ပညာတော်သင်ဆွေးနွေးပွဲ
🎉📢2026 ခုနှစ် သြဂုတ်လ ၅ ရက်နေ့ နေ့လယ် 2 နာရီအချိန်မှာ ကျင်းပပြုလုပ်မဲ့ ပညာတော်သင်ဆွေးနွေးပွဲမှာတော့ ဂျပန်နိုင်ငံရှိ Private Universityတစ်ခုဖြစ်တဲ့ Toyo Universityက Guest Speaker အနေနဲ့ ကျောင်းအကြောင်း ၊ ကျောင်းဝင်ခွင့်လိုအပ်ချက်၊ ပညာသင်ဆုအကြောင်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ Faculty of Global and Regional Studies, Graduate School of Global and Regional Studies က Prof. Ikuko OKAMOTOက ပါဝင်ပြီး ရှင်းလင်းပြောကြား ပေးသွားမှာဖြစ်ပါတယ်။
💁♀️ဒါ့အပြင် MEXT Scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ဂျပန်နိုင်ငံတက္ကသိုလ်အသီးသီးရဲ့ ပညာသင်ဆုအကြောင်းတွေကိုပါ မိတ်ဆက်ပေးသွားမှာ ဖြစ်တဲ့အတွက် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲနိုင်ပါတယ်။
🤗ဂျပန်ကတက္ကသိုလ်တွေမှာ စကော်လားရှစ်အခွင့်အရေးများများနဲ့ တက်ရောက်လိုသူတွေ ၊ Global and Regional Studies ဘာသာရပ်တွေကို လေ့လာလိုသူတွေ အတွက် သတင်းအချက်အလက်တွေ အများကြီးရရှိနိုင်မဲ့အပြင် သိလိုရာတွေကို မေးမြန်းနိုင်မဲ့ အခွင့်အရေးလဲဖြစ်တာကြောင့် စာရင်းပေးသွင်းပြီး ဆက်ဆက်တက်ရောက် ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
🔺စာရင်းသွင်းလျှောက်ထားရန်လင့်ခ်🔺
https://forms.gle/tnwEK4XSxJprSRzd6
○ မှတ်ချက်။ ။ ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့အထိ “၂၀၂၆ ခုနှစ် ဂျပန်ပညာရေးပွဲတော် (Study in Japan Fair 2026 for Myanmar)” ကို ကျင်းပမည်ဖြစ်သဖြင့်၊ နောက်တစ်ကြိမ် ကျင်းပမည့် ပညာတော်သင်ဆွေးနွေးပွဲကို အောက်တိုဘာလတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။
🚨ပွဲရက်မတိုင်ခင် Zoom Link ကို register လုပ်ထားတဲ့ Emailသို့ ပေးပို့သွားမှာဖြစ်ပါတယ်။🚨

Posted Under by: Awards | MEXT
27-Jul-2026