1. MEXT 2024 Undergraduate/ College of Technology/ Specialized Training Students Program များအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း ကြေငြာခြင်း. 2. MEXT 2024 Research Students Program ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း ကြေငြာခြင်း
၁။ ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology ( MEXT ) မှ 2024 ပညာသင်နှစ်အတွက် ပေးအပ်မည့် Scholarship Program များအတွက် April 28, 2022 မှ May 19, 2022 အတွင်း လျှောက်ထားခဲ့သောလျှောက်လွှာများအား သတ်မှတ်ထားသော အသက်၊ ပညာအရည်အချင်း စသည့် အချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီး ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများကို Program တစ်ခုချင်းစီ အတွက် ကြေငြာအပ်ပါသည်။
**မှတ်ချက် (၁) ။ အမည်စာလုံးပေါင်းများမှာ Application Form တွင် လျှောက်ထားသည့်အတိုင်း ဖေါ်ပြထားပါသည်။
**မှတ်ချက် (၂) ။ အမည်များကို အင်္ဂလိပ်အက္ခရာစဥ်အလိုက် ဖေါ်ပြထားပါသည်။
**မှတ်ချက် (၃) ။ အမည်တူများ ရှိနိုင်ပါသဖြင့် မွေးသက္ကရာဇ်အား ပူးတွဲဖော်ပြထားပါသည်။
၂။ Scholarship Program များအတွက် သက်ဆိုင်ရာရေးဖြေစာမေးပွဲဖြင့် အကဲဖြတ်ရန်အတွက် Zoom Application ကိုအသုံးပြု၍ Online စာမေးပွဲကို ပူးတွဲပါအစီအစဉ်အတိုင်းကျင်းပပါမည်။
၃။ Mathematics A and B အား မိမိလျှောက်ထားသည့် Scholarship Program ပေါ်မူတည်၍ တစ်ခုသာ ဖြေဆိုရန် လိုအပ်ပြီး၊ Japanese Basic အား ကျောင်းသား/သူတိုင်း ဖြေဆိုရမည် ဖြစ်သည်။
၄။ စာမေးပွဲနှင့်ပတ်သက်သော စည်းကမ်းချက်များနှင့် စာမေးပွဲဖြေဆိုရာတွင်အသုံးပြုမည့် Zoom Link များကို Google Form တင်စဉ်က ဖြည့်သွင်းထားသည့် Email သို့ June 2, 2023 နေ့တွင် ပေးပို့မည်ဖြစ်ပါသည်။
၅။ ယခုလက်ရှိဖြစ်ပေါ်နေသောအခြေအနေများပေါ် မူတည်၍ စာမေးပွဲအစီအစဉ်များ အပြောင်းအလဲရှိနိုင်သည်ကို နားလည်ပေးပါရန် ကြိုတင်အသိပေးအပ်ပါသည်။
*********************************************************************************************************
၁။ ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology ( MEXT ) မှ 2024 ပညာသင်နှစ်အတွက် ပေးအပ်မည့် Scholarship Program များအတွက် April 28, 2023 မှ May 19, 2023 အတွင်း လျှောက်ထားခဲ့သောလျှောက်လွှာများအား သတ်မှတ်ထားသော အသက်၊ ပညာအရည်အချင်း စသည့်အချက်များ ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီး Research Students Program အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများကို ကြေငြာအပ်ပါသည်။
**မှတ်ချက် (၁) ။ အမည်စာလုံးပေါင်းများမှာ Application Form တွင် ရေးသားထားသည့်အတိုင်း ဖေါ်ပြထားပါသည်။
**မှတ်ချက် (၂) ။ အမည်များကို အင်္ဂလိပ်အက္ခရာစဥ်အလိုက် ဖေါ်ပြထားပါသည်။
**မှတ်ချက် (၃) ။ အမည်တူများ ရှိနိုင်ပါသဖြင့် မွေးသက္ကရာဇ်အား ပူးတွဲဖေါ်ပြထားပါသည်။
၂။ Scholarship Program များအတွက် သက်ဆိုင်ရာရေးဖြေစာမေးပွဲဖြင့် အကဲဖြတ်ရန်အတွက် Zoom Application ကိုအသုံးပြု၍ Online စာမေးပွဲကို ပူးတွဲပါအစီအစဉ်အတိုင်းကျင်းပပါမည်။
၃။ လျှောက်ထားသူများသည် English သို့မဟုတ် Japanese Advanced မှ မိမိနှစ်သက်ရာဘာသာ တစ်ခုအား ရွေးချယ် ဖြေဆိုခွင့် ရှိပါသည်။ English ရွေးချယ်ဖြေဆိုသူများအနေဖြင့် Japanese Basic အား မဖြစ်မနေ ဖြေဆိုရမည် ဖြစ်ပြီး၊ အဆိုပါကျောင်းသားအနေဖြင့် Japanese Basic ဖြေဆိုထားခြင်းမရှိပါက အဖြေလွှာများအား ဆက်လက်အကဲဖြတ်ရန် ထည့်သွင်းစဉ်းစားသွားမည် မဟုတ်ပါ။
၄။ English နှင့် Japanese Advanced မှာ တစ်ချိန်တည်းတွင် ဖြေဆိုရမည် ဖြစ်သည့်အတွက် Zoom Link ခွဲ၍ ပေးပို့မည် ဖြစ်ပါသောကြောင့်၊ ကျောင်းသား/သူများအနေဖြင့် မည်သည့်ဘာသာ ရွေးချယ်ဖြေဆိုဖြစ်ကြောင်း အမည်၊ မွေးသက္ကရာဇ်နှင့် ဖြေဆိုမည့်ဘာသာအား ရေးသားကာ [email protected] သို့ May 31, 2023 နောက်ဆုံးထား၍ Email ပေးပို့ရန် လိုအပ်ပါသည်။
၅။ MAJA’s Recommendation အတွက် ရွေးချယ်မှုသည် စာမေးပွဲရလဒ်နှင့် Application Form ပါ Research Plan အပေါ်တွင် အခြေခံကာ အကဲဖြတ် အမှတ်ပေးသွားမည် ဖြစ်ပါသည်။
၆။ စာမေးပွဲနှင့်ပတ်သက်သော စည်းကမ်းချက်များနှင့် စာမေးပွဲဖြေဆိုရာတွင်အသုံးပြုမည့် Zoom Link များကို Google Form တင်စဉ်က ဖြည့်သွင်းထားသည့် Email သို့ June 2, 2023 နေ့တွင် ပေးပို့မည်ဖြစ်ပါသည်။
၇။ ယခုလက်ရှိ ဖြစ်ပေါ်နေသောအခြေအနေပေါ်မူတည်၍ စာမေးပွဲအစီအစဉ်များ အပြောင်းအလဲ ရှိနိုင်သည်ကို နားလည်ပေးပါရန် ကြိုတင်အသိပေးအပ်ပါသည်။
Posted Under by: Awards | MEXT
27-May-2023