4 cm ဓါတ်ပုံတစ်ပုံ( ၃လအတွင်းရိုက်ကူးထားသောဓါတ်ပုံဖြစ်ရမည် ၊ ဓါတ်ပုံနောက်ကျောတွင် အမည်ကိုရေးသားထားရမည်။)
၃. မိမိတက်ရောက်နေသောကျောင်း၏ ကျောင်းသားဖြစ်ကြောင်း ကျောင်းမှထောက်ခံစာ (သို့မဟုတ်) ကျောင်းသားကဒ် မိတ္တူ
၎. မှတ်ပုံတင်မိတ္တူ ( သို့ ) Passport မိတ္တူ
(မနက် 10:00 နာရီမှ ညနေ 4:00 နာရီအတွင်းလာရောက်လျောက်ထားနိုင်ပါသည်။ စနေ ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ရုံးပိတ်သည်)

လျောက်လွှာလက်ခံမည့်နေရာ
Address - Myanmar Association of Japan Alumni (MAJA)
Pearl Condominium, Room(707), Building (C), Kaba Aye Pagoda
Road, Bahan Township, Yangon, Myanmar.
Phone - 95-9-428612151, 95-9-262602121

 2018-08-29
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) သည် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်မှ (၂၅) ရက် အထိကျင်းပမည့် အထက်ပါတွေ့ဆုံပွဲသို့ ကျောင်းသားလူငယ်များကို ရွေးချယ်စေလွှတ် မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူများသည် သတ်မှတ်ချက်ဘောင်အတွင်း အကြုံးဝင်ပါက လျှောက်ထားနိုင်ပါကြောင်း အကြာင်းကြားအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို Exchange Program ရှိ APCC tab တွင်ဝင်ကြည့်နိုင်ပါသည်။ ၁၄ ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် စတုတ္ထ ကြိမ်မြောက် ဂျပန်ပုံပြင် ဘာသာပြန်ပွဲ(၂၀၁၉) အတွက်လျှေက်လွှာများကို ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ့အထိလျှောက်လွှာပုံစံ များကို လူကိုယ်တိုင်လာရောက်ထုတ်ယူ၍ဖြစ်စေ လျှောက်လွှာကို Download လုပ်၍ဖြစ်စေ သတ် မှတ်နေရာများသို့ လျှောက်လွှာလက်ခံရက်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်းထပ်မံအကြောင်းကြားပါသည်။ အသေးစိတ်အချက်များကို EVENTS tab အောက်တွင်ဝင်ကြည့်ပါ။;
visitors :      24,190