Myanmar Association of Japan Alumni ( MAJA )

 ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တွင်ကျင်းပမည့် (TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့် ပတ်သက်၍


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် ကျင်းပမည့် (Top-J) စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့်သူများ အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
- ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့
၂။ စာမေးပွဲကျင်းပမည့်နေရာ  
- ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေး
- Level အားလုံးအတွက် (၇၂,၀၀၀) ကျပ်
၄။ ကျင်းပမည့် စာမေးပွဲအဆင့်
- Basic (N4+N5), Intermediate (N3+N2)
၅။ လျှောက်လွှာလက်ခံကာလ (ရန်ကုန်နှင့် မန္တလေး)
- “(၂.၆.၂၀၂၅) ရက်နေ့မှ (၁၃.၆.၂၀၂၅) ရက်နေ့အတွင်း” (စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ ပိတ်ပါသည်။) (နေ့လယ် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီထိ ထမင်းစားနားချိန်ပိတ်ပါသည်။)
၆။ လျှောက်ထားရန်လိပ်စာ
(ရန်ကုန်)
- MAJA Education Centre
အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (တောင်ဥက္ကလာပတရားရုံးဘေးလမ်းကြားမှဝင်ရန်)
09 - 428 613 848
(မန္တလေး)  
- MAJA Office (Mandalay Branch) (ယာယီလိပ်စာ)
၆၈ လမ်း၊ ၂၆*၂၇ လမ်းကြား၊ မန္တလေး ဆွမ်းဟိုတယ် အပြင်ဘက် အနောက်ဘက်ခြမ်း။
09- 255 162 533
၇။ လျှောက်ထားရန်လိုအပ်ချက်  
- မှတ်ပုံတင်မိတ္တူ (၁) စောင်၊ ၃x၄ စင်တီမီတာ ဓါတ်ပုံ ၂ ပုံ  

TOP-J နှင့် ပတ်သက်၍ -
TOP-J သည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှ ကျင်းပပြုလုပ်သော ဂျပန်ဘာသာအရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်ပါသည်။

အဓိကအသုံးချနိုင်သည့် ရည်ရွယ်ချက်များမှာ -
၁။ ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။
၂။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်။
၃။ ပညာသင်ဆုလျှောက်ထားရန် လိုအပ်ချက်တောင်းဆိုသည့်အခါ။
၄။ အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဂျပန်ဘာသာအရည်အချင်း အသိအမှတ်ပြုစာမေးပွဲ အောင်လက်မှတ်တောင်းဆိုသည့်အခါ။
Website (ဂျပန်ဘာသာ) : https://www.topj-test.org/

စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)

Posted Under by: Exam | TOP-J

30-May-2025
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,272