(၂၀၂၅ - ၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုထားသူများ လျှောက်ထားနိုင်မည့် EJU သင်တန်းကြေး စကော်လားရှစ်အစီအစဉ် [MEXT Scholarship ဖြေဆိုဖို့ အထောက်အပံ့ကောင်း]
၁၂ တန်း အောင်စာရင်းများ မထွက်ရှိခင် ၁၂ တန်း ဖြေဆိုထားသူ ကျောင်းသား/ကျောင်းသူများအတွက်ရည်ရွယ်ကာ၊
ဂျပန်နိုင်ငံရဲ့ ထိပ်တန်းပညာသင်ဆု၊ အစိုးရပညာသင်ဆုတစ်ခုဖြစ်တဲ့ MEXT Scholarship နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဂျပန်အစိုးရပညာသင်ဆုဆိုတာ -
ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ်အတွက် ထောက်ပံ့ကြေးများရရှိသည့်အပြင်၊
ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်နှင့် ကောလိပ်များတွင် ပညာသင်ခွင့် ရရှိသည့်အတွက်
ထူးချွန်သည့် လူငယ်များအတွက် ကြီးမားသည့် အခွင့်အရေးဖြစ်ပါတယ်။ အဆိုပါ ပညာသင်ဆုအား ဖြေဆိုအောင်မြင်နိုင်ရန်
အထောက်အပံ့ကောင်းဖြစ်သည့် EJU သင်တန်းကိုလည်း MAJA တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
【EJU အကြောင်း မိတ်ဆက်】
Examination for Japanese University Admission for International Students (EJU) ဆိုတာက နိုင်ငံခြားကျောင်းသား၊ ကျောင်းသူများ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူနိုင်ရန်အတွက် ဖြေဆိုရသည့် ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်ပါသည်။
EJU Website: https://www.jasso.go.jp/en/ryugaku/eju/index.html
EJU စာမေးပွဲကျင်းပချိန်
• နှစ်စဉ် ဇွန်လနှင့် နိုဝင်ဘာလ
• မြန်မာနိုင်ငံတွင် ဖြေဆိုနိုင်ပါသည်။
ဖြေဆိုရမည့် ဘာသာရပ်များ
(၁) ဝိဇ္ဇာတွဲ
• Japanese as a Foreign Language (JFL)
• Japan and the World
• Mathematics I
(၂) သိပ္ပံတွဲ
• Japanese as a Foreign Language (JFL)
• Physics / Chemistry / Biology (နှစ်ဘာသာရွေးချယ်)
• Mathematics II
【EJU နှင့် MEXT ပညာသင်ဆု အခွင့်အလမ်း】
EJU သင်တန်းများအား စနစ်တကျ တက်ရောက်ထားခြင်းဖြင့် ဂျပန်အစိုးရ၏ ၁၀၀% ပညာသင်ဆုဖြစ်သော MEXT Scholarship လျှောက်ထားရာတွင် များစွာအထောက်အကူပြုနိုင်ပြီး၊ ဂျပန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များတွင် ပညာဆည်းပူးနိုင်ရန် အခွင့်အလမ်းများ ပိုမိုရရှိစေပါသည်။
MAJA Education Centre မှ EJU သင်တန်းတက်ရောက်ခဲ့ပြီး MEXT Scholarship ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမှာ -
• ၂၀၂၃ ခုနှစ် - (၅) ဦး
• ၂၀၂၄ ခုနှစ် - (၇) ဦး
• ၂၀၂၅ ခုနှစ် - (၃) ဦး
• ၂၀၂၆ ခုနှစ် - (၆) ဦး
ဖြစ်ပါသည်။ ထို့အပြင် ဂျပန်အစိုးရ ထိပ်တန်းတက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့သူများစွာကိုလည်း မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
【EJU သင်တန်းနှင့် ပညာသင်ဆု အစီအစဉ်】
MAJA Education Centre မှ EJU စာမေးပွဲအတွက် ပြင်ဆင်သင်ကြားပေးသည့် သင်တန်းများအား ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် စတင်မည့် EJU အတန်းအတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုဖြင့် အခမဲ့ တက်ရောက်ခွင့်အား ပေးအပ်သွားမည်ဖြစ်ပါသည်။
မှတ်ချက် - ယခုနှစ်တွင် သင်တန်းစတင်တက်ရောက်သူများသည် "MEXT Scholarship 2028" အတွက် ပြင်ဆင်ရန် ဖြစ်ပါသည်။
၄ ဘာသာ ဂုဏ်ထူး (သို့) အမှတ်ပေါင်း ၄၅၀ မှတ်နှင့် အထက် ကျောင်းသားများကိုသာ ပေးအပ်မည် ဖြစ်ပါသဖြင့် စာမေးပွဲအောင်စာရင်းထွက်သည့် အခါတွင် အထောက်အထား ပြသပေးရပါမည်။
ယခင် ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အား ထူးချွန်စွာ အောင်မြင်ထားသူများလည်း လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ လျှောက်ထားသူဦးရေများပြားပါက စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။
EJU သင်တန်း ပညာသင်ဆု လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Google Form မှတဆင့် ကြိုတင်ကာ ဦးစားပေးစာရင်းပေးသွင်းနိုင်ပါသည်။
Google Form Link : https://forms.gle/MLJPqU82p8UfPQrcA
Phone Number >> 09 428 613 848
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)
လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်မြို။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)
Telegram Channel : https://t.me/majaeducentre
Tiktok : https://www.tiktok.com/@majaeducationcent8?_r=1...

Posted Under by: Exam | EJU
08-Jun-2026