Myanmar Association of Japan Alumni ( MAJA )

MAJA Announcement: JLPT Exam is drawing very near! The Exam will be on 2nd July 2017 at MANDALAY. For more details, please click on HOT NEWS tab.


JLPT စာမေးပွဲရက်နီးလာပြီနော်။ မန္တလေးမြို့မှာကျင်းပမယ့် ဂျပန်ဘာသာ အရည်ချင်းစစ်စာမေးပွဲ (JLPT) ဖြေဆိုကြမယ့်သူတွေအားလုံး အဆင်သင့်ဖြစ်နေကြပြီလား။

စာမေးပွဲရက်နီးလာပြီဆိုတော့ စာမေးပွဲနဲ့ ပတ်သက်ပြီး ဒီအချက်တွေကို ဂရုပြုပေးကြပါနော်။

 စာမေးပွဲက 2.7.2017 (တနင်္ဂနွေ) စာမေးပွဲနေရာက မန္တလေး မှာ ဖြစ်ပါတယ်နော်။Ø

 စာဖြေဌာနတွေကို ထပ်Ø ပြောပြပေးပါမယ်။
(လိပ်စာအတိအကျကို ပုံလေးမှာ ကြည့်ပေးပါနော်)

N1 ဆေးတက္ကသိုလ်၊ မန္တလေး (UMM)
N2 ဆေးတက္ကသိုလ်၊ မန္တလေး (UMM)
N3 သွားဆေးတက္ကသိုလ်၊ မန္တလေး (UDMM)
N4 နိုင်ငံခြားဘာသာတက္ကသိုလ် မန္တလေး (MUFL)
N5 နည်းပညာတက္ကသလိုလ် ၊အိုးဘို၊ မန္တလေး (TU)

 စာမေးပွဲ ဖြေဆိုမယ့်နေ့မှာ ယူသွားရမယ့် ပစ္စည်းတွေကØ
1) ခဲတံ ***အနက်ရောင် No.2 / HB ခဲတံနဲ့သာ ဖြေဆိုရပါမယ်နော်။ ခဲသားဘောလ်ပင် (SHARP PEN) နဲ့ ဘောလ်ပင် (Ball Pen) လုံး၀ သုံးလို့ မရပါဘူးနော်။***
2) ခဲဖျက်
3) ချွန်စက်
4) Test Voucher ဒီ (၄) မျိုးကလွဲပြီး ကျန်တဲ့ပစ္စည်းတွေကို စာဖြေခန်းထဲသို့ လုံး၀ ယူဆောင်ခွင့် မပြုပါဘူး။
(ဥပမာ - သောက်ရေဘူး၊ ခဲတံအိတ်၊ ကွန်ပါဘူး၊ Tissue စတဲ့ ပစ္စည်းတွေကို ယူဆောင်ခွင့်မပြုပါဘူး ..)

 TEST VOUCHER ပျောက်ဆုံး၊ပျက်စီးခြင်း။Ø
Test Voucher က ပျောက်ဆုံး၊ ပျက်စီးသွားတယ်ဆိုရင် 2.7.2017 စာမေးပွဲဖြေမယ့်နေ့မှာ စာမေးပွဲချိန် မတိုင်မီ သက်ဆိုင်ရာ စာေဖြေဌာန(OFFICE) သို့ သတင်းပို့ပြီး Test Voucher (မိတ္တူ) ထုတ်ယူပြီး စာမေးပွဲဖြေဆိုရပါမယ်။
*** ဓါတ်ပုံ (၁) ပုံနဲ့ မှတ်ပုံတင် မူရင်းတော့ ယူလာခဲ့ရမယ်နော်။ ***

 ဖြေဆိုသူရဲ့ ကိုယ်ရေးအချက်အလက်တွေ အမှားပြင်ဆင်ခြင်း။Ø
လျှောက်လွှာဖြည့်ခဲ့တုန်းက အမည်၊ မွေးသက္ကရာဇ် တွေ မှားဖြည့်မိလို့ ပြန်ပြင်ချင်တယ်ဆိုရင် စာဖြေခန်းမှာ ပြန်ပြင်လို့ရပါတယ်။ မိမိရဲ့ စာမေးပွဲခန်းကြီးကြပ်ရေးမှူး ဆရာ/ ဆရာမကို ပြင်ချင်တဲ့ အမည်၊ မွေးသက္ကရာဇ် အမှန်ကို ပြောပြရပါမယ်။

*** မပြောမိရင်တော့ Certificate မှာ (နာမည်၊ မွေးသက္ကရာဇ်) အမှားအတိုင်းဘဲ ထွက်လာမှာမို့ ပြောဖို့တော့ မမေ့ပါနဲ့နော်။ ***

 အထူးသတိပြုရမည့် အချက်များ..Ø
စာမေးပွဲခန်းထဲမှာ လက်ကိုင်ဖုန်း၊ လျှပ်စစ်အဘိဓာန်၊ အသံဖမ်းစက်၊ Smart Watch နာရီတွေ၊ လျှပ်စစ်ပစ္စည်းတွေကို လုံး၀ (လုံးဝ) မယူဖို့ အထူးတားမြစ်ပါတယ်။

စာဖြေခန်းထဲ စာမေးပွဲချိန်မှာ မိမိလက်ဝယ် ဖုန်းရှိနေတာတို့၊ ဖုန်းသံမြည်လာတာတို့ (Vibration လည်းမရပါဘူး)ဆိုရင် ပြစ်မှုကျူးလွန်စာရင်းထဲ ပါမှာဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့စာဖြေသူရဲ့ အောင်စာရင်းကို ထုတ်ပေးမှာ မဟုတ်လို့ အထူးသတိပြကြုပါနော်။
စာမေးပွဲ ဖြေဆိုချိန်မှာ မိမိရဲ့လွယ်အိတ်/ ပစ္စည်းများကို စာဖြေခန်း အရှေ့ (သို့) အပြင်မှာ ထားခဲ့ရမှာမို့ တန်ဖိုးကြီး ပစ္စည်းတွေပါလာတာဆိုရင် ပျောက်တာမျိုးဖြစ်မှာစိုးတဲ့အတွက် မယူလာခဲ့ဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံးဘဲဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲ (JLPT) ကို ရမှတ်ပြည့်နဲ့ ဖြေဆိုနိုင်ကြပါစေ။

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း

18-May-2018
1. ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံကာလတိုးမြှင့်ခြင်း (သင်တန်းကျောင်း) 2. ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံကာလတိုးမြှင့်ခြင်း (တစ်ဦးချင်း) 3. ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း
visitors :      215,631