1. Research Students Program ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ စာရင်း ကြေငြာခြင်း နှင့် 2.Undergraduate/ College of Technology/ Specialized Training Students Program များအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ စာရင်း ကြေငြာခြင်း
1. Research Students Program ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းကြေငြာခြင်း
၁။ ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology ( MEXT ) မှ 2023 ပညာသင်နှစ်အတွက် ပေးအပ်မည့် Scholarship Program များအတွက် May 2, 2022 မှ May 16, 2022 ညနေ ၄း၀၀ နာရီအထိ လျှောက်ထားခဲ့သောလျှောက်လွှာများအား သတ်မှတ်ထားသော အသက်၊ ပညာအရည်အချင်း စသည့်အချက်များ ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီး Research Students Program အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများကို ကြေငြာအပ်ပါသည်။
**မှတ်ချက် (၁) ။ အမည်စာလုံးပေါင်းများမှာ Google Form တွင် လျှောက်ထားသည့်အတိုင်း ဖေါ်ပြထား ပါသည်။
**မှတ်ချက် (၂) ။ အမည်များကို အင်္ဂလိပ်အက္ခရာစဥ်အလိုက် ဖေါ်ပြထားပါသည်။
**မှတ်ချက် (၃) ။ Scholarship Program တစ်ခုထက်ပို၍ လျှောက်ထားသူများသည် မိမိနှစ်သက်ရာ တစ်ခုသာ ၀င်ရောက်ဖြေဆိုခွင့်ရှိပါသည်။
၂။ Scholarship Program များအတွက် သက်ဆိုင်ရာရေးဖြေစာမေးပွဲဖြင့် အကဲဖြတ်ရန်အတွက် Zoom Application ကိုအသုံးပြု၍ Online စာမေးပွဲကို ပူးတွဲပါအစီအစဉ်အတိုင်းကျင်းပပါမည်။
၃။ Natural Sciences ဘာသာရပ်များအား လျှောက်ထားသူများသည် English ဘာသာ အား ဖြေဆိုရမည် ဖြစ်ပါသည်။ Social Sciences ဘာသာရပ်များအား လျှောက်ထားသူများသည် English သို့မဟုတ် Japanese မှ မိမိနှစ်သက်ရာဘာသာ တစ်ခုအား ရွေးချယ်ဖြေဆိုခွင့် ရှိပါသည်။
၄။ စာမေးပွဲနှင့်ပတ်သက်သော စည်းကမ်းချက်များနှင့် စာမေးပွဲဖြေဆိုရာတွင်အသုံးပြုမည့် Zoom Link များကို Google Form တင်စဉ်က ဖြည့်သွင်းထားသည့် Email သို့ June 1, 2022 နေ့တွင် ပေးပို့မည်ဖြစ်ပါသည်။
၅။ ယခုလက်ရှိ ဖြစ်ပေါ်နေသောအခြေအနေပေါ်မူတည်၍ စာမေးပွဲအစီအစဉ်များ အပြောင်းအလဲ ရှိနိုင် သည်ကို နားလည်ပေးပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
2. Undergraduate/ College of Technology/ Specialized Training Students Program များအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း ကြေငြာခြင်း
၁။ ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology ( MEXT ) မှ 2023 ပညာသင်နှစ်အတွက် ပေးအပ်မည့် Scholarship Program များအတွက် May 2, 2022 မှ May 16, 2022 ညနေ ၄း၀၀ နာရီအထိ လျှောက်ထားခဲ့သောလျှောက်လွှာများအား သတ်မှတ်ထားသော အသက်၊ ပညာအရည်အချင်း စသည့် အချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီး ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများကို Program တစ်ခုချင်းစီအတွက် ကြေငြာအပ်ပါသည်။
**မှတ်ချက် (၁) ။ အမည်စာလုံးပေါင်းများမှာ Google Form တွင် လျှောက်ထားသည့်အတိုင်း ဖေါ်ပြထား ပါသည်။
**မှတ်ချက် (၂) ။ အမည်များကို အင်္ဂလိပ်အက္ခရာစဥ်အလိုက် ဖေါ်ပြထားပါသည်။
**မှတ်ချက် (၃) ။ Scholarship Program တစ်ခုထက်ပို၍ လျှောက်ထားသူများသည် မိမိနှစ်သက်ရာ တစ်ခုသာ ၀င်ရောက်ဖြေဆိုခွင့်ရှိပါသည်။
၂။ Scholarship Program များအတွက် သက်ဆိုင်ရာရေးဖြေစာမေးပွဲဖြင့် အကဲဖြတ်ရန်အတွက် Zoom Application ကိုအသုံးပြု၍ Online စာမေးပွဲကို ပူးတွဲပါအစီအစဉ်အတိုင်းကျင်းပပါမည်။
၃။ စာမေးပွဲနှင့်ပတ်သက်သော စည်းကမ်းချက်များနှင့် စာမေးပွဲဖြေဆိုရာတွင်အသုံးပြုမည့် Zoom Link များကို Google Form တင်စဉ်က ဖြည့်သွင်းထားသည့် Email သို့ June 1, 2022 နေ့တွင် ပေးပို့မည်ဖြစ်ပါသည်။
၄။ ယခုလက်ရှိဖြစ်ပေါ်နေသောအခြေအနေများပေါ် မူတည်၍ စာမေးပွဲအစီအစဉ်များ အပြောင်းအလဲရှိနိုင် သည်ကို နားလည်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
Posted Under by: Awards | MEXT
09-Jun-2022