Myanmar Association of Japan Alumni ( MAJA )

 2025 နိုဝင်ဘာလ EJU စာမေးပွဲ လျှောက်ထားလိုသူများအတွက် အသိပေးခြင်း


EJU Exam Result တွေလည်း ထွက်ပြီဆိုတော့ အားလုံးပဲ Result တွေ သိပြီးကြပြီ ထင်ပါတယ်။
ဒီတစ်ခေါက်မှာ မိမိလိုချင်တဲ့ အမှတ်တွေကို တစ်ခါတည်း ရသွားသူတွေရှိနိုင်သလို လွဲချော်မှုအနည်းအကျဉ်းကြောင့် အားမရဘဲ ထပ်ပြီး ကြိုးစားလိုသူတွေလည်း ရှိမယ်လို့ ထင်ပါတယ်။

ဒါကြောင့် ဒီနှစ်အတွင်းမှာ EJU စာမေးပွဲကို ပြန်လည်ဖြေဆိုချင်သူတွေအနေနဲ့ လာမယ့် နိုဝင်ဘာလ EJU စာမေးပွဲအတွက် ဖောင်တင်ဖို့ အချိန်လေး မီပါသေးတယ်နော်။
ဇူလိုင်လ (၃၁) ရက်နေ့အထိ EJU လျှောက်လွှာဖောင်များ လက်ခံနေသေးတာဖြစ်လို့ အောက်ပါ လိပ်စာများတွင် အမြန်ဆုံး လာရောက်လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာလက်ခံမည့် ကာလ
ရန်ကုန်     - ၇.၇.၂၀၂၅ ရက်နေ့မှ ၃၁.၇.၂၀၂၅ ရက်နေ့ထိ
မန္တလေး    - ၁၀.၇.၂၀၂၅ ရက်နေ့မှ ၃၁.၇.၂၀၂၅ ရက်နေ့ထိ
(အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့အထိ)
*စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။*

လျှောက်လွှာလက်ခံမည့် အချိန်
နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း
*နေ့လယ် ၁၂း၀၀ နာရီမှ နေ့လယ် ၁း၀၀ နာရီအထိ ထမင်းစားချိန် ခေတ္တနားပါသည်။*

လျှောက်လွှာလက်ခံမည့် နေရာများ
MAJA Head Office (Yangon)
No 2B-(4), Snow Garden Housing, Thu Mingalar Road, Thingangyun Township, Yangon, Myanmar.
09-262602121, 09-428612151 (9:30am to 4:00pm)

MAJA Education Centre (Yangon)
No. 440 (B), Zay Ya 14th Street, 10th Quarter, Near Thitsar Road, South Okkalapa Township, Yangon, Myanmar.
09-428613848 (9:30am to 4:00pm)

MAJA Office Mandalay
68th Street, Between 26th*27th Street, the back area outside Mandalay Swan Hotel, Chan Aye Thar San Township, Mandalay, Myanmar.
09-255162533 (9:30am to 4:00pm)

EJU ဖြေဆိုဖို့ စာပြန်လည်လေ့လာလိုသူတွေအနေနဲ့လည်း MAJA Education Centre မှ EJU In Person အတန်းအား ထပ်မံတက်ရောက်ရင်း အကောင်းဆုံး ကြိုးစားပြင်ဆင်နိုင်ပါသေးတယ်။
ဒါကြောင့် ကြိုးစားချင်သူတွေအနေနဲ့ EJU အတန်းလေးတွေ အပ်နှံနိုင်သေးကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်။
   

Posted Under by: Exam | EJU

26-Jul-2025
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,716