Applications are invited for JLPT which will be held in Yangon and Mandalay on 1st July 2018. For more details, click on HOT NEWS tab of the page.
ရန်ကုန် နှင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ
JLPT 2018 JULY
ဇူလိုင်လ၁ရက်နေ့ရန်ကုန် နှင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာများကိုအောက်ပါအစီအစဉ်အတိုင်းလက်ခံသွားပါမည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၁) ရက် (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့် နေရာ
ရန်ကုန်မြို့ နှင့် မန္တလေးမြို့။
၃။ လျှောက်လွှာအရောင်းကာလ (ရန်ကုန်)
၂၁.၂.၂၀၁၈ (ဗုဒ္ဓဟူးနေ့) မှ ၁.၃.၂၀၁၈ (ကြာသပတေးနေ့)
လျှောက်လွှာလက်ခံကာလ (ရန်ကုန်)
၅.၃.၂၀၁၈ (တနင်္လာနေ့) မှ ၁၂.၃.၂၀၁၈ (တနင်္လာနေ့)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ပြန်ထုတ်ကာလ (ရန်ကုန်)
၁၃.၃.၂၀၁၈ (အင်္ဂါနေ့) မှ ၃၀.၃.၂၀၁၈ (သောကြာနေ့)
နေရာ - MAJA Office
MAJA Centre
G-21, G-22၊၊ (၂)လွှာ၊ တိုက် (စီ)၊ပုလဲကွန်ဒိုကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း- 09 428612151 , 09 262602121
၄။ လျှောက်လွှာအရောင်းကာလ (မန္တလေး)
၂၆.၂.၂၀၁၈ (တနင်္လာနေ့) မှ ၂.၃.၂၀၁၈ (သောကြာနေ့)
လျှောက်လွှာလက်ခံခြင်း နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား ပြန်လည်ထုတ်ယူခြင်းကာလ (မန္တလေး)
၂.၃.၂၀၁၈ (သောကြာနေ့) မှ ၅.၃.၂၀၁၈ (တနင်္လာနေ့)
နေရာ- HITO Center
၁၂ လမ်းနှင့် ၈၀ လမ်းထောင့် ၊ မန ္တလေးမြို့။ ဖုန်း - 02 31762, 09 258839428
၅။ လျှောက်လွှာကြေး - တစ်စောင် = 1000 Ks
၆။ **၂၀၁၈ ခုနှစ်မှစ၍စာမေးပွဲကြေးများအပြောင်းအလဲရှိပါသည်။**
စာမေးပွဲကြေး -N 1, N2, N3- 25000 Ks
N4, N5 - 20000 Ks
-------------------------------------------------------------------------------------------------------
လျှောက်လွှာလက်ခံမည့် နည်းလမ်းများ
၁။ လူကိုယ်တိုင်လာရောက်လျှောက်ထားခြင်း။
အထက်ဖော်ပြပါနေရာများတွင် လျှောက်လွှာတစ်စောင် (၁၀၀၀ ကျပ်) ဖြင့် ရယူပြီး လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ မှတ်ပုံတင် မိတ္တူ နှင့် အတူလူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။၏
မှတ်ချက်။ ။ ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီးလာရောက်လျှောက်ထားပါက ဖြေဆိုမည့့််ကျောင်းသား/သူ၏ အမည်၊ မွေသက္ကရာဇ်ကိုစာရင်းပြုစုထားသောစာရွက် နှင့်အတူ ၎င်းတို့၏ မှတ်ပုံတင် မိတ္တူပါ ပူးတွဲတင်ပေးရပါမည်။
၂။ E-mail ဖြင့်လျှောက်ထားခြင်း။
(က) လျှောက်လွှာများကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး Web Link http://www.mm.emb-japan.go.jp/…/mya…/news/2016/new-26.htmlမှ အခမဲ့ Download ရယူပြီး Computer ဖြင့် လိုအပ်သည့်အချက်အလက်များ ဖြည့်သွင်းပြီးလျှောက်လွှာနှင့် မှတ်ပုံတင် မိတ္တူကို[email protected]သို့ Attachmentတွဲပြီးပေးပို့လျှောက်ထားပါ။ လျှောက်လွှာလက်ခံရရှိသည့်အကြောင်းကြားစာရပြီးလျှင် အထက်ဖော်ပြပါ လျှောက်လွှာလက်ခံသည့်နေရာများသို့ လျှောက်လွှာလက်ခံကာလအတွင်းစာမေးပွဲကြေးပေးသွင်းပြီးလျှောက်ထားပါ။ (စာမေးပွဲကြေးကိုအထက်ပါလျှောက်လွှာလက်ခံမည့်နေရာများတွင် ပေးသွင်းပြီးမှသာခုံနံပါတ်ရရှိမည်ဖြစ်ပါသည်။)
(ခ) လျှောက်ထားပြီး ၂၄ နာရီအတွင်း အကြောင်းပြန်ကြားချက် မရပါက တိုက်ရိုက်ဖုန်းဆက်ပြီးဆက်သွယ်ပါ။
၃။ ရန်ကုန်မြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို အထက်ဖော်ပြပါသတ်မှတ်ရက် အတွင်း ပြန်လည်ထုတ်ယူရပါမည်။
၄။ မန္တလေးမြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို လျှောက်လွှာမည့် လက်ခံကာလအတွင်း တစ်ပါတည်း ပြန်လည်ထုတ်ယူနိုင်ပါမည်။
အသေးစိတ်သိရှိလိုသည်များကို MAJA Facebook နှင့်ဂျပန်သံရုံး Website တွင် ဝင်ရောက်ကြည့်ရှူ့နိုင်ပါသည်။v
www.facebook.com/MyanmarAssociationofJapanAlumni
http://www.mm.emb-japan.go.jp/…/myanm…/news/2016/new-26.html
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ နှင့် ပါတ်သက်၍ အသေးစိတ်သိရှိလိုပါကØ
ဖုန်း- ၀၉ ၉၆၂၇၅၁၃၇၃သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)