Myanmar Association of Japan Alumni ( MAJA )

 Application Announcement for Long-term Capacity Development Scholarship Program


မြန်မာ-ဂျပန်စင်တာမှ Master Degree နှင့် PhD တို့အတွက်  Long-term Capacity Development ပညာသင်ဆုအစီအစဉ် (FY2026)ကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

လျှောက်ထားနိုင်မည့် ဘာသာရပ်များမှ အောက်ပါအတိုင်းဖြစ်ပါသည်။
— Master Degree:
► Agricultural/Environment
► Management (MBA)
► Economics/Development studies
► Engineering/Information Technology
► Tourism
— PhD:
PhD လျှောက်ထားလိုသူသည် Toyo University (Faculty of Global and Regional Studies- Department of Regional Development Studies) အောက်ရှိ Faculty member (ပါမောက္ခများကိုသာရွေးချယ်နိုင်ပါသည်။)

ဘယ်သူတွေလျှောက်ထားနိုင်မလဲ?
→ လျှောက်ထားသူသည် အသက် ၂၂ မှ ၃၉ အတွင်းရှိ တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီး ပုဂ္ဂလိကကဏ္ဍတွင် လုပ်ကိုင်နေသူဖြစ်ရပါမည်။ (၁၉၈၆၊ ဧပြီလ ၂ ရက်နေ့နှင့်/ နောက်ပိုင်းမွေးဖွားသူနှင့်၊ ၂၀၀၄၊ ဧပြီလ ၁ ရက်နေ့နှင့်/ မတိုင်ခင် မွေးဖွားသူ)
→ မြန်မာ-ဂျပန်စင်တာ (MJC) မှ သင်တန်းများကို တက်ရောက်ဖူးသူများ သို့မဟုတ် MJC ၏ business course များနှင့် activities များကို တက်ရောက်ခဲ့သော ကုမ္ပဏီများမှ ဝန်ထမ်းများလည်း လျှောက်ထားနိုင်ပါသည်။
(ထို့အပြင် UMFCCI တွင် အလားတူ business management course များတက်ရောက်ဖူးသူများလည်း အကျုံးဝင်ပါသည်။)

ပညာသင်ဆုနှင့်ပတ်သက်၍အသေးစိတ်သိလိုပါက အောက်ပါ Website link ကိုလည်း ဝင်ရောက်လေ့လာနိုင်ပါသည်။
https://myanmarjapancenter.com/scholarship-program/
University List ကြည့်ရှုနိုင်ရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။
https://myanmarjapancenter.com/.../University-List-for...
လျှောက်ထားရန် လိုအပ်သော criteria အသေးစိတ်နှင့် ပညာသင်ဆုတွင်ပါဝင်သောအချက်များ အသေးစိတ်ရေးပေးထားသော General informationကို General information bar ကို နှိပ်၍ဖတ်ပါ။
https://myanmarjapancenter.com/scholarship.../information/
လျှောက်ထားရန် စိတ်ဝင်စားမှု ရှိပါက အောက်ပါ Google Form တွင် စာရင်းသွင်းဖြည့်စွက်နိုင်ပါသည်။
Registration link:
https://forms.gle/iYnPwB3n3Mjjqbyy8
The submission deadline is September 26, 2025.

စာရင်းသွင်းခဲ့သောသူများကို ရုံးချိန်အတွင်း email မှတဆင့် Application Form ပြန်လည်ပေးပို့ပေးသွားမည်ဖြစ်ပါသဖြင့် email လိပ်စာများကို မှန်ကန်စွာဖြည့်စွက်ပေးပါ ရန်အသိပေးလိုပါသည်။ email full box ဖြစ်မနေစေရန်လည်း သတိထားကြစေလိုပါသည်။

Seminar for “How to write Research Proposal”
လျှောက်ထားသူများ Research proposal ရေးသားရာတွင် အထောက်အကူဖြစ်စေရန် အတွက် မြန်မာ-ဂျပန်စင်တာမှ စက်တင်ဘာလတွင် “How to write Research Proposal”  ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး ရွေးချယ်ရေးကော်မတီဝင် ဆရာကြီး၊ဆရာမကြီးများမှ သက်ဆိုင်ရာဘာသာတခုချင်းစီအလိုက် အောက်ပါ နေ့ရက်များတွင် ဟောပြောပို့ချပေးသွားမည် ဖြစ်ပါသည်။

  •  Management: 9:00~ 12:00, August 9, 2025.
  •  IT: 13:00~16:00, August 9, 2025.
  •  Agricultural: 9:00~12:00, August 10, 2025.
  •  Engineering: 13:00~16:00, August 10, 2025.
  •  Economics/Tourism: 9:00~ 12:00, August 16, 2025.
  •  Engineering: 13:00~16:00, August 16, 2025.
  •  Engineering/IT (University of Miyazaki): 9:00~10:00, August 30, 2025.

ဟောပြောပွဲတက်ရောက်ရန်စိတ်ပါဝင်စားသူများသည် အထက်တွင်ဖော်ပြခဲ့သော registration link မှာပင် တခါတည်း စာရင်းပေးသွင်းခဲ့နိုင်ပါသည်။ ပြီးစီးသွားသော seminar များအတွက် video recording ပြန်ဖွင့်ပြခြင်းများကို Myanmar-Japan Center Facebook page တွင် ထပ်မံကြေငြာပေးသွားပါမည်။

စုံစမ်းမေးမြန်းမှုများအတွက်
Myanmar-Japan Center, 12th floor, UMFCCI Office tower, မင်းရဲကျော်စွာလမ်း (စိန်ဂျွန်း City Mallရှေ့လမ်း), ကုတင် ၅၀၀ဆေးရုံအလွန်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
? Email Address: [email protected]

Myanmar-Japan Center update information များအတွက်
LinkedIn- https://www.linkedin.com/.../mjc-scholarship-program...
Facebook- https://www.facebook.com/share/p/QosU6nZFw1VaDtjN/?mibextid=oFDknk

Posted Under by: Awards | Long-term Capacity Development

11-Aug-2025
Application Announcement for Long-term Capacity Development Scholarship Program
visitors :      210,939