Announcement for MEXT Scholarship 2023 (နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲနှင့် ပတ်သက်၍)
ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology (MEXT) မှ Undergraduate Scholarship Program ၏ အရည်အချင်းသတ်မှတ်ချက်နှင့် ပတ်သက်၍ မေလ (၂) ရက်နေ့တွင် အောက်ဖော်ပြပါအတိုင်း ကြေငြာခဲ့ပါသည်။
Undergraduate Student Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၅၀ နှင့် အထက် (သို့မဟုတ်) Cambridges International (A) Level, iGCSE, GCE (A) Level, စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ*တွင် အမှတ်ပေါင်း ၇၅% အထက် ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။
College of Technology Training Student Program နှင့် Specialized Training College Students Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၂၀ နှင့် အထက် (သို့မဟုတ်) Cambridges International (A) Level, iGCSE, GCE (A) Level, စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ*တွင် အမှတ်ပေါင်း ၇၀% အထက် ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။
နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများတွင် ဂျပန်နိုင်ငံ JASSO မှ ပြုလုပ်သော EJU (Examination for Japanese University Admission for International Students) လည်း ပါဝင်ပါသည်။ EJU စာမေးပွဲဖြေဆိုပြီး မြင့်မားသောအမှတ်ရရှိထားသော ကျောင်းသားများသည်လည်း ပညာသင်ဆုအား လျှောက်ထားနိုင်ကြောင်း ဖြည့်စွက်အသိပေးအပ်ပါသည်။
နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ထားသူများသည် လျှောက်ထားနိုင်သည့် အရည်အချင်းနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက MAJA ရုံးခန်းသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
ပညာသင်ဆုလျှောက်ထားခြင်း လမ်းညွှန်အား မူရင်းကြေငြာချက်တွင် ကြည့်ရှုနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်း တယ်လီဖုန်းအမှတ် ၀၉-၂၆၂၆၀၂၁၂၁ ၊ ၀၉-၄၂၈၆၁၂၁၅၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း
MAJA
Posted Under by: Awards | MEXT
12-May-2022