၂၀၂၆ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (Asahi Shimbun Scholarship)
ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်ရောက်နိုင်မည့် ပညာသင်ဆု (Asahi Shimbun Scholarship) အတွက် လျှောက်လွှာများကို MAJA Education Centre မှ စတင်လက်ခံခေါ်ယူနေပါပြီ။
ယခု ခေါ်ယူမည့် သတင်းစာ စကော်လားရှစ်အား အောက်ပါ လိုအပ်ချက်များနှင့် ပြည့်စုံသူ မည်သူမဆို လျှောက်ထားနိုင်မှာပဲ ဖြစ်ပါသည်။
လိုအပ်ချက်များ
============
(၁) ဂျပန်ဘာသာ အရည်အချင်းတွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ (JLPTအောင်လက်မှတ်တင်ပြနိုင်ရမည်)
(၂) 2026 April တွင် အသက် (၁၈) နှစ် နှင့် (၂၅) နှစ်အကြားရှိသူ
(၃) ပညာအရည်အချင်း စနစ်သစ် ၁၂ တန်းအောင်မြင်ထားသူ (သို့) စနစ်ဟောင်း တက္ကသိုလ်ပထမနှစ်နှင့်အထက် အောင်မြင်ထားသူ
(၄) အိမ်ထောင်မရှိသူ
(၅) တက်တူး (လုံးဝ) မရှိသူ
(၆) ကျန်းမာရေးကောင်းမွန်ကြံ့ခိုင်သူ
(၇) Passport (PV / PE) ကိုင်ထားသူ (သို့မဟုတ်) Passport လျှောက်ထားဆဲ (သို့မဟုတ်) Passport လျှောက်ထား/လဲလှယ်ရန်အတွက် QR code ရရှိထားသူ
(၈) ဆိုင်ကယ်လိုင်စင် (က) လိုင်စင် လုပ်ရန် လိုအပ်ပါသည်။
** ဂျပန်နိုင်ငံသို့ ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိပါ။ **
ရွေးချယ်ခံရသူများအတွက် ကုန်ကျစရိတ်
===============================
►အင်တာဗျူး အောင်မြင်ပြီးပါက MAJA Education Centre သို့ Processing Fee (၂၅) သိန်း သွင်းရမည်ဖြစ်သည်။
** Processing Fees (၂၅) သိန်းတွင် ဂျပန်စာသင်တန်းကြေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သတင်းစာပို့ခြင်းဆိုင်ရာ သင်တန်းကြေး၊ ဂျပန်လူမျိုးဆရာ/မများနှင့် နေ့စဉ်စကားပြောသင်တန်းများ အပါအဝင်ဖြစ်သည်။**
► COE ရရှိချိန်တွင် သတင်းစာတိုက်သို့ $1000 ပေးသွင်းရမည်။
ခံစားခွင့်များ
=========
► လေယာဥ်လက်မှတ်အား သတင်းစာတိုက်ဖက်မှ ပြန်လည်ကျခံပေးသွားမည် ဖြစ်သည်။
► ၂ နှစ်စာ ကျောင်းလခကို အဆာဟိ သတင်းစာတိုက်မှ ထောက်ပံ့မည် ဖြစ်သည်။
► အဆောင်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သတင်းစာဆိုင်ခွဲမှ စီစဉ်မည် ဖြစ်ပြီး လစာမှ တစ်လလျှင် ယန်း ၁ သောင်းကို နှုတ်သွားမည် ဖြစ်သည်။
► လစာ ယန်း ၁၅ သောင်းနှင့် အထက်။ (ယင်းလစာမှ ဝင်ငွေခွန် ပြန်လည် နှုတ်ထားခြင်းရှိပါသည်)
► နားရက် တစ်လလျှင် (၄ ရက်)
ပထမနှစ်တစ်အတွက် ခွင့်ခံစားခွင့် (၁၀) ရက် ရရှိမည်ဖြစ်ပြီး အလုပ်ဝင်ပြီး (၆) လကျော်သည့် အချိန်မှစ၍ စတင်ခံစားနိုင်ပါသည်။
ဒုတိယနှစ်အတွက် ခွင့်ခံစားခွင့် (၁၁) ရက် ရရှိမည်ဖြစ်ပြီး အလုပ်ဝင်ပြီး (၁၈) လကျော်သည့် အချိန်မှစ၍ စတင်ခံစားနိုင်ပါသည်။
♦ လျှောက်လွှာလက်ခံကာလ - (18.6.2025 မှ 12.7.2025 အထိ)
အထက်ပါ လိုအပ်ချက်များနှင့် ပြည့်စုံသူများအနေဖြင့် အောက်ဖော်ပြပါ Google Form အားဖြည့်စွက်ကာ လျှောက်ထားနိုင်ပါသည်။
Google Form Link : https://forms.gle/hGCSNr332KtQ56jk7
လျှောက်ထားပြီးသူများအား Scholarship နှင့်သက်ဆိုင်သည့် အသေးစိတ်အစီအစဥ်များကို Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတဆင့်သာဆက်သွယ်ပေးပို့သွားမည်ဖြစ်ပါသည်။
⇒ No.440(B), Zayya (14)th Street, 10th Quarter,Near Thit Sar Rd, South Okkalarpa Tsp. (တောင်ဥက္ကလာပမြို့နယ်တရားရုံး ဘေးလမ်း)
⇒ ဖုန်းနံပါတ် - 09-428613848 (စနေ၊ တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)
Posted Under by: Awards | Asahi Shinbun
18-Jun-2025