Application Announcement for MEXT Scholarship 2027 (Research Students Program)
ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology (MEXT) မှ 2027 ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့် Research Students Scholarship Program အတွက် ဧပြီလ ( ၂၂ ) ရက်နေ့မှ စတင်၍ စာရင်းသွင်းနိုင်ပြီး၊ မေလ ( ၁၄ ) ရက်နေ့မှ လျှောက်လွှာစာရွက်စာတမ်းများကို စတင်လက်ခံမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
(က) လျှောက်လွှာပုံစံများ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များအပါအ၀င် အသေးစိတ် အချက်အလက်များကို အောက်ပါ link တွင် download ရယူပြီး ကြည့်ရှုလေ့လာလျှောက်ထားနိုင်ပါသည်။
https://www.studyinjapan.go.jp/en/smap-stopj-applications-research.html
***
(ခ) ပြည်တွင်း/ပြည်ပ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ ယခု Scholarship Program ကို အောက်ဖေါ်ပြပါ အစီအစဥ်အတိုင်း လျှောက်ထားနိုင်ပါသည်။ MEXT မှ သတ်မှတ်ထားသော Guidelines အရ လက်ရှိမြန်မာနိုင်ငံ တွင် နေထိုင်သူများသာ လျှောက်ထားနိုင်ပါသည်။
၁။ လျှောက်လွှာလက်ခံရက်
စာရင်းသွင်းခြင်း (Google Form) – April 22nd 2026 မှ May 13th 2026 အတွင်း
(ပိတ်ရက်မရှိ) (မေလ ၁၃ ရက်နေ့ ညနေ ၃း၀၀ နာရီ အထိသာ)
လျှောက်လွှာစာရွက်စာတမ်းများ ပေးပို့တင်သွင်းခြင်း - May 14th 2026 မှ May 21st 2026 အတွင်း
(ပိတ်ရက်မရှိ) (နေ့စဉ် နံနက် ၉း၀၀ နာရီမှ ညနေ ၃း၀၀ နာရီ အတွင်းသာ)
(April 22nd 2026 မှ May 13th 2026 အတွင်း Google Form တွင် စာရင်းသွင်းထားခြင်းမရှိပါက လျှောက်လွှာ စာရွက်စာတမ်းများအား လက်ခံမည်မဟုတ်ပါ။)
၂။ လျှောက်ထားရမည့်နည်းလမ်း
(၂-၁) Google Form တွင် စာရင်းသွင်းခြင်း - သတ်မှတ်ရက်နှင့်အချိန်အတွင်း အောက်ဖေါ်ပြပါ Google Form တွင် အချက်အလက်များကို ဖြည့်သွင်းပြီး စာရင်းပေးသွင်း ရမည် ဖြစ်ပါသည်။
https://forms.gle/qGin9ph5LmukSsas6
(၂-၂) လျှောက်လွှာစာရွက်စာတမ်းများပေးပို့ခြင်း - ဂျပန်နိုင်ငံ၏ MEXT (Ministry of Education, Culture, Sports, Science and Technology) မှ သတ်မှတ်ထားသော လျှောက်လွှာနှင့် ပညာအရည်အချင်းနှင့် ပတ်သက်သည့် အောက်ဖော်ပြပါစာရွက်စာတမ်းများအား MAJA ရုံးခန်းသို့ လူကိုယ်တိုင်/ကိုယ်စားဖြစ်စေ၊ စာတိုက်/ အမြန်ချောပို့ များမှတဆင့်ဖြစ်စေ May 21st 2026 ညနေ ၃း၀၀ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။
1. Application Form
(အပိုဒ်-က ပါ link တွင် ဝင်ရောက် download ရယူ၍ လက်ရေးဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့် ဖြစ်စေ ပြည့်စုံစွာ ဖြည့်စွက်၍ ပေးပို့ရမည်။)
2. Academic Transcript for all academic year of university attended
(မိမိနောက်ဆုံးရရှိခဲ့သည့် Bachelor Degree သို့မဟုတ် Master Degree အတွက် တက်ရောက်ခဲ့ သော စာသင်နှစ်အားလုံး၏ အမှတ်စာရင်းမိတ္တူများ တင်ပြရ မည်။)
3. Certificate of Graduation
(မိမိနောက်ဆုံးရရှိခဲ့သည့် Bachelor Degree သို့မဟုတ် Master Degree ဘွဲ့လက်မှတ်မိတ္တူကို တင်ပြရမည်။)
4. Research Plan
(အပိုဒ်-က ပါ link တွင် Research Plan Format အား ဝင်ရောက် download ရယူ၍ ကွန်ပျူတာဖြင့် စာစီရေးသားရပါမည်။ အနည်းဆုံး ၂ မျက်နှာမှ အများဆုံး ၄ မျက်နှာထိ ရေးသား တင်ပြရပါမည်။ ရေးဖြေစာမေးပွဲအား အကဲဖြတ်သည့်အချိန်တွင် Research Plan အားလည်း ပူးတွဲ အကဲဖြတ် အမှတ်ပေးသွားမည်ဖြစ်သည်။)
5. Screenshot Proof of Application
(April 22nd 2026 မှ May 13th 2026 အတွင်း Google Form တွင် စာရင်းသွင်းပြီးပါက လျှောက်ထားသူ၏ email သို့ အလိုအလျောက်ဝင်လာမည့် response email အား အနည်းဆုံး မိမိ အမည်ပေါ်သည်အထိ screenshot ရိုက်ယူ၍ print ထုတ်ပြီး ပူးတွဲတင်ပြရမည်။)
ပေးပို့ရမည့် လိပ်စာ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
အမှတ် 2B(4)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
စာတိုက်/ အမြန်ချောပို့များဖြင့် ပေးပို့လိုပါက “ညနေ ၃း၀၀ နာရီ မတိုင်ခင် ပို့ပေးပါရန်” ဟု မှတ်ချက် ထည့်ပေးရန်။
(ဂ) MAJA မှ အောက်ဖေါ်ပြပါ အဆင့်များဖြင့် ပဏာမရွေးချယ်သွားပါမည်။
(၁) လျှောက်လွှာနှင့် ပညာအရည်အချင်းအထောက်အထားများကို စိစစ်ခြင်း။
(သတ်မှတ်ချက်နှင့် ပြည့်စုံသော လျှောက်ထားသူများအား ရေးဖြေစာမေးပွဲဖြေဆိုရန် ဖြေဆိုခွင့်ရရှိသူစာရင်းကို May 22nd 2026 တွင်ကြေငြာသွားပါမည်။)
(၂) ရေးဖြေစာမေးပွဲဖြင့်အကဲဖြတ်ခြင်း။
(English Language and Basic Japanese) or (Japanese Language N2 Level)
(၃) ရေးဖြေစာမေးပွဲ ကျင်းပမည့်ရက် - May 31st 2026 (Sunday)
(၄) လူတွေ့စစ်ဆေးအကဲဖြတ်ခြင်း။
(ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်သူများအနေဖြင့် လူတွေ့စစ်ဆေးအကဲဖြတ်ခြင်းအတွက် ရန်ကုန်မြို့ရှိ သတ်မှတ်စာဖြေဌာနသို့ လူကိုယ်တိုင်လာရောက်ရပါမည်။ အသေးစိတ်အား ဇွန်လ (၂) ရက်နေ့တွင် ရေးဖြေစာမေးပွဲ အောင်စာရင်းနှင့်တကွ အကြောင်းကြားသွားပါမည်။)
(၅) လူတွေ့စစ်ဆေးအကဲဖြတ်မည့်နေ့ရက် - June 15th 2026 နှင့် June 16th 2026 (Monday & Tuesday)
***
(ဃ) ပဏာမအဆင့်အောင်မြင်သူများကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဆက်လက်စစ်ဆေးရွေးချယ်ခြင်းများ ပြုလုပ်မည် ဖြစ်ပါသည်။
(င) စာမေးပွဲကျင်းပမည့်အစီအစဉ်အသေးစိတ်အား စာမေးပွဲဖြေဆိုခွင့်ရရှိသူများထံ မေလ ၂ ၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် Email ဖြင့် ပေးပို့သွားမည် ဖြစ်ပါ သည်။
***
(စ) MEXT Scholarship 2027 အတွက် လျှောက်ထားသူများ/ ရွေးချယ်ခံရသူများအနေဖြင့်လည်း အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲမှုများ ရှိလာနိုင်သည် ကိုလည်း ကြိုတင် အသိပေးအပ်ပါသည်။
***
သတိပြုရန်
မိမိဖြည့်စွက်ထားသော Email Address မှားယွင်းခြင်း၊ အချိန်မှီ Email စစ်ဆေးခြင်း မပြုသောကြောင့် ဖြစ်ပေါ်လာသော နောက်ကျခြင်းများသည် လျှောက်ထားသူ၏ တာဝန်သာ ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်း၏ တယ်လီဖုန်းအမှတ်များဖြစ်သည့် ၀၁ - ၇၅၇၁၀၁၅ (လိုင်းခွဲ - ၂)၊ ၀၉ - ၂၆၂၆၀၂၁၂၁ ၊ ၀၉ - ၄၂၈၆၁၂၁၅၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
MAJA




Posted Under by: Awards | MEXT
23-Apr-2026