Application Announcement for MEXT Scholarship 2027 (Undergraduate, College of Technology, Specialized Training)
ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology (MEXT) မှ 2027 ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့် အောက်ပါ Undergraduate Students Scholarship Program များအတွက် ဧပြီလ ( ၂၂ ) ရက်နေ့မှ စတင်၍ စာရင်းသွင်းနိုင်ပြီး၊ မေလ ( ၁၄ ) ရက်နေ့မှ လျှောက်လွှာစာရွက် စာတမ်းများကို စတင်လက်ခံမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
1. Undergraduate Students Program
2. College of Technology Students Program
3. Specialized Training College Students Program
(က) လျှောက်လွှာပုံစံများ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များအပါအ၀င် အသေးစိတ်အချက် အလက်များကို အောက်ပါ link များတွင် download ရယူပြီး ကြည့်ရှုလေ့လာလျှောက်ထားနိုင်ပါသည်။
(Undergraduate)
https://www.studyinjapan.go.jp/en/smap-stopj-applications-undergraduate.html
(College of Technology)
https://www.studyinjapan.go.jp/en/smap-stopj-applications-technology.html
(Specialized Training College)
https://www.studyinjapan.go.jp/en/smap-stopj-applications-specialized.html
Undergraduate Students Program, College of Technology Students Program, Specialized Training College Students Program များနှင့် ပတ်သက်၍ အောက်ပါအတိုင်း လျှောက်ထားနိုင်မည်ဖြစ်ပြီး ဆက်လက် ဖော်ပြထားသည့်အတိုင်း ရွေးချယ်သွားမည် ဖြစ်ပါသည်။
လျှောက်ထားရန် ပညာအရည်အချင်း လိုအပ်ချက်
Undergraduate Student Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၅၀ နှင့် အထက် (သို့မဟုတ်) EJU, Cambridges International (A) Level, iGCSE, GCE (A) Level စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ*တွင် အမှတ်ပေါင်း ၆၀% အထက် ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။
College of Technology Training Student Program နှင့် Specialized Training College Students Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၂၀ နှင့် အထက် (သို့မဟုတ်) EJU, Cambridges International (A) Level, iGCSE, GCE (A) Level စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ*တွင် အမှတ်ပေါင်း ၅၀% အထက် ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။
(*) နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက MAJA ရုံးခန်းသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
***
(ခ) မိမိနှင့်ကိုက်ညီသော Scholarship Program (တစ်ခု) ကို ရွေးချယ်၍ အောက်ဖေါ်ပြပါအစီအစဥ်အတိုင်း လျှောက်ထားနိုင်ပါသည်။ MEXT မှ သတ်မှတ်ထားသည့် Guidelines အရ လက်ရှိ မြန်မာနိုင်ငံတွင်း နေထိုင်သူများ သာလျှောက်ထားနိုင်ပါသည်။
၁။ လျှောက်လွှာလက်ခံရက်
စာရင်းသွင်းခြင်း (Google Form) – April 22nd 2026 မှ May 13th 2026 အတွင်း
(ပိတ်ရက်မရှိ) (မေလ ၁၃ ရက်နေ့ ညနေ ၃း၀၀ နာရီ အထိသာ)
လျှောက်လွှာစာရွက်စာတမ်းများ ပေးပို့တင်သွင်းခြင်း - May 14th 2026 မှ May 21st 2026 အတွင်း
(ပိတ်ရက်မရှိ) (နေ့စဉ် နံနက် ၉း၀၀ နာရီမှ ညနေ ၃း၀၀ နာရီ အတွင်းသာ)
(April 22nd 2026 မှ May 13th 2026 အတွင်း Google Form တွင် စာရင်းသွင်းထားခြင်းမရှိပါက လျှောက်လွှာ စာရွက်စာတမ်းများအား လက်ခံမည်မဟုတ်ပါ။)
၂။ လျှောက်ထားရမည့်နည်းလမ်း
(၂-၁) Google Form တွင် စာရင်းသွင်းခြင်း - သတ်မှတ်ရက်နှင့်အချိန်အတွင်း အောက်ဖေါ်ြပပါ Google Form တွင် အချက်အလက်များကို ဖြည့်သွင်းပြီး စာရင်း ပေးသွင်းရမည် ဖြစ်ပါသည်။
(Undergraduate)
https://forms.gle/UrtRFNH7czzwPAsU7
(College of Technology)
https://forms.gle/nus1tq4RdGRGJ99y7
(Specialized Training College)
https://forms.gle/qNGD2Fduah7KtRun6
(၂-၂) လျှောက်လွှာစာရွက်စာတမ်းများ ပေးပို့ခြင်း - ဂျပန်နိုင်ငံ၏ MEXT (Ministry of Education, Culture, Sports, Science and Technology) မှ သတ်မှတ်ထား သည့် လျှောက်လွှာနှင့်အတူ ပညာအရည်အချင်းနှင့်ပတ်သက်သည့် အောက်ဖော်ပြပါ စာရွက်စာတမ်းများအား MAJA ရုံးခန်းသို့ လူကိုယ်တိုင်/ ကိုယ်စားဖြစ်စေ၊ စာတိုက်/ အမြန်ချောပို့များ မှတဆင့်ဖြစ်စေ May 21st 2026 ညနေ ၃း၀၀ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။
1. Application Form
(အပိုဒ်-က ပါ link တွင် ဝင်ရောက် download ရယူ၍ လက်ရေးဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ ပြည့်စုံစွာ ဖြည့်စွက်ရန်။)
2. Academic Transcript(s) for all school/ university years
(တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ (သို့မဟုတ်) တက္ကသိုလ် ပထမနှစ် တက်ရောက်နေသူ ဖြစ်ပါက တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းမိတ္တူ တင်ပြရမည်။ တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် တက်ရောက်နေသူဖြစ်ပါက တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းမိတ္တူနှင့်တကွ တက်ရောက်ခဲ့ပြီးသော စာသင်နှစ်များ၏ အမှတ်စာရင်း များကိုပါ တင်ပြရမည်။ နိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲ ဖြေဆို ထားသူများအနေဖြင့် သက်ဆိုင်ရာစာမေးပွဲများ၏ အမှတ်စာရင်းမိတ္တူများအား တင်ပြရမည်။)
3. Certificate of Graduation of School
(တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲ ဖြေဆိုထားသူများအနေဖြင့် သက်ဆိုင်ရာစာမေးပွဲအောင်လက်မှတ်မိတ္တူကို တင်ပြရမည်။)
4. Screenshot Proof of Application
(April 22nd 2026 မှ May 13th 2026 အတွင်း Google Form တွင် စာရင်းသွင်းပြီးပါက လျှောက်ထားသူ၏ email သို့ အလိုအလျောက်ဝင်လာမည့် response email အား အနည်းဆုံး မိမိအမည်ပေါ်သည်အထိ screenshot ရိုက်ယူ၍ print ထုတ်ပြီး ပူးတွဲတင်ပြရမည်။)
ပေးပို့ရမည့် လိပ်စာ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
အမှတ် 2B(4)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
စာတိုက်/ အမြန်ချောပို့များဖြင့် ပေးပို့လိုပါက “ညနေ ၃း၀၀ နာရီ မတိုင်ခင် ပို့ပေးပါရန်” ဟု မှတ်ချက် ထည့်ပေးရန်။
***
(ဂ) MAJA မှ အောက်ဖေါ်ပြပါအဆင့်များဖြင့် ပဏာမရွေးချယ်သွားပါမည်။
(၁) လျှောက်လွှာနှင့် ပညာအရည်အချင်းအထောက်အထားများကို စိစစ်ခြင်း။
(သတ်မှတ်ချက်နှင့် ပြည့်စုံသော လျှောက်ထားသူများအား ရေးဖြေစာမေးပွဲဖြေဆိုရန် ဖြေဆိုခွင့်ရရှိသူစာရင်းကို May 22nd 2026 တွင်ကြေငြာသွားပါမည်။)
(၂) ရေးဖြေစာမေးပွဲဖြင့်အကဲဖြတ်ခြင်း။
- Undergraduate Students ဖြေဆိုရမည့်ဘာသာများ
(Japanese Language and Mathematics A or B) - College of Technology Students ဖြေဆိုရမည့်ဘာသာများ
(Japanese Language and Mathematics B) - Specialized Training College Students ဖြေဆိုရမည့်ဘာသာများ
(Japanese Language and Mathematics A)
(၃) ရေးဖြေစာမေးပွဲကျင်းပမည့်ရက် - May 30th 2026 (Saturday)
(၄) ရေးဖြေစာမေးပွဲဖြေဆိုရမည့်နေရာ - ဖြေဆိုခွင့်ရရှိသူစာရင်းနှင့်အတူ အကြောင်းကြားပါမည်။
***
(ဃ) ပဏာမအဆင့်အောင်မြင်သူများကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဆက်လက်စစ်ဆေးရွေးချယ်ခြင်းများ ပြုလုပ်မည် ဖြစ်ပါသည်။
***
(င) စာမေးပွဲကျင်းပမည့်အစီအစဉ်အသေးစိတ်အား စာမေးပွဲဖြေဆိုခွင့်ရရှိသူများထံ မေလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် Email ဖြင့် ပေးပို့သွားမည် ဖြစ်ပါသည်။
***
(စ) MEXT Scholarship 2027 အတွက် လျှောက်ထားသူများ/ ရွေးချယ်ခံရသူများအနေဖြင့်လည်း အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲမှုများ ရှိလာနိုင်သည်ကို လည်း ကြိုတင် အသိပေးအပ်ပါသည်။
***
သတိပြုရန်
မိမိဖြည့်စွက်ထားသော Email Address မှားယွင်းခြင်း၊ အချိန်မှီ Email စစ်ဆေးခြင်း မပြုသောကြောင့် ဖြစ်ပေါ်လာသော နောက်ကျခြင်းများသည် လျှောက်ထားသူ၏ တာဝန်သာ ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်း၏ တယ်လီဖုန်းအမှတ်များဖြစ်သည့် ၀၁ - ၇၅၇၁၀၁၅ (Ext: ၁)၊ ၀၉ - ၂၆၂၆၀၂၁၂၁ ၊ ၀၉ - ၄၂၈၆၁၂၁၅၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
MAJA





Posted Under by: Awards | MEXT
23-Apr-2026