Thanks are due to all those who attended the Japanese Education Workshop held on 27th January at MAJA Center.
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခြင်း
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် MAJA နှင့် Japan Foundation (Bangkok) တို့ပူးပေါင်းကာ ဂျပန်ဘာသာသင်ကြားရေးဆိုင်ရာ အထောက်အကူပြုဆွေးနွေးပွဲ (Japanese Education Workshop) ကို MAJA Center တွင် ကျင်းပခဲ့ပါသည်။ ယင်းပွဲတွင် ဂျပန်ဘာသာ အရည်အချင်းအဆင့် N3 နှင့် အထက်ရှိသော ဂျပန်ဘာသာသင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ပြီး Mr.Satoshi SEKIYAMA နှင့် Ms.Rasa SEVIKUL တို့က How to make Japanese paper examination ခေါင်းစဉ်ဖြင့် သင်ကြားပို့ချခဲ့ပါသည်။ ဆွေးနွေးပွဲကို MAJA ဥက္ကဌ ဒေါ်စီစီရှီန်မှ အဖွင့်အမှာစကားပြောကြားကာ စတင်ခဲ့ပါသည်။ ဆွေးနွေးပွဲပြီးဆုံးချိန်တွင် တက်ရောက်သူများအား Certificate များ ပေးအပ်၍ MAJA ဥက္ကဌ ဒေါ်စီစီရှီန်မှ ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲမှာအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ယခုကဲ့သို့ မအားလပ်သည့်ကြားမှ တက်ရောက်ပေးကြသည့်အတွက် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆွေးနွေးပွဲ တက်ရောက်သူများအား MAJA မှ အထူးကျေးဇူးတင်ရှိပါသည်။
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း