၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်ရောက်နိုင်မည့် ပညာသင်ဆု (Asahi Shimbun Scholarship) အတွက် လျှောက်လွှာများကို MAJA Education Centre မှ စတင်လက်ခံခေါ်ယူနေပါပြီ။
ယခု ခေါ်ယူမည့် သတင်းစာ စကော်လားရှစ်အား အောက်ပါ လိုအပ်ချက်များနှင့် ပြည့်စုံသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။
📌 လိုအပ်ချက်များ
(၁) ဂျပန်ဘာသာ အရည်အချင်းတွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ (JLPTအောင်လက်မှတ်တင်ပြနိုင်ရမည်)
(၂) 2026 April တွင် အသက် (၁၈) နှစ် နှင့် (၂၅) နှစ်အကြားရှိသူ
(၃) ပညာအရည်အချင်း စနစ်သစ် - ၁၂ တန်းအောင်မြင်ထားသူ (သို့) စနစ်ဟောင်း ၊ တက္ကသိုလ်ပထမနှစ်နှင့် အထက် အောင်မြင်ထားသူ
(၄) အိမ်ထောင်မရှိသူ
(၅) တက်တူး (လုံးဝ) မရှိသူ
(၆) ကျန်းမာရေးကောင်းမွန်ကြံ့ခိုင်သူ
(၇) Passport (PV / PE) ကိုင်ထားသူ (သို့မဟုတ်) Passport လျှောက်ထားဆဲ (သို့မဟုတ်) Passport လျှောက်ထား/လဲလှယ်ရန်အတွက် QR code ရရှိထားသူ
(၈) ဆိုင်ကယ်လိုင်စင် (က) လိုင်စင် လုပ်ရန် လိုအပ်ပါသည်။
ဂျပန်နိုင်ငံသို့ ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိပါ။
ရွေးချယ်ခံရသူများအတွက် ကုန်ကျစရိတ်
➡️ အင်တာဗျူး အောင်မြင်ပြီးပါက MAJA Education Centre သို့ Processing Fees (၂၅) သိန်း သွင်းရမည်ဖြစ်သည်။
Processing Fees (၂၅) သိန်းတွင် ဂျပန်စာသင်တန်းကြေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သတင်းစာပို့ခြင်းဆိုင်ရာ သင်တန်းကြေး၊ ဂျပန်လူမျိုးဆရာ/မများနှင့် နေ့စဉ်စကားပြောသင်တန်းများ အပါအဝင်ဖြစ်သည်။
➡️ COE ရရှိချိန်တွင် သတင်းစာတိုက်သို့ $1000 (သို့မဟုတ်) ယန်း ၁၅သောင်း ပေးသွင်းရပါမည်။
ခံစားခွင့်များ
➡️ လေယာဥ်လက်မှတ်အား သတင်းစာတိုက်ဘက်မှ ပြန်လည်ကျခံပေးသွားမည် ဖြစ်သည်။
➡️ ၂ နှစ်စာ ကျောင်းလခကို အဆာဟိ သတင်းစာတိုက်မှ ထောက်ပံ့မည် ဖြစ်သည်။
➡️ အဆောင်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သတင်းစာဆိုင်ခွဲမှ စီစဉ်မည် ဖြစ်ပြီး အဆောင်ကြေးအနေဖြင့် မိမိလစာမှ တစ်လလျှင် ယန်း ၁ သောင်းကို နှုတ်သွားမည် ဖြစ်သည်။
➡️ လစာ ယန်း ၁၅ သောင်းနှင့် အထက်။ (ယင်းလစာမှ ဝင်ငွေခွန် ပြန်လည် နှုတ်ထားခြင်းရှိပါသည်)
➡️ နားရက် တစ်လလျှင် (၄ ရက်)
ပထမနှစ်အတွက် ခွင့်ခံစားခွင့် (၁၀) ရက် ရရှိမည်ဖြစ်ပြီး အလုပ်ဝင်ပြီး (၆) လကျော်သည့် အချိန်မှစ၍ စတင်ခံစားနိုင်ပါသည်။
ဒုတိယနှစ်အတွက် ခွင့်ခံစားခွင့် (၁၁) ရက် ရရှိမည်ဖြစ်ပြီး အလုပ်ဝင်ပြီး (၁၈) လကျော်သည့် အချိန်မှစ၍ စတင်ခံစားနိုင်ပါသည်။
📌 လျှောက်လွှာလက်ခံကာလ - (12.6.2026 မှ 5.7.2026 အထိ)
အထက်ပါ လိုအပ်ချက်များနှင့် ပြည့်စုံသူများအနေဖြင့် အောက်ဖော်ပြပါ Google Form အားဖြည့်စွက်ကာ လျှောက်ထားနိုင်ပါသည်။
Google Form Link: https://forms.gle/zrBePAsXU9cQhUWF9
‼️ လျှောက်ထားပြီးသူများအား Scholarship နှင့်သက်ဆိုင်သည့် အသေးစိတ်အစီအစဥ်များကို Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတစ်ဆင့်သာ ဆက်သွယ်အကြောင်းကြား ပေးပို့သွားမည်ဖြစ်ပါသဖြင့် Google Form ဖြည့်ပြီးသည့် နောက်တွင် အီးမေးလ်အား သတိပြုစစ် ဆေးရန်လိုအပ်ပါသည်။
📲 သင်တန်းကိစ္စများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် >> 09 428 613 848
📲 Asahi သတင်းစာ စကော်လာနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် >> 09 770 987 222
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)
🏫 No.440(B), Zayya 14th Street, 10th Quarter, Near Thit Sar Road, South Kalapa Township. (တောင်ဥက္ကလာပမြို့နယ်တရားရုံး ဘေးလမ်း)


Posted Under by: Awards | Asahi Shinbun
12-Jun-2026