The application for the Honda Y.E.S Award 2017 is open for all Technological University students attending 5th Year or Last year (under 25 yrs & 25 yrs. of age). All applications are to be submitted to the respective Technological Universities. Application deadline is 9th June, 2017.
Honda Y.E.S Award 2017
Honda Foundation နှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
တို့မှ ပူးပေါင်း ပေးအပ်သော Honda Y.E.S Award 2017
ရန်ကုန်နည်းပညာတက္ကသိုလ်
မန္တလေးနည်းပညာတက္ကသိုလ်
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
နည်းပညာတက္ကသိုလ် (သန်လျင်)
နည်းပညာတက္ကသိုလ် (မှော်ဘီ)
နည်းပညာတက္ကသိုလ် (မန္တလေး)
အထက်ပါတက္ကသိုလ်များတွင် ပဉ္စမနှစ် (သို့) နောက်ဆုံးနှစ် ပညာသင်ကြားလျှက်ရှိပြီး အသက် (၂၅)နှစ် (သို့) (၂၅)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာလက်ခံရက် - ၁.၆.၂၀၁၇ မှ ၉.၆.၂၀၁၇ (ရုံးချိန်အတွင်း 9:30 – 4:30)
လျှောက်လွှာလက်ခံမည့်နေရာ - သက်ဆိုင်ရာ မိမိတက္ကသိုလ်များတွင် လျှောက်ထားရန်။
၁။ ပဏာမအဆင့် ရွေးချယ်ခြင်းကို သက်ဆိုင်ရာ တက္ကသိုလ်များက ပြုလုပ်ပါမည်။
ပဏာမအဆင့် ရွေးချယ်ခံရသည်ဟု သိရှိပြီးသော ကျောင်းသား/သူ (၁၀)ဦး က ဇူလိုင်လ ၁၇ ရက်နေ့မတိုင်မီ MAJA ရုံးခန်းသို့ ဆက်သွယ်ပေးစေလိုပါသည်။
၂။ ဒုတိယအဆင့် ရွေးချယ်ခြင်း စာစီစာကုံး (မြန်မာဘာသာ) ဖြင့် ဖြေဆိုရပါမည်။
မန္တလေးနည်းပညာတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ် (မန္တလေး) တို့ မှØ ကျောင်းသား/သူ များသည် နည်းပညာတက္ကသိုလ် (မန္တလေး) တွင် ဖြေဆိုရပါမည်။
ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်များမှ ကျောင်းသား/သူ များသည် MAJA ရုံးခန်းတွင်ဖြေဆိုရပါမည်။Ø
၃။ တတိယအဆင့် ရွေးချယ်ခြင်း စာစီစာကုံး (အင်္ဂလိပ်ဘာသာ) ဖြင့် ဖြေဆိုရပါမည်။
ဒုတိယအဆင့် အောင်မြင်သူ ကျောင်းသား/သူ များအားလုံးသည် MAJA ရုံးခန်းတွင်ဖြေဆိုရပါမည်။
၄။ နောက်ဆုံးအဆင့် လူတွေ့စစ်ဆေးခြင်း (အင်္ဂလိပ်ဘာသာ) ဖြင့် ဖြေဆိုရပါမည်။
တတိယအဆင့် အောင်မြင်သူ ကျောင်းသား/သူ များအားလုံးသည် MAJA ရုံးခန်းတွင်ဖြေဆိုရပါမည်။
အသေးစိတ်သိရှိလိုပါက - MAJA ရုံးခန်း
အခန်း (၇၀၇)၊ တိုက် (C )၊ (၇)လွှာ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09-8612151, 09-262602121
ဒုတိယအဆင့်၊ တတိယအဆင့် နှင့် နောက်ဆုံး လူတွေ့စစ်ဆေးခြင်း စသည့် စာမေးပွဲရက်များကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း Website: https://www.ascoja-maja.org.mm/ နှင့်
Facebook Page ဖြစ်သည့် www.facebook.com/MyanmarAssociationOfJapanAlumniMAJA တို့တွင် ကြေငြာပေးသွားပါမည်။
မြန်မာနိုင်ငံဂျပန်ပညာသင်ဟောင်းအသင်း (MAJA)