Myanmar Association of Japan Alumni ( MAJA )

 ဂျပန်ပညာတော်သင်အတွက် စတင်စိတ်ကူးနေပြီလား?


🤩 တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းတွေလည်း ထွက်ဖို့နီးကပ်လာပြီဆိုတော့ ဂျပန်ပညာတော်သင်အိပ်မက်အတွက် စိတ်ကူးနေကြတဲ့ မောင်လေး၊ ညီမလေးတို့အတွက် လက်တွေ့အကောင်အထည်ဖော်ပေးမယ့် MAJA Education Centre ရဲ့ Seminar လေး ရှိနေပါမယ်နော် . . . 🙌

💡 ဒီ Seminar ကနေတဆင့် ဘာတွေသိရှိရမလဲ ?
🙀 MEXT Scholarship – ဂျပန်အစိုးရကပေးတဲ့ အကြီးမားဆုံးပညာသင်ဆုအကြောင်းကို အစအဆုံး သိရမယ်၊
🙀 EJU စာမေးပွဲ – ဂျပန်တက္ကသိုလ်တွေ တက်ဖို့ ဘာကြောင့် EJU ဖြေရတာလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာတွေ၊
🙀 MAJA Education Centre EJU သင်တန်း –သင်တန်းကြေး ပညာသင်ဆု (အခမဲ့) နဲ့ တက်ရောက်ခွင့်ရမယ့် အခွင့်အရေး စတာတွေကို တစ်နေရာတည်းမှာ လေ့လာသိရှိနိုင်မှာပါ။

ဒါ့အပြင် ဂျပန်ပညာတော်သင် လမ်းကြောင်းမှာ ကျောင်းသားတိုင်း ယုံကြည်အားထားရတဲ့ ⭐️ MAJA ရဲ့ Secretary (Education) တစ်ဦးဖြစ်သူ Sensei Daw Kay Zin Wint (Mosar Kay) ⭐️ ကိုယ်တိုင် Main Speaker အဖြစ် ဦးဆောင်ဆွေးနွေးပေးသွားမှာပါ။ [နှစ်ခါမရနိုင်တဲ့ အခွင့်အရေးမလို့ လူဦးရေမပြည့်ခင် ခပ်သွက်သွက်လေး စာရင်းသွင်းမှနော် !!]

ဒီ Seminar ကို မဖြစ်မနေ တက်ရောက်သင့်သူတွေကတော့ -
❗️(၁၂) တန်း ဖြေဆိုအောင်မြင်ထားပြီးသူများ❗️
❗️ဂျပန်နိုင်ငံမှာ Fully Funded နဲ့ ကျောင်းသွားတက်ချင်သူများ❗️
❗️MEXT Scholarship ကို စိတ်ဝင်စားသူများ❗️
❗️MAJA မှာ သင်တန်းကြေး Scholarship နဲ့ EJU အတန်းတက်ချင်သူများ❗️

🙌 Seminar တက်သူမှသာ ရရှိနိုင်မယ့် အကြီးမားဆုံး အခွင့်အရေး 🙌
Seminar တက်ရောက်သူတွေထဲ (၄ ဘာသာဂုဏ်ထူးနှင့်အထက်) သို့မဟုတ် (အမှတ်ပေါင်း ၄၅၀ နှင့်အထက်) ရရှိထားသူတွေကို EJU သင်တန်းပညာသင်ဆု လျှောက်ထားရာမှာ"ဦးစားပေးအဆင့်" အနေနဲ့ ထည့်သွင်းစဉ်းစားပေးသွားမှာနော်။

[Seminar ကျင်းပမည့်ပုံစံ]
နေ့ရက် ။ ။ ၂၈.၆.၂၀၂၆ (တနင်္ဂနွေနေ့)
အချိန် ။ ။ နေ့လယ် (၁) နာရီမှ (၃) နာရီအထိ
ကျင်းပမည့်ပုံစံ ။ ။ ZOOM Online Platform
Seminar တက်ရောက်ရန် စာရင်းပေးသွင်းရမည့်လင့်
Google Form Link : https://forms.gle/NvyuCzMdXzTq9TwD7

နာရီပိုင်းအတွင်း အွန်လိုင်းမှတဆင့် ပါဝင်တက်ရောက်ရင်း ဂျပန်နိုင်ငံမှာ ကျောင်းတက်ရောက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမယ့် Seminar ဖြစ်လို့ ဒီပို့စ်လေးကို Share လေး တစ်ချက်နဲ့ ပြန်လည်မျှဝေပေးဦးနော်။ 🤞

📲 Seminar နှင့် သင်တန်းများအကြောင်း စုံစမ်းရန် >> 09 428 613 848
📲 Asahi Shimbun Scholarship အကြောင်းစုံစမ်းရန် >> 09 770 987 222
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)

🏫 လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်မြို။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)

Update အကြောင်းတွေ အမြဲသိရဖို့ ဒီ Channel လေးတွေလည်း Join ထားဦးနော် !
🟢 Telegram Channel : https://t.me/majaeducentre
🟢 Tiktok : https://www.tiktok.com/@majaeducationcent8?_r=1&_t=ZS-93CHQRo9TwG

Posted Under by: Awards | MEXT

26-Jun-2026
1. ၂၀၂၆ ခုနှစ် ဇူလိုင်လJLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍ 2. ဂျပန်ပညာတော်သင်အတွက် စတင်စိတ်ကူးနေပြီလား? 3. ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်
visitors :      281,049