Myanmar Association of Japan Alumni ( MAJA )

MAJA Announcement: Applications are invited for 2017 NIYE Junior Program - Applications are to be submitted (during office hours) during the period of 12th July to 4th August 2017 at MAJA Office.


2017 NIYE Junior Program ( National Institution for Youth Education)အတွက်လျောက်လွှာခေါ်ယူခြင်း

လက်တွေ့လုပ်ဆောင်မှုများမှတစ်ဆင့် လူငယ်များ၏ အတွေးအခေါ်များတိုးတက်စေရန် နှင့် ASEAN နိုင်ငံများမှ လူငယ်များဂျပန်နိုင်ငံအကြောင်းကိုပိုမိုသိရှိ၊ စိတ်ဝင်စားလာစေရန် ရည်ရွယ်ပြီး2016 NIYE Junior Program ဖြင့် NIYE မှ အကုန်အကျခံကာဂျပန်နိုင်ငံသို့ ၁၀ရက်ကြာ( 20thNovember to 28th , 2017 ) သွားရောက်ရမည့် အစီအစဉ်ဖြစ်ပါသည်။

{ Main event in each program}
- Visiting Junior High School, Interact with Japanese Student
- Learning Japanese Cultures
- Homestay
- Presentation day in Tokyo
စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံပါကလာရောက်လျောက်ထားနိုင်ပါသည်။

၁။ 2nd April 2001 မှ 1st April 2004 အတွင်းမွေးဖွားသူဖြစ်ရမည်။

၂။ အင်္ဂလိပ်လိုပြောဆိုဆက်ဆံနိုင်ရမည်။

၃။ အင်္ဂလိပ်ဘာသာဖြစ်ရေးသားနိုင်ရမည်။ (စာစီစာကုံးနှင့် စစ်တမ်းမေးခွန်းများကိုရေသားတင်ပြရန်လိုအပ်သောကြောင့်

၄။ ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုများကို စိတ်ပါဝင်စားစွာ လေ့လာချင်စိတ်ရှိသူ ဖြစ်ရမည်။

၅။ဂျပန်နိုင်ငံမှ အသစ်အသစ်သောအရာ (အစားအစာစသည်…)များကိုသိရှိလိုသူဖြစ်ရမည်။

၆။ မိမိနိုင်ငံ၏ ယဉ်ကျေးမှုများကိုလည်းတစ်ခြားနိုင်ငံမှ ကျောင်းသားကျောင်းသူများကို ပြန်လည်ဝေမျှပေးနိုင်ရမည်။

၇။ အုပ်စုလိုက်လှုပ်ရှားလုပ်ကိုင်တတ်သူဖြစ်ရမည်။

၈။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

၉။ Myanmar Association of Japan Alumni ( MAJA ) နှင့် Youth Outdoor Learning Center or Youth Friendship Center တို့မှ ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများကိုလေးစားလိုက်နာရမည်။

၁၀။ ခရီးစဉ် အစအဆုံးလိုက်ပါနိုင်သူဖြစ်ရမည်။ (ပြည်ပထွက်ခွာမှ ပြည်တွင်းပြန်လည်ဆိုက်ရောက်သည်အထိ)

၁၁။ မြန်မာနိုင်ငံကူးလက်မှတ် လက်ဝယ်ရှိသူဖြစ်ရမည်။

၁၂။ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းသားတစ်ဦးမှ ထောက်ခံပေးရပါမည်။

လျောက်လွှာလက်ခံရက် - 12.7.2017 (Wed) မှ 4.8.2017 (Fri)
( နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်းလာရောက်လျောက်ထားနိုင်ပါသည်။
စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များပိတ်သည်။)

- လျောက်လွှာများကိုMAJA Office တွင် လာရောက်ထုတ်ယူရမည်။
- ၃လအတွင်း ရိုက်ကူးထားသော3 x 4 cm ရှိသောဓါတ်ပုံတစ်ပုံ
(ဓါတ်ပုံနောက်ကျောတွင် အမည်ရေးသားထားရမည်)
- ကျောင်းသားဖြစ်ကြောင်းကျောင်းထောက်ခံချက်
- နိုင်ငံကူးလက်မှတ် မိတ္တူ
- မှတ်ပုံတင် မိတ္တူ A4 (စာရွက်ပေါ်တွင် အပေါ်/အောက် ကူးပေးရန်)
- MAJA အသင်းသားတစ်ဦးထောက်ခံစာ

လျောက်လွှာတင်ရမည့်နေရာ- Myanmar Association of Japan Alumni (MAJA)
Pearl Condominium, Room(707), Building (C), Kaba Aye PagodaRoad, Bahan Township, Yangon,
09-8612151,
09-262602121

18-May-2018
1. ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံကာလတိုးမြှင့်ခြင်း (သင်တန်းကျောင်း) 2. ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံကာလတိုးမြှင့်ခြင်း (တစ်ဦးချင်း) 3. ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း
visitors :      215,614