1. Application Announcement for MEXT Scholarship 2024 (Undergraduate, College of Technology, Specialized Training). 2. Application Announcement for MEXT Scholarship 2024 (Research Students Program)
ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology (MEXT) မှ 2024 ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့် အောက်ပါ Undergraduate Students Scholarship Program များအတွက် ဧပြီလ ( ၂၈ ) ရက်နေ့မှ စတင်၍ စာရင်းသွင်းနိုင်ပြီး၊ မေလ (၄) ရက်နေ့မှ လျှောက်လွှာစာရွက်စာတမ်းများကို စတင်လက်ခံမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
1. Undergraduate Students Program
2. College of Technology Students Program
3. Specialized Training College Students Program
(က) လျှောက်လွှာပုံစံများ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များအပါအ၀င် အသေးစိတ် အချက်အလက်များကို အောက်ပါ link တွင် download ရယူပြီး ကြည့်ရှုလေ့လာလျှောက်ထားနိုင်ပါသည်။
(Undergraduate)
https://www.studyinjapan.go.jp/.../smap-stopj...
(College of Technology)
https://www.studyinjapan.go.jp/.../smap-stopj...
(Specialized Training College)
https://www.studyinjapan.go.jp/.../smap-stopj...
Undergraduate Students Program, College of Technology Students Program, Specialized Training College Students Program များနှင့် ပတ်သက်၍ အောက်ပါအတိုင်း လျှောက်ထားနိုင်မည်ဖြစ်ပြီး ဆက်လက် ဖော်ပြထားသည့်အတိုင်း ရွေးချယ်သွားမည် ဖြစ်ပါသည်။
Undergraduate Student Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၅၀ နှင့် အထက် (သို့မဟုတ်) EJU, Cambridges International (A) Level, iGCSE, GCE (A) Level စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ*တွင် အမှတ်ပေါင်း ၆၀% အထက် ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။
College of Technology Training Student Program နှင့် Specialized Training College Students Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၂၀ နှင့် အထက် (သို့မဟုတ်) EJU, Cambridges International (A) Level, iGCSE, GCE (A) Level စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ*တွင် အမှတ်ပေါင်း ၅၀% အထက် ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။
(*) နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက MAJA ရုံးခန်းသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
(ခ) မိမိနှင့်ကိုက်ညီသော Scholarship Program ကို အောက်ဖေါ်ပြပါအစီအစဥ်အတိုင်း လျှောက်ထားနိုင် ပါသည်။
၁။ လျှောက်လွှာလက်ခံရက်
စာရင်းသွင်းခြင်း (Google Form) - April 28th 2023 မှ May 15th 2023 အတွင်း
လျှောက်လွှာပေးပို့ခြင်း - May 4th 2023 မှ May 19th 2023 အတွင်း
(April 28th 2023 မှ May 15th 2023 အတွင်း Google Form တွင် စာရင်းသွင်းထားခြင်းမရှိသည့် လျှောက်လွှာများအား လက်ခံမည်မဟုတ်ပါ။)
၂။ လျှောက်ထားရမည့်နည်းလမ်း
(၂-၁) Google Form တွင် စာရင်းသွင်းခြင်း
သတ်မှတ်ရက်နှင့်အချိန်အတွင်း အောက်ဖေါ်ြပပါ Google Form တွင် အချက်အလက်များကို ဖြည့်သွင်းပြီး စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။
for Undergraduate Student Program
https://forms.gle/v9bYZJVuMo1GZmtE8
for College of Technology Training Student Program
https://forms.gle/5NR5BeKbSMHWHgkf6
for Specialized Training College Student Program
https://forms.gle/y44AsWR3jH7qpzv19
(၂-၂) လျှောက်လွှာပေးပို့ခြင်း
ဂျပန်နိုင်ငံ၏ MEXT (Ministry of Education, Culture, Sports, Science and Technology) မှ သတ်မှတ်ထားသောလျှောက်လွှာနှင့် ပညာအရည်အချင်းနှင့်ပတ်သက်သည့် အောက်ဖော်ပြပါ စာရွက်စာတမ်းများ အား MAJA ရုံးခန်းသို့ လူကိုယ်တိုင်/ကိုယ်စားဖြစ်စေ၊ စာတိုက်မှ တဆင့်ဖြစ်စေ May 19th 2023 ညနေ ၄း၀၀ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။
1. Application Form
(အပိုဒ်-က ပါ link တွင် ဝင်ရောက် download ရယူ၍ လက်ရေးဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ ပြည့်စုံစွာ ဖြည့်စွက်ရန်။)
2. Academic Transcript(s) for all school/ university years
(ဆယ်တန်းအောင်မြင်ထားသူ/ တက္ကသိုလ် ပထမနှစ် တက်ရောက်နေသူ ဖြစ်ပါက ဆယ်တန်း အမှတ်စာရင်းမိတ္တူ တင်ပြရမည်။ တက္ကသိုလ်ဒုတိယနှစ်နှင့်အထက် တက်ရောက် နေသူဖြစ်ပါက ဆယ်တန်းအမှတ်စာရင်းမိတ္တူနှင့် တက်ရောက်ခဲ့ပြီးသော နှစ်များ၏ အမှတ်စာရင်းများကိုပါ တင်ပြရမည်။ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲ ဖြေဆိုထားသူများအနေဖြင့် သက်ဆိုင်ရာစာမေးပွဲများ၏ အမှတ်စာရင်းမိတ္တူ များအား တင်ပြရမည်။)
3. Certificate of Graduation of School
(ဆယ်တန်းအောင်လက်မှတ်မိတ္တူ (သို့) နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲ ဖြေဆိုထားသူများ အနေဖြင့် သက်ဆိုင်ရာစာမေးပွဲအောင်လက်မှတ်မိတ္တူကို တင်ပြရမည်။)
4. Screenshot Proof of Application
(April 28th 2023 မှ May 15th 2023 အတွင်း Google Form တွင် စာရင်းသွင်းပြီးပါက လျှောက်ထားသူ၏ email သို့ အလိုအလျောက်ဝင်လာမည့် response email အား screenshot ရိုက်ယူ၍ print ထုတ်ပြီး ပူးတွဲတင်ပြရမည်။)
(MAJA ၏ နောက်ဆုံးအဆင့် အောင်မြင်သောအခါတွင် တင်ပြထားသော စာရွက်စာတမ်းများ၏ မူရင်းများကို လာရောက်ပြသပေးရမည် ဖြစ်သည်။)
ပေးပို့ရမည့် လိပ်စာ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
အမှတ် 2B(4)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
(ဂ) MAJA မှ အောက်ဖေါ်ပြပါ အဆင့်များဖြင့် ပဏာမရွေးချယ်သွားပါမည်။
(၁) လျှောက်လွှာနှင့် ပညာအရည်အချင်းအထောက်အထားများကို စိစစ်ခြင်း
(၂) ရေးဖြေစာမေးပွဲဖြင့်အကဲဖြတ်ခြင်း။
1. Undergraduate Students
(Japanese Language and Mathematics A or B)
2. College of Technology Students
(Japanese Language and Mathematics B)
3. Specialized Training College Students
(Japanese Language and Mathematics A)
(ဃ) ပဏာမအဆင့်အောင်မြင်သူများကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဆက်လက်စစ်ဆေးရွေးချယ်ခြင်း များပြုလုပ်မည် ဖြစ်ပါသည်။
(င) လက်ရှိဖြစ်ပွားနေသော COVID – 19 နှင့် လက်ရှိအခြေအနေများပေါ် မူတည်၍ စာမေးပွဲကျင်းပမည့်ရက်နှင့် အစီအစဉ်ကို MAJA ၏ Facebook Page တွင်ကြေငြာပေးသွားမည်ဖြစ်ပါသည်။
http://www.facebook.com/MyanmarAssociationOfJapanAlumniMAJA
(စ) MEXT Scholarship 2024 အတွက် လျှောက်ထားသူများ/ ရွေးချယ်ခံရသူများအနေဖြင့်လည်း Covid – 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ၏ အခြေအနေများပေါ် မူတည်၍ ပြောင်းလဲမှုများ ရှိလာနိုင်သည်ကိုလည်း ကြိုတင် အသိပေးအပ်ပါသည်။
(ဆ) အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်း တယ်လီဖုန်းအမှတ် ၀၉-၂၆၂၆၀၂၁၂၁ ၊ ၀၉-၄၂၈၆၁၂၁၅၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
MAJA
ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology (MEXT) မှ 2024 ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့် Research Students Scholarship Program အတွက် ဧပြီလ ( ၂၈ ) ရက်နေ့မှ စတင်၍ စာရင်းသွင်းနိုင်ပြီး၊ မေလ (၄) ရက်နေ့မှ လျှောက်လွှာစာရွက်စာတမ်းများကို စတင်လက်ခံမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
(က) လျှောက်လွှာပုံစံများ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များအပါအ၀င် အသေးစိတ် အချက်အလက်များကို အောက်ပါ link တွင် download ရယူပြီး ကြည့်ရှုလေ့လာလျှောက်ထားနိုင်ပါသည်။
https://www.studyinjapan.go.jp/.../smap-stopj...
(ခ) Scholarship Program ကို အောက်ဖေါ်ပြပါအစီအစဥ်အတိုင်း လျှောက်ထားနိုင်ပါသည်။
၁။ လျှောက်လွှာလက်ခံရက်
စာရင်းသွင်းခြင်း (Google Form) - April 28th 2023 မှ May 15th 2023 အတွင်း
လျှောက်လွှာပေးပို့ခြင်း - May 4th 2023 မှ May 19th 2023 အတွင်း
(April 28th 2023 မှ May 15th 2023 အတွင်း Google Form တွင် စာရင်းသွင်းထားခြင်းမရှိသည့် လျှောက်လွှာများအား လက်ခံမည်မဟုတ်ပါ။)
၂။ လျှောက်ထားရမည့်နည်းလမ်း
(၂-၁) Google Form တွင် စာရင်းသွင်းခြင်း
သတ်မှတ်ရက်နှင့်အချိန်အတွင်း အောက်ဖေါ်ြပပါ Google Form တွင် အချက်အလက်များကို ဖြည့်သွင်းပြီး စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။
for Research Student Program
https://forms.gle/6VpYjZ3gsuGJpgMG7
(၂-၂) လျှောက်လွှာပေးပို့ခြင်း
ဂျပန်နိုင်ငံ၏ MEXT (Ministry of Education, Culture, Sports, Science and Technology) မှ သတ်မှတ်ထားသောလျှောက်လွှာနှင့် ပညာအရည်အချင်းနှင့်ပတ်သက်သည့် အောက်ဖော်ပြပါစာရွက် စာတမ်းများအား MAJA ရုံးခန်းသို့ လူကိုယ်တိုင်/ကိုယ်စားဖြစ်စေ၊ စာတိုက်မှတဆင့်ဖြစ်စေ May 19, 2023 ညနေ ၄း၀၀ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။
1. Application Form
(အပိုဒ်-က ပါ link တွင် ဝင်ရောက် download ရယူ၍ လက်ရေးဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်
ဖြစ်စေ ပြည့်စုံစွာ ဖြည့်စွက်၍ ပေးပို့ရမည်။)
2. Academic Transcript for all academic year of university attended
(မိမိနောက်ဆုံးရရှိခဲ့သည့် Bachelor Degree သို့မဟုတ် Master Degree အတွက် တက်ရောက်ခဲ့ သော စာသင်နှစ်အားလုံး၏ အမှတ်စာရင်းမိတ္တူ တင်ပြရမည်။)
3. Certificate of Graduation
(မိမိနောက်ဆုံးရရှိခဲ့သည့် Bachelor Degree သို့မဟုတ် Master Degree ဘွဲ့လက်မှတ်မိတ္တူကို တင်ပြရမည်။)
4. Research Plan
(အပိုဒ်-က ပါ link တွင် Research Plan Format အား ဝင်ရောက် download ရယူ၍ ကွန်ပျူတာဖြင့် စာစီရေးသားရပါမည်။ Format တွင် ပါဝင်သည့် Guidelines နှင့်အညီ ရေးသားရပါမည်။ ရေးဖြေစာမေးပွဲအား အကဲဖြတ်သည့်အချိန်တွင် Research Plan အားလည်း ပူးတွဲ အကဲဖြတ် အမှတ်ပေးသွားမည်ဖြစ်သည်။)
5. Screenshot Proof of Application
(April 28th 2023 မှ May 15th 2023 အတွင်း Google Form တွင် စာရင်းသွင်းပြီးပါက လျှောက်ထားသူ၏ email သို့ အလိုအလျောက်ဝင်လာမည့် response email အား screenshot ရိုက်ယူ၍ print ထုတ်ပြီး ပူးတွဲတင်ပြရမည်။)
(MAJA ၏ နောက်ဆုံးအဆင့် အောင်မြင်သောအခါတွင် တင်ပြထားသော စာရွက်စာတမ်းများ၏ မူရင်းများကို လာရောက်ပြသပေးရမည် ဖြစ်သည်။)
ပေးပို့ရမည့် လိပ်စာ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
အမှတ် ၂ခ(၄)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
(ဂ) MAJA မှ အောက်ဖေါ်ပြပါ အဆင့်များဖြင့် ပဏာမရွေးချယ်သွားပါမည်။
(၁) လျှောက်လွှာနှင့် ပညာအရည်အချင်းအထောက်အထားများကို စိစစ်ခြင်း
(၂) ရေးဖြေစာမေးပွဲဖြင့်အကဲဖြတ်ခြင်း။
(English Language and Basic Japanese) or (Japanese Language N2 Level)
(ဃ) ပဏာမအဆင့်အောင်မြင်သူများကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဆက်လက်စစ်ဆေးရွေးချယ်ခြင်း များပြုလုပ်မည် ဖြစ်ပါသည်။
(င) လက်ရှိဖြစ်ပွားနေသော COVID – 19 နှင့် လက်ရှိအခြေအနေများပေါ် မူတည်၍ စာမေးပွဲကျင်းပမည့်ရက်နှင့် အစီအစဉ်ကို MAJA ၏ Facebook Page တွင်ကြေငြာပေးသွားမည်ဖြစ်ပါသည်။
http://www.facebook.com/MyanmarAssociationOfJapanAlumniMAJA
(စ) MEXT Scholarship 2024 အတွက် လျှောက်ထားသူများ/ ရွေးချယ်ခံရသူများအနေဖြင့်လည်း Covid – 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ၏ အခြေအနေများပေါ် မူတည်၍ ပြောင်းလဲမှုများ ရှိလာနိုင်သည်ကိုလည်း ကြိုတင် အသိပေးအပ်ပါသည်။
(ဆ) အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်း တယ်လီဖုန်းအမှတ် ၀၉-၂၆၂၆၀၂၁၂၁ ၊ ၀၉-၄၂၈၆၁၂၁၅၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
MAJA
Posted Under by: Awards | MEXT
28-Apr-2023