Candidates can submit application forms for the Study of International Japanese Language (2018) at Thailand. For more information, click on HOT NEWS tab of the web page.
ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ဂျပန်ဘာသာ လေ့လာသူများစခန်း (၂၀၁၈) အတွက် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
ပါဝင်နိုင်သူ
(၁) ကျောင်းသား (၅ ဦး မှ ၆ ဦး အထိ)
• အထက်တန်းတွင် ပညာသင်ကြားနေသူ
• ဂျပန်ဘာသာအရည်အချင်း N5 နှင့်အထက်ရှိသူ
• အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူ
• ကျောင်းနှင့် မိဘအုပ်ထိန်းသူထံမှ စခန်းသွင်း ပါဝင်ရန်ခွင့်ပြုချက်ရရှိထားသူ
(၂) ဆရာ (၁ ဦး)
• ဂျပန်ဘာသာသင်ကြားနေသော ဆရာဖြစ်သူ
• ဂျပန်ဘာသာအရည်အချင်း N4 နှင့်အထက်ရှိသူ
• သက်ဆိုင်သောကျောင်းမှ စခန်းသွင်း ပါဝင်ရန်ခွင့်ပြုချက်ရရှိထားသူ
အစီအစဉ်(အကြမ်း)
၂၀၁၈ခုနှစ် ဧပြီလ သွားရောက်မည့် ဆရာကို စခန်းသွင်းမည်။
၂၀၁၈ခုနှစ် မေလ ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ဂျပန်ဘာသာ လေ့လာသူများစခန်း (၂၀၁၈) အစီအစဉ်
*စခန်းသွင်းကာလအတွင်း နေထိုင်စရိတ် နှင့် စားသောက်စရိတ်ကို အဖွဲ့အစည်းဘက်မှ တာဝန်ယူပါမည်။
*မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်မည့် အသွားအပြန်ခရီးစရိတ်နှင့် တခြားမိမိအသုံးစရိတ်များကို
သွားရောက်မည့်သူ (ကျောင်းသား၊ဆရာ) မှ တာဝန်ယူနိုင်သူ ဖြစ်ရမည်။
စိတ်ဝင်စားသူများ လာရောက်လျှောက်ထားနိုင်သည်။
လျှောက်လွှာလက်ခံရက်
19.2.2018 (တနင်္လာနေ့)မှ 28.2.2018.(ဗုဒ္ဒဟူး) အထိ
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း
အခန်း(၇၀၇)၊တိုက် (C) ၊ ၇လွှာ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ၀၉၄၂၈၆၁၂၁၅၁၊ ၀၉ ၂၆၂၆၀၂၁၂၁။