Myanmar Association of Japan Alumni ( MAJA )

 2027 April Intake: KAIGO FULL SCHOLARSHIP PROGRAM (Hokkaido, Japan)


ဂျပန်နိုင်ငံတွင် ဘွဲ့ရရှိသည်အထိ ပညာသင်ယူပြီး မိမိ၏ အနာဂတ်ကို ရေရှည်တည်ဆောက်လိုသူများအတွက် MAJA မှ KAIGO FULL SCHOLARSHIP PROGRAM ကို မိတ်ဆက်ပေးအပ်ပါသည်။

🎓✨🎓 ပညာသင်ဆု၏ အဓိက အကျိုးခံစားခွင့်များ -

✅ Japanese Language School ကျောင်းလခ (အခမဲ့)
✅ Kaigo College (၂ နှစ်တာ) ကျောင်းလခ 100% Scholarship
✅ ကျောင်းပြီးပါက ဂျပန်နိုင်ငံတွင် တရားဝင် ရေရှည်နေထိုင်၍ အလုပ်လုပ်ကိုင်နိုင်ခြင်း
✅ ဂျပန်နိုင်ငံတော်အဆင့် အသိအမှတ်ပြု Caregiver License ရရှိနိုင်မည့် လမ်းကြောင်း
✅ မိဘများအတွက် Guarantor / Sponsor ပြရန်မလိုခြင်း
✅ ဝန်​ဆောင်ခကို သက်သာသော နှုန်းထားဖြင့် လျှောက်ထားနိုင်ခြင်း

✨ အထူးအစီအစဉ်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည့် လေယာဉ်လက်မှတ်ခပါ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။

📍 ပညာသင်တော်သင် သွားရောက်ရမည့်နေရာ: Hokkaido, Japan

📌 လျှောက်ထားနိုင်သူ အရည်အချင်းများ
 * အသက် (၁၈) နှစ်မှ (၂၇) နှစ်အတွင်း ရှိသူ (အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမည်)။
 * အထက်တန်း အောင်မြင်ပြီးသူ (စနစ်ဟောင်း ၁၀ တန်း / စနစ်သစ် Grade 12 / GED အောင်မြင်ထားသူများ)။
 * ဂျပန်ဘာသာစကား JLPT N4 အဆင့် အနည်းဆုံး အောင်မြင်ထားသူ။
 * ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။
 * ဘိုးဘွားပြုစုစောင့်ရှောက်ရေး လုပ်ငန်းကို စိတ်ပါဝင်စားပြီး ရေရှည်လုပ်ကိုင်နိုင်သူ။

> 🌸 Kaigo အလုပ်ကို သင်၏ အနာဂတ်အတွက် ခိုင်မာသော Professional Career တစ်ခုအဖြစ် စတင်လိုက်ပါ။

> 📋 လျှောက်လွှာ လျှောက်ထားခြင်း
အောက်ပါ Google Form Link တွင် အချက်အလက်များ တိကျစွာ ဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။

👉 Google Form Link: https://docs.google.com/forms/d/e/1FAIpQLSdmkijaiBq5_s_sHZhVVXmQ8iqnO35m0aNcJ_p3DUWPkDskyA/viewform?usp=publish-editor

(လျှောက်ထားသူများကို စိစစ်ရွေးချယ်ပြီးပါက Scholarship အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို Google Form တွင် ဖြည့်သွင်းခဲ့သော Gmail များမှတစ်ဆင့် တစ်ဦးချင်းစီ ဆက်သွယ် အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။)

📍 MAJA Education Centre
🏫 လိပ်စာ: အမှတ် ၄၄၀ (B)၊ ဇေယျာ (၁၄) လမ်း၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (တောင်ဥက္ကလာပမြို့နယ် တရားရုံးဘေးလမ်း)
☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်: 09-770987222, 09-428613848

Posted Under by: Awards | Kaigo

30-Aug-2026
2027 April Intake: KAIGO FULL SCHOLARSHIP PROGRAM (Hokkaido, Japan)
visitors :      305,318