Myanmar Association of Japan Alumni ( MAJA )

 ဂျပန်နိုင်ငံ၊ Care Giver Scholarship Program မိတ်ဆက် ရှင်းလင်းပွဲ


မနေ့က JLPT စာမေးပွဲမှာ ကျောင်းသား/သူများအားလုံး အကောင်းဆုံး ဖြေဆိုနိုင်ခဲ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 💯

JLPT ဖြေဆိုထားပြီး ဂျပန်နိုင်ငံသို့ ကိုယ်ပိုင်စရိတ်ဖြင့် ကျောင်းတက်ရန် အခက်အခဲရှိသူများအတွက် MAJA မှ "ဘိုးဘွားစောင့်ရှောက်ရေး ပညာသင်ဆု (Care Giver Scholarship Program)" ကို အသေးစိတ် မိတ်ဆက်ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။

🎓 ပညာသင်ဆု (Scholarship) အပြည့်အဝ ထောက်ပံ့ပေးမည့် အစီအစဉ်များ -
✅ ဂျပန်ဘာသာစကားကျောင်း ကျောင်းလခ
✅ ဘိုးဘွားစောင့်ရှောက်ရေးကောလိပ် ကျောင်းလခ

🌟 Scholarship Program (၃) မျိုး

🔹 Program 1 (for N4 passed)
➡️ Language School (၂ နှစ်) + ကောလိပ် (၂ နှစ်) + အလုပ် (၅ နှစ်) [Kaigo Work Visa]

🔹 Program 2 (for N3 passed)
➡️ Language School (၁ နှစ်) + ကောလိပ် (၂ နှစ်) + အလုပ် (၅ နှစ်) [Kaigo Work Visa]

🔹 Program 3 (for N2 passed)
➡️ ကောလိပ် (၂ နှစ်) + အလုပ် (၅ နှစ်) [Kaigo Work Visa]

📌 လျှောက်ထားနိုင်သူ အရည်အချင်းများ

 * အသက် (၁၈) နှစ်မှ (၂၇) နှစ်အတွင်း ရှိသူ။
 * Grade 12 အောင်မြင်ပြီးသူ (သို့မဟုတ်) စနစ်​ဟောင်းဆယ်တန်းနှင့် တက္ကသိုလ် ပထမနှစ်နှင့်အထက် တက်ရောက်နေသူ
 * ဂျပန်ဘာသာအရည်အချင်း JLPT N4 Level မှ N2 Level အထိ ရှိသူ။ (July 2026 တွင် JLPT ဖြေဆိုထားသူများလည်း လျှောက်ထားနိုင်ပါသည်။)
 * ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းကို စိတ်ပါဝင်စားပြီး ရေရှည်လုပ်ကိုင်နိုင်သူ။

✨ ကုန်ကျစရိတ် အသက်သာဆုံး

Final Interview အောင်မြင်သူများသည် Processing Fees (၂၅) သိန်းကျပ် သာ ပေးသွင်းရမည် ဖြစ်ပါသည်။

 📢 **အခမဲ့ မိတ်ဆက်ရှင်းလင်းပွဲ (Free Seminar) **

ဒီပညာသင်ဆုအကြောင်းကို အသေးစိတ် ပိုမိုသိရှိနိုင်ရန်အတွက် ဂျပန်နိုင်ငံရှိ တက္ကသိုလ်မှ တာဝန်ရှိသူများ ကိုယ်တိုင်တိုက်ရိုက် ရှင်းလင်းပြောကြားပေးမည့် Seminar ပွဲကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

🗓️ နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် (အင်္ဂါနေ့)

🕐 အချိန်: မွန်းလွဲ ၁:၀၀ နာရီ

📍 နေရာ: MAJA Education Centre
(ရန်ကုန်မြို့ပြင်ပတွင် နေထိုင်သည့် ကျောင်းသား/သူများအတွက် Zoom Online ဖြင့်လည်း တက်ရောက်နိုင်ပါသည်။)

📋 စိတ်ဝင်စားပါက အောက်ပါ Google Form တွင် စာရင်းပေးသွင်း လျှောက်ထားနိုင်ပါသည် -

👉 Google Form Link: https://docs.google.com/forms/d/e/1FAIpQLSdmkijaiBq5_s_sHZhVVXmQ8iqnO35m0aNcJ_p3DUWPkDskyA/viewform?usp=publish-editor

 🎯 Scholarship ရရှိသူများအတွက် အကျိုးခံစားခွင့်များ

✔️ ကျောင်းတက်နေစဉ်အတွင်း ဥပဒေနှင့်အညီ အချိန်ပိုင်းအလုပ် (Part-time job) လုပ်ကိုင်နိုင်ခြင်း။
✔️ ကျောင်းပြီးပါက ဂျပန်နိုင်ငံတွင် ခိုင်မာသောအလုပ်အကိုင်လမ်းကြောင်းဖြင့် တိုက်ရိုက်လုပ်ကိုင်နိုင်ခြင်း။
✔️ ဂျပန်နိုင်ငံတွင် ရေရှည်နေထိုင်ခွင့် ရရှိမည့်အပြင် Kaigo Fukushi-shi Certificate (နိုင်ငံတော်အဆင့် အသိအမှတ်ပြု လက်မှတ်) ရရှိပါက မိသားစုပါ ခေါ်ယူခွင့်ရှိခြင်း။

Posted Under by: Awards | Care Giver

06-Jul-2026
1. ဂျပန်နိုင်ငံ၊ Care Giver Scholarship Program မိတ်ဆက်ရှင်းလင်းပွဲ 2. ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ကျင်းပသည့်နေ့တွင် စာဖြေဌာနအချို့မှ ကောက်ယူ ရရှိထားသည့် ပစ္စည်းများ
visitors :      282,851