Myanmar Association of Japan Alumni ( MAJA )

 Announcement for MEXT Scholarship 2023


ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology (MEXT) မှ 2023 ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့် အောက်ပါ Scholarship Program များအတွက် မေလ () ရက်နေ့မှ စတင်၍ လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

1. Research Students Program

2. Undergraduate Students Program

3. College of Technology Students Program

4. Specialized Training College Students Program

(က) လျှောက်လွှာပုံစံများ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များအပါအ၀င် အသေးစိတ် အချက်အလက်များကို အောက်ပါ link တွင် download ရယူပြီး ကြည့်ရှုလေ့လာလျှောက်ထားနိုင်ပါသည်။

https://www.mm.emb-japan.go.jp/files/100339349.pdf

Undergraduate Student Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၅၀ နှင့် အထက် (သို့မဟုတ်) Cambridges International (A) Level, iGCSE, GCE (A) Level, စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ*တွင် အမှတ်ပေါင်း ၇၅% အထက် ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။

College of Technology Training Student Program နှင့် Specialized Training College Students Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၂၀ နှင့် အထက် (သို့မဟုတ်) Cambridges International (A) Level, iGCSE, GCE (A) Level, စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ*တွင် အမှတ်ပေါင်း ၇၀% အထက် ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။

(*) နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက MAJA ရုံးခန်းသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

() မိမိနှင့်ကိုက်ညီသော Scholarship Program ကို အောက်ဖေါ်ပြပါအစီအစဥ်အတိုင်း လျှောက်ထားနိုင် ပါသည်။

၁။ လျှောက်လွှာလက်ခံရက်

May 2, 2022 မှ May 16, 2022 ညနေ ၄း၀၀ နောက်ဆုံးထား၍ လျှောက်ထားရန်။

၂။ လျှောက်ထားရမည့်ပုံစံ

သတ်မှတ်ရက်နှင့်အချိန်အတွင်း အောက်ဖေါ်ပြပါ Google Form ဖြင့်သာ လျှောက်ထားနိုင်ပါသည်။

for Research Student Program

https://forms.gle/ZaV8eaDa63TEScMK6

for Undergraduate Student Program

https://forms.gle/gPQK54N9UiedHP1E9

for College of Technology Training Student Program

https://forms.gle/UPo3yVhRx8DaBB9a6

for Specialized Training College Student Program

https://forms.gle/mfQ3MU5eCWiPTZUg9

() MAJA မှ အောက်ဖေါ်ပြပါ အဆင့်()ဆင့်ဖြင့် ပဏာမရွေးချယ်ပါမည်။

() လျှောက်ထားသော Google Form ရှိ အချက်အလက်များနှင့် ပညာအရည်အချင်းအား စိစစ်ခြင်း။

() ဂျပန်နိုင်ငံ၏ MEXT (Ministry of Education, Culture, Sports, Science and Technology) မှ သတ်မှတ်ထားသောလျှောက်လွှာနှင့် ပညာအရည်အချင်းစသော လိုအပ်သည့်စာရွက်စာတမ်းများကို email ဖြင့် လက်ခံ၍ စိစစ်ခြင်း။

*** Research Students Program အတွက်လျှောက်ထားသူများအား သတ်မှတ်ထားသောခေါင်းစဥ်ဖြင့် ရေးသားထားသော Essay နှင့် Research Plan ကို လည်းအကဲဖြတ်ပါမည်။***

() အောက်ပါသက်ဆိုင်ရာရေးဖြေစာမေးပွဲဖြင့်အကဲဖြတ်ခြင်း။

1. Research Students

(English and Japanese Language)

2. Undergraduate Students

(English Language, Japanese Language, Math and Science Subjects)

3. College of Technology Students

(English Language, Japanese Language, Math and Science Subjects)

4. Specialized Training College Students

(English Language, Japanese Language and Math)

() လူတွေ့စစ်ဆေး အကဲဖြတ်ခြင်း။

() ပဏာမအဆင့်အောင်မြင်သူများကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဆက်လက်စစ်ဆေးရွေးချယ်ခြင်း များပြုလုပ်မည်ဖြစ်ပါသည်။

() လက်ရှိဖြစ်ပွားနေသော COVID – 19 နှင့် လက်ရှိအခြေအနေများပေါ် မူတည်၍ စာမေးပွဲကျင်းပမည့် ရက်နှင့် အစီအစဉ်ကို MAJA Facebook Page တွင်ကြေငြာပေးသွားမည်ဖြစ်ပါသည်။

http://www.facebook.com/MyanmarAssociationOfJapanAlumniMAJA

() MEXT Scholarship 2023 အတွက် လျှောက်ထားသူများ/ ရွေးချယ်ခံရသူများအနေဖြင့်လည်း ယခုဖြစ်ပွားလျက်ရှိသော Covid – 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ၏ အခြေအနေများပေါ် မူတည်၍ ပြောင်းလဲမှုများ ရှိလာနိုင်သည်ကိုလည်း ကြိုတင် အသိပေးအပ်ပါသည်။

() အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်း တယ်လီဖုန်းအမှတ် ၀၉-၂၆၂၆၀၂၁၂၁ ၀၉-၄၂၈၆၁၂၁၅၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း

MAJA

Posted Under by: Awards | MEXT

02-May-2022
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,716