IUCHI Full Scholarship 9th Batch အတွက် လျှောက်လွှာတင်ရန် စည်းမျဉ်း စည်းကမ်းများ ထွက်ရှိလာပါပြီ ။
စည်းမျဉ်းစည်းကမ်းများ အသေးစိတ်ကို သေသေချာချာ ဖတ်ရှုစေလိုပါသည်ခင်ဗျာ ။ လျှောက်လွှာ ကို အဂ်လိပ်လိုဖြင့် ရေးရန်။
စည်းကမ်းချက်ကိုက်ညီသူများအနေဖြင့် အောက်ပါလျှောက်လွှာလက်ခံကာလ အတွင်း တင်ရမည့်စာရွက် စာတမ်းများကို စုံလင်စွာ ဖြည့်သွင်းကာ အောက်ပါလျှောက်လွှာ တင်ရမည့် နည်းလမ်းအတိုင်း လျှောက်လွှာတင်ကြပါခင်ဗျာ.. ။
လျှောက်လွှာလက်ခံကာလမှာ
(၂၀၂၂ ) ခုနှစ် ဇွန်လ ( ၁) ရက်နေ့ မှ (၂၀၂၂ ) ခုနှစ် ဇွန်လ ( ၂၃) ရက်နေ့ ညနေ (၅) နာရီအထိ ၀င်လာသော email ဖြင့် လျှောက်ထားသူများကိုသာ လက်ခံမည် ဖြစ်ပါတယ်ခင်ဗျာ ။
လျှောက်လွှာတင်ရမည့်နည်းလမ်းမှာ
သတ်မှတ်ကာလအတွင်း စည်မျဥ်းစည်းကမ်းတွင်ရေးထားသည့် လိုအပ်သော စာရွက်စာတမ်းများကို အစဥ်အတိုင်း သတ်မှတ်ထားသော ဖိုင်ဆိုဒ် ဖြင့် PDF ဖိုင် (ဖိုင်ဆိုဒ် 2Mb အတွင်း) တစ်ခုတည်းအဖြစ် ပြုလုပ်ပြီး အိအုချိဖောင်ဒေးရှင်း (IUCHI Foundation) မြန်မာရုံးဖြစ်သည့် မြဂျပန်စာသင်ကျောင်း ၏ E-Mail လိပ်စာဖြစ်သော [email protected] သို့ Attached File ဖြင့်ပေးပို့လျှောက်ထားရပါမည် ။
အထူးသတိပြုရန်မှာ...
Mail ပို့ပြီးလျှင် မြဂျပန်စာသင်ကျောင်းမှ ဝန်ထမ်း နှင့် စကော်လာလျှောက်သော ကျောင်းသားကိုယ်တိုင် Video Call ဖြင့် ချိတ်ဆက်ကာ တင်သွင်းလိုက်သော စာရွက်စာတမ်းများကိုအတူ စိစစ်မှုပြုလုပ်ရပါမည် ။ ထိုသို့ စီစစ်ပြီးစီးလျှင် Roll No. ထုတ်ပေးပြီးမှသာလျှင် တရား၀င် လျှောက်လွှာတင်ပြီးသား အနေနှင့် အတည်ပြုပါမည်။
စည်းမျဥ်းစည်းကမ်းများကို အသင့်ဖတ်ရူနိုင်ရန် ဓာတ်ပုံဖိုင်အဖြစ် တိုက်ရိုက်တွဲတင်ပေးထားပါတယ်ခင်ဗျာ..
သို့သော် ဖောင်တင်သွင်းသောအခါ PDF ဖိုင်ကို Download ပြုလုပ်ပြီး PDF ဖိုင်အတွင်းက စကော်လာရှစ် Form ကို Print Out လုပ်ပြီး စကော်လာလျှောက်သော ကျောင်းသားကိုယ်တိုင်လက်ရေး(မှင်အမည်း) ဖြင့် ဖောင်ကို သပ်သပ်ရပ်ရပ် ဖြည့်သွင်းကာတင်ရမည်ဖြစ်ပါသည် ခင်ဗျာ ။
စည်းမျဉ်း စည်ကမ်း နှင့် စကော်လာရှစ် Form Pdf Download လုပ်ရန် Link
https://drive.google.com/.../1D8rZdTEYOhezrk5ll62.../view...
Posted Under by: Awards | IUCHI Foundation
30-May-2022