(1) Candidates are required to submit application forms for 13th Japanese Literature Translation Contest & 3rd Japanese Story Translation Competition (2018). For more details, click on HOT NEWS tab of the web page. (2) Please view photos of Honda YES awarding ceremony on GALLERY page.
၁၃ ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ နှင့် တတိယ ကြိမ်မြောက် ဂျပန်ပုံပြင် ဘာသာပြန်ပွဲ(၂၀၁၈)
------------------------------------------------------------------------------------------------------------------------------------------------------
၁။ လျှောက်လွှာလက်ခံရက်
၂၀၁၈ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့အထိလျှောက်လွှာပုံစံများကို လူကိုယ်တိုင်လာရောက်ထုတ်ယူ၍ ဖြစ်စေ ဖော်ပြပါရှိသည့် လျှောက်လွှာကို Download လုပ်၍ ဖြစ်စေ သတ်မှတ်နေရာများသို့ လျှောက်လွှာလက်ခံရက်အတွင်း လာရောက် လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်လွှာတင်ရမည့်နေရာများ
ရန်ကုန်မြို့ ။ ။ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
( နံနက် ၉း၃၀နာရီမှ ညနေ ၄း၀၀နာရီ အထိ၊ စနေနေ့နှင့် တနင်္ဂနွေ ဖွင့်သည်)
အခန်း(၇၀၇)၊ တိုက်(စီ)၊ ပုလဲကွန်ဒို၊
ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
(ဖုန်း - ၀၉ ၄၂၈၆၁၂၁၅၁ ။ ၀၉၂၆၂၆၀၂၁၂၁)
မန္တလေးမြို့ ။ ။ HITO Centre
( နံနက် ၉း၃၀နာရီ မှ ညနေ ၄း၀၀နာရီ အထိ၊ စနေနေ့နှင့် တနင်္ဂနွေနေ့ ဖွင့်သည်)
လမ်း(၈၀) နှင့် (၁၂)လမ်းထောင့်၊ မန္တလေးမြို့။
(ဖုန်း - ၀၂ - ၃၁၇၆၂၊ ၀၉ ၂၅၈၈၃၉၄၂၈)
၃။ ယှဉ်ပြိုင်ရမည့်နေ့စွဲနှင့်အချိန်
၂၀၁၈ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ (စနေနေ့)
နံနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီအထိ
(ပါဝင်ယှဉ်ပြိုင်သူအားလုံးသက်ဆိုင်ရာစာဖြေဌာနသို့ နံနက် ၈း၃၀ နာရီ အရောက်လာရမည်။)
၄။ ပြိုင်ပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့ ။ ။ MAJA Center
မန္တလေးမြို့။ ။ HITO Centre
၅။ ပါဝင်ယှဉ်ပြိုင်နိုင်သူ
(၁) မြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဂျပန်နိုင်ငံ၏မသင်မနေရပညာရေးစနစ်အား ၃နှစ် နှင့်အထက်သင်ယူဖူးသူမဖြစ်ရ။
(၃) ယခင်ဘာသာပြန်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသူများမဖြစ်ရ။
(၄) အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုသည်။
(၅) ၁၃ ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (၂၀၁၈)
ဂျပန်ဘာသာအရည်အချင်း N1 (သို့) N2 အဆင့်ရှိသော စကားလုံးများပါဝင်မည်ဖြစ်ပါသည်။
တတိယ ကြိမ်မြောက် ဂျပန်ပုံပြင်ဘာသာပြန်ပွဲ (၂၀၁၈)
ဂျပန်ဘာသာအရည်အချင်း N3 အဆင့်ရှိသော စကားလုံးများပါဝင်မည်ဖြစ်ပါသည်။
၆။ သတိပြုရမည့်အချက်များ
* ယှဉ်ပြိုင်မည့်နေ့တွင် လိုအပ်သောစာရေးကိရိယာ ခဲတံ၊ ဘောပင်၊ ခဲဖျက်)နှင့် အဘိဓါန်
(အီလက်ထရောနစ်အဘိဓါန်) အစရှိသည်တို့ကို ယူဆောင်လာရမည်။
* စာရေးကိရိယာနှင့် အဘိဓါန်မှအပ အခြားအပိုပစ္စည်းများ(လက်ကိုင်ဖုန်းအပါအဝင်)ယူဆောင်ခွင့်မပြုပါ။
* သတ်မှတ်ထားသောအချိန်အတွင်း ပြီးဆုံးအောင်ဘာသာမပြန်နိုင်ပါက အမှတ်ပေးအကဲဖြတ်ခြင်း
ခံရမည်မဟုတ်ပါ။
၇။ ဆုရရှိသူများ၏အမည်စာရင်းကို MAJA ရုံးတွင် ကြေညာပေးမည်ဖြစ်ပြီး ဖုန်းနှင့်လည်း အကြောင်းကြားပါမည်။
ဆုပေးပွဲကို ဂျပန်စကားပြောပြိုင်ပွဲ နှင့် အတူကျင်းပပါမည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
အခန်း(၇၀၇)၊ တိုက်(စီ)၊ ပုလဲကွန်ဒို၊
ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ။ ၀၉ ၄၂၈၆၁၂၁၅၁ ၊ ၀၉၂၆၂၆၀၂၁၂၁
Form download here: /maja/upload/files/3rd%20Jap%20Story%20Contest%20form.doc
Japanese Literature Translation Contest ကို ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ Top 5 ကိုရွေးချယ်မှာ ဖြစ်ပါတယ်။ ရွေးချယ်ထားသော Top 5 သည် သတ်မှတ်ထားသော အချက်အလက်များနဲ့ကိုက်ညီပါက Japan နိုင်ငံသို့သွားရောက်နိုင်မည့် အခွင့်အရေးရရှိမှာဖြစ်ပါတယ်။
- Japanese Story Translation Competition ကိုဝင်ရောက်ယှဉ်ပြိုင်သူများ အတွက်ကတော့ အထူးချွန် ဆုံး 3 ဦးကို ရွေးချယ်ပြီးဆုများချီးမြျင့်ပေးသွားမှာဖြစ်ပါတယ်။
မှတ်ချက်။ ။ ပြိုင်ပွဲအတွက် Form များကို 1.2.2018 မှ 16.2.2018 အထိပိတ်ရက်မရှိလက်ခံပေးမည်ဖြစ် သော်လည်း 12.2.2018 (ပြည်ထောင်စုနေ့) ကိုတော့ ရုံးပိတ်မည်ဖြစ်ပါသောကြောင့် Form လက်ခံပေး မည်မဟုတ်ကြောင်းကိုလဲကြိုတင်အသိပေးအပ်ပါသည်။.
MAJA