2025 Nov EJU စာမေးပွဲ ဖြေဆိုကြမည့်သူများသို့
မကြာခင် ဖြေဆိုရတော့မယ့် 2025 Nov EJU စာမေးပွဲအတွက် အဆင်သင့်ဖြစ်ကြပြီလား မိနစံ ?
စာမေးပွဲမတိုင်ခင် စာမေးပွဲ အထာ သေချာနားလည်ဖို့ အင်မတန်အရေးကြီးတယ်ဆိုတာ အားလုံး သိရှိလက်ခံထားကြမယ်လို့ ထင်ပါတယ်။
စာမေးပွဲအထာနပ်ဖို့ အကြိမ်ကြိမ် ကြိုတင် အစမ်းဖြေဆိုကြည့်ဖို့လည်း တိုက်တွန်းပါရစေ။
အစမ်းလေ့ကျင့်ဖြေဆိုခြင်းအားဖြင့် ကိုယ့်လိုအပ်ချက်တွေကို စာမေးပွဲမတိုင်ခင် ပြန်လည်သုံးသပ်နိုင်ပြီး အချိန်မီ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
EJU စာမေးပွဲမှာ ဘာသာစုံဖြေဆိုသူတွေဟာ မနက်ကနေ ညနေအထိ ဘာသာရပ်တွေကို တစ်ဘာသာပြီးတစ်ဘာသာ ဆက်တိုက်ဖြေဆိုကြရတာမို့ တစ်နေ့လုံးနီးပါး အစမ်းဖြေဆိုလေ့ကျင့်ထားတာမျိုး မရှိရင် သေချာပေါက် စာမေးပွဲနေ့မှာ အာရုံစိုက်နိုင်စွမ်းကျတာ၊ စာရသလောက် မဖြေဆိုနိုင်တာမျိုးတွေ ကြုံကြရပါတယ်နော်။
တစ်နေ့လုံးနီးနီး ဖြေဆိုရတဲ့ EJU စာမေးပွဲကြီးကို ပထမဆုံးအကြိမ် ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေရော၊ ထပ်မံကြိုးစားဖြေဆိုမယ့်သူလေးတွေပါ အစမ်းဖြေဆို သုံးသပ်နိုင်ဖို့ EJU MOCK TEST ပြုလုပ်ပေးသွားပါမယ်နော် ✅
ဒီ EJU MOCK TESTကနေ -
⭐️ သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ဘာသာရပ်အားလုံးကို တကယ့်စာမေးပွဲလို ဖြေဆိုလေ့ကျင့်နိုင်ခြင်း၊
⭐️ ဖြေဆိုပြီး အမှတ်ရလဒ်များသိရှိနိုင်ပြီး မိမိအခြေအနေကို သုံးသပ်နိုင်ခြင်း၊
⭐️ EJU စာမေးပွဲအချိန်အတိုင်း ဖြေဆိုရခြင်းကြောင့် စာမေးပွဲကြီးမှာ အချိန်တွက်ဆ ဖြေဆိုနိုင်ခြင်း ဆိုတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။
➡️ ဖြေဆိုရမည့် နေ့ရက် - 19.10.2025 (Sunday)
(အချိန်နှင့်နေရာတို့အား ဖြေဆိုမည့်သူများကိုသာ သီးသန့် Mail ဖြင့်ပေးပို့သွားပါမည်)
ဒါကြောင့် EJU ဖြေဆိုမယ့်သူတွေအနေနဲ့ ကြိုတင်ကာ အစမ်းလေ့ကျင့်နိုင်ဖို့
✅“စာရွက်စာတမ်းကြေး (၈,၀၀၀) ကျပ်သာ” ပေးသွင်းပြီး စာရင်းသွင်း ဖြေဆိုနိုင်ပါပြီနော်။
➡️ ဖြေဆိုမည့်သူများ စာရင်းသွင်းရန် >> https://forms.gle/3jmxpPWbQxqaxaRp8

Posted Under by: Exam | EJU
14-Oct-2025