Myanmar Association of Japan Alumni ( MAJA )

Calling for proposals for selection of new executive committee members: For more details, click on HOT NEWS tab of the page.


သို့
အသင်းသူအသင်းသားများ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ရန်ကုန်မြို့

အကြောင်းအရာ ။ အလုပ်အမှုဆောင်အသစ် ရွေးချယ်ခံရန်အတွက် အဆိုပြုလွှာတောင်းခံခြင်း။

၁။ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၆-၂၀၁၈) သည် ၂၀၁၈ ခုနှစ် မတ်လတွင် သက်တမ်း ၂ နှစ် ပြည့်မည်ဖြစ်ပါသည်။ အသင်း၏အခြေခံစည်းမျဉ်းများနှင့် ဖွဲ့စည်းပုံ အခန်း(၅)၊ အပိုဒ်(၁၇)(ဆ)အရ အမှုဆောင်သက်တမ်း(၂)နှစ် ကုန်ဆုံးသည့်အခါတိုင်း အလုပ်အမှု ဆောင်အသစ် ၂၀% ဖြင့် အစားထိုးဖြည့်စွက်ရမည်ဖြစ်ရာ အမှုဆောင် ၁၅ဦး၏ ၂၀% ဖြစ်သော အမှုဆောင်အသစ် (၃)ဦးကိုရွေးချယ်ရမည်ဖြစ်ပါသည်။ အသင်း၏အခြေခံစည်းမျဉ်းများနှင့် ဖွဲ့စည်းပုံ အခန်း(၅)၊ အပိုဒ်(၁၇)(ခ)အရ အလုပ်အမှုဆောင်တစ်ဦးသည် သက်ဆိုင်ရာ Alumni ၏ ကိုယ်စားလှယ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သဖြင့် ထပ်မံ၍ ကိုယ်စားလှယ်တစ်ဦး လျော့နည်းသွားသည့် အတွက် ကိုယ်စားလှယ်(၁)ဦး ထပ်မံရွေးချယ်ရမည်ဖြစ် ပါသည်။ ထိုကြောင့် အလုပ်အမှု ဆောင်အသစ် စုစုပေါင်း (၄)ဦးကို ရွေးချယ်ရမည်ဖြစ်ပါသည်။

၂။ အလုပ်အမှုဆောင်ရွေးချယ်ခန့်ထားခြင်းနှင့် ပတ်သက်၍ အခန်း(၃) အပိုဒ်(၁၁)(က)တွင် သာမန် အသင်းသားများသည် ဆန္ဒမဲပေးပိုင်ခွင့်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်ရွေးချယ်ခံပိုင်ခွင့်ရှိသည်။ အခန်း(၃) အပိုဒ်(၁၀)(က)တွင် အသင်း၏ရည်ရွယ်ချက်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အတွက် အသင်းက ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရမည်ဟု ဖေါ်ပြပါရှိပါသည်။

၃။ အသင်းစည်းမျဉ်း အခန်း(၃) အပိုဒ်(၁၀)(က)၊ အပိုဒ်(၁၁)(က)ပါ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အလုပ်အမှုဆောင်အသစ်အဖြစ် ရွေးချယ်ခံလိုသူ သာမန်အသင်းသားများသည် အဆိုပြုလွှာ၊ ကိုယ်ရေး မှတ်တမ်းနှင့် အတူ လူကိုယ်တိုင် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းသို့ (၁၆.၃.၂၀၁၈) ရက် သောကြာနေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း အကြောင်း ကြားအပ်ပါသည်။

ဥက္ကဌ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

18-May-2018
1. ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံကာလတိုးမြှင့်ခြင်း (သင်တန်းကျောင်း) 2. ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံကာလတိုးမြှင့်ခြင်း (တစ်ဦးချင်း) 3. ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း
visitors :      215,628