ASIA KAKEHASHI Project Plus 2023 ဂျပန်နိုင်ငံနှင့် အာရှနိုင်ငံများရှိအထက်တန်းကျောင်းသား၊ ကျောင်းသူ များအကြား ပေါင်းကူးဆက်သွယ်မှု တည်ဆောက်ခြင်း
မြန်မာနိုင်ငံဂျပန်ပညာသင်ဟောင်းအသင်း (MAJA) သည် ဂျပန်နိုင်ငံ အထက်တန်းကျောင်းများတွင် (၄) လကြာ လေ့လာသင်ယူရန် ကျောင်းသားကျောင်းသူ လူငယ်များကို ရွေးချယ် စေလွှတ်ပါမည်။
• အချိန်ကာလ: နိုဝင်ဘာလ ၂၀၂၃ - မတ်လ ၂၀၂၄
(မှတ်ချက် - အချိန်ကာလအစီအစဉ်သည် အပြောင်းအလဲရှိနိုင်ပါသည်။)
• အကြောင်းအရာ: ကျောင်းဆောင် (သို့) ဖိတ်ခေါ်အိမ်တွင်နေထိုင်ရင်း ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်းပညာ သင်ကြားရေးအတွေ့အကြုံများရယူခြင်း
• ကုန်ကျမှုအခကြေးငွေ: ဂျပန်နိုင်ငံ အစိုးရမှ ကုန်ကျစရိတ်ထောက်ပံ့ပေးပါမည်။
• ထောက်ပံ့မှု: ပါဝင်မည့် ကျောင်းသားကျောင်းသူများ ဂျပန်နိုင်ငံတွင် အစီအစဉ်အရ နေထိုင်စဉ် ဂျပန် မှ အတွေ့အကြုံရှိဒေသခံစေတနာ၀န်ထမ်းများ နှင့် ပရောဖက်ရှင်နယ် ၀န်ထမ်းများက ကူညီထောက်ပံ့ခြင်း ပြုလုပ်မည် ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူများအား ရွေးချယ်စေလွှတ်ရာတွင်လည်း AFS ၏ စည်းမျဉ်း စည်းကမ်းများ၊ ညွှန်ကြားမှုများဖြင့် ဆောင်ရွက်ပါမည်။
• စံသတ်မှတ်ချက်များ: ၂၀၂၃ ခုနှစ် ASIA KAKEHASHI PLUS အစီအစဉ်အတွက် လျှောက်ထားသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီရပါမည်။
(က) အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်း၊ ၂၀၀၅ ခုနှစ် ဧပြီလ (၂) ရက်နေ့ နောက်ပိုင်းနှင့် ၂၀၀၈ ခုနှစ် ဧပြီလ (၁) ရက်နေ့ မတိုင်မီ မွေးဖွားသူများဖြစ်ရမည်။
(ခ) မြန်မာနိုင်ငံသားဖြစ်ရမည်။
(ဂ) နောက်ဆုံးဖြေဆိုခဲ့သည့် စာမေးပွဲတွင် ဘာသာရပ်တိုင်း၌ အနည်းဆုံး အမှတ် ၆၀% ရရှိရပါမည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း ဖြေဆိုခဲ့သော စာမေးပွဲများတွင်လည်း ဘာသာရပ်အားလုံး စုစုပေါင်းရမှတ်သည် ပျှမ်းမျှ ၆၀% ရရှိရပါမည်။
ဥပမာ - လက်ရှိ ဆယ်တန်းဖြေဆိုအောင်မြင်ထားသောကျောင်းသားဖြစ်ပါက ဆယ်တန်းအမှတ်စာရင်း (နောက်ဆုံး ဖြေဆိုခဲ့သည့်စာမေးပွဲ)၊ ကိုးတန်း နှင့် ရှစ်တန်းအတန်းတင် အမှတ်စာရင်း (လွန်ခဲ့သော နှစ်နှစ်အတွင်း ဖြေဆိုခဲ့သော စာမေးပွဲများ)
(ဃ) ဂျပန်ဘာသာရပ်ကို လေ့လာသင်ယူနေသူဖြစ်ရမည်။
(င) အစီအစဉ်ကာလအတွင်းနှင့် အစီအစဉ်ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ပေါင်းကူးဆက်သွယ်မှု အတွက် စိတ်အားထက်သန်စွာဖြင့် ဦးစီးလုပ်ဆောင်နိုင်ရမည်။
(စ) ASIA KAKEHASHI အစီအစဉ်တွင် ယခင်ကမပါဝင်ဖူးသူဖြစ်ရမည်။
Applicants to the program in 2023 must meet the following criteria:
(1) Between 15 and 18 years of age, born after April 2, 2005 and before April 1, 2008;
(2) Obtained minimum of 60% marks in principle in all subjects in the latest examination at school and overall minimum average of 60% marks in all subjects for the past two years;
(3) Learners of Japanese;
(4) Demonstrate strong potential of leadership to act as a bridge between the home country and Japan during and after the program; and
(5) Not have participated in the ASIA KAKEHASHI program before.
• ရွေးချယ်ခံရပါက (MAJA) အသင်းမှ လိုအပ်သည့် သင်ကြားလေ့ကျင့်မှုများပြုလုပ်ပေးမည်ဖြစ်ပါသည်။ အဆိုပါကာလအတွင်းစည်းကမ်းလိုက်နာရန်ပျက်ကွက်ပါကရွေးချယ်စေလွှတ်မှုအားပယ်ဖျက်ခံရမည်ဖြစ်ပါသည်။
လျှောက်လွှာခေါ်ယူခြင်း
• လျှောက်လွှာတင်ခြင်း: ၂၀၂၃ ခုနှစ် ဇွန်လ (၂၈) ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အထိ
• အထက်အကြောင်းအရာပါ အချက်အလက်များနှင့် ကိုက်ညီသဖြင့် လျှောက်ထားလိုသူများသည် အောက်ပါ Google Form Link (For Application) တွင် ၀င်ရောက်ဖြည့်သွင်းပြီး လျှောက်ထားရပါမည်။
ဖော်ပြပါအချက်အလက်များ ထည့်သွင်း လျှောက်ထားရပါမည်။
(၁) ပညာအရည်အချင်းအထောက်အထားနှင့် တကွ အမှတ်စာရင်း (နောက်ဆုံး (၃) နှစ်စာ)
(၂) ဓာတ်ပုံ (၁) ပုံ (3cm x 4cm)
(၃) ဆက်သွယ်ရန်လိပ်စာနှင့် တယ်လီဖုန်းအပြည့်အစုံ
ရေးဖြေစာမေးပွဲ ဖြေဆိုရန်ရွေးချယ်ခြင်း
Google Form လျှောက်လွှာများအား စိစစ်စစ်ဆေးပြီး အထက်တွင်ဖော်ပြခဲ့သော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူများကိုသာ ရေးဖြေစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ပြုပါမည်။ ဖြေဆိုခွင့်ရရှိသူများအား MAJA Facebook Page တွင် ကြေငြာပေးပါမည်။
အသေးစိတ်သိရှိလိုပါက Project Coordinator တယ်လီဖုန်းအမှတ် ၀၉-၂၆၀၇၉၅၈၉၇ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
Posted Under by: Awards | KAKEHASHI Proj
28-Jun-2023