၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲလျှောက်လွှာလက်ခံခြင်းနှင့်ပတ်သက်၍
စာမေးပွဲကျင်းပမည့် နေ့ရက် - ၂၁.၆.၂၀၂၆ (တနင်္ဂနွေနေ့)
စာမေးပွဲကျင်းပမည့် နေရာ - ရန်ကုန်မြို့
ဖြေဆိုနိုင်မည့် ဘာသာရပ်များ
1. Japanese as a Foreign Language
2. Science (or) Japan and the World
3. Mathematics
စာမေးပွဲကြေး - ၆၀,၀၀၀ ကျပ် (ဘာသာရပ်အားလုံးအတွက်)
သိပ္ပံတွဲ - Japanese as a Foreign Language, Science, Mathematics
ဝိဇ္ဇာတွဲ - Japanese as a Foreign Language, Japan and the World, Mathematics
လျှောက်လွှာလက်ခံမည့် ကာလ
ရန်ကုန်. - ၁၈.၂.၂၀၂၆ ရက်နေ့မှ ၁၂.၃.၂၀၂၆ ရက်နေ့ထိ
မန္တလေး - ၁၈.၂.၂၀၂၆ ရက်နေ့မှ ၁၂.၃.၂၀၂၆ ရက်နေ့ထိ
(အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့အထိ)
စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။
လျှောက်လွှာလက်ခံမည့် အချိန်
နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း
နေ့လယ် ၁၂း၀၀ နာရီမှ နေ့လယ် ၁း၀၀ နာရီအထိ ထမင်းစားချိန် ခေတ္တနားပါသည်။
လျှောက်လွှာလက်ခံမည့် နေရာများ
MAJA Head Office (Yangon)
No 2B-(4), Snow Garden Housing, Thu Mingalar Road, Thingangyun Township, Yangon, Myanmar.
09-262602121, 09-428612151 (9:30am to 4:00pm)
MAJA Education Centre (Yangon)
No. 440 (B), Zay Ya 14th Street, 10th Quarter, Near Thitsar Road, South Okkalapa Township, Yangon, Myanmar.
09-428613848 (9:30am to 4:00pm)
MAJA Office Mandalay
1st Floor, MABA, Water Street, Block-1, Unit 6, Mingalar Mandalay, Chan Mya Thar Si Township, Mandalay
09-255162533 (9:30am to 4:00pm)
လျှောက်လွှာတင်ရန် လိုအပ်သည်များ
(၁) အလျား ၃ စင်တီမီတာ၊ အနံ ၄ စင်တီမီတာရှိ လိုင်စင်ဓာတ်ပုံ (၃) ပုံ
- နောက်ခံ အပြာ (သို့) အဖြူ ဖြစ်ရမည်။
- ၃လအတွင်း ရိုက်ကူးထားသည့် ကြည်လင်ပြတ်သားသောပုံ ဖြစ်ရမည်။
- အလင်းပြန်နေသောပုံ၊ အရိပ်ကျနေသောပုံ၊ ဝါးနေသော/ ပေစွန်းနေသောပုံများ မဖြစ်ရပါ။
(၂) မှတ်ပုံတင်မိတ္တူ တစ်စုံ
လျှောက်လွှာအား ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား လာရောက်တင်ရပါမည်။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လျှောက်လွှာ တင်ရာတွင် မိမိအမှန်တကယ်ဖြေဆိုလိုသည့် ဘာသာရပ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှောက်လွှာတွင် သေချာစွာ ဖြည့်သွင်းပေးပါရန်နှင့် လျှောက်လွှာတင်ပြီး နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခွင့် (လုံးဝ) မရှိပါကြောင်း အသိပေးအပ်ပါသည်။
စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း


Posted Under by: Exam | EJU
11-Feb-2026