2025 ခုနှစ်၊ (3) လပိုင်း TOP J စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူခြင်းနှင့် ပတ်သက်၍
(3) လပိုင်း၊ (9) ရက်နေ့တွင် ဖြေဆိုရမည့် TOP J စာမေးပွဲအတွက် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Test Voucher) များကို “25.2.2025 မှ 7.3.2025 ရက်နေ့အတွင်း” ရန်ကုန်နှင့် မန္တလေးရှိ MAJA ရုံးခွဲများ၌ လာရောက် ထုတ်ယူနိုင်ပြီဖြစ်ပါသည်။
►ရန်ကုန်တွင် ဖောင်တင်ထားသူများ ထုတ်ယူရန် (25.2.2025 မှ 7.3.2025 ရက်နေ့အတွင်း) -
MAJA Education Centre
အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)
Ph No : 09 428 613 848
(ရုံးချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ ပိတ်ပါသည်။)
►မန္တလေးတွင် ဖောင်တင်ထားသူများ ထုတ်ယူရန် (25.2.2025 မှ 7.3.2025 ရက်နေ့အတွင်း) -
MAJA Office (Mandalay Branch)
ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
09- 255 162 533
(ရုံးချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ ပိတ်ပါသည်။)
** Test Voucher လာရောက်ထုတ်ယူရာတွင် စာမေးပွဲကြေးပေးသွင်းထားသည့် ဘောင်ချာဖြတ်ပိုင်း ပြသကာ ထုတ်ယူရမည် ဖြစ်ပါသောကြောင့် ဘောင်ချာဖြတ်ပိုင်းအား “မမေ့မလျော့” ယူဆောင်လာရပါမည်။ **
►Email မှတဆင့် Test Voucher ပေးပို့ပေးရမည့်သူများကိုလည်း “25.2.2025 မှ 7.3.2025 ရက်နေ့အတွင်း” ဖောင်တင်စဉ်က ရေးသားခဲ့သည့် Email အား ပို့ပေးသွားမည်ဖြစ်လို့ မိမိရဲ့ Email ကို မမေ့မလျော့ စစ်ဆေးပြီး Email မရောက်ရှိပါက သက်ဆိုင်ရာ ရုံးခွဲသို့ အကြောင်းကြားပေးရပါမည်။
**(Email မှ Test Voucher အား Print ထုတ်ကာ စာမေးပွဲနေ့တွင် ယူဆောင်လာရမည် ဖြစ်ပါသည်။ Test Voucher မယူဆောင်လာသူများအား စာမေးပွဲ ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။)**
MAJA Education Centre
Posted Under by: Exam | TOP-J
25-Feb-2025