နိုဝင်ဘာလတွင် ကျင်းပမယ့် TOP J စာမေးပွဲဖောင်များ စတင် လျှောက်ထားနိုင်ပါပြီ။ (Online System)
၂၀၂၆ ခုနှစ်၊ (၁၁) လပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမှာ ကျင်းပပြုလုပ်သွားမယ့် TOP J စာမေးပွဲကြီးအတွက် လျှောက်လွှာဖောင်များတင်လို့ရနေပါပြီနော်။
📌 TOP J စာမေးပွဲကို နှစ်စဉ် တစ်နှစ်လျှင် “ဇန်နဝါရီ၊ မတ်၊ မေ၊ ဇူလိုင်၊ စက်တင်ဘာ၊ နိုဝင်ဘာ” လများတွင် (၆) ကြိမ်တိတိ MAJA Education Centre မှ ကျင်းပပေး လျက်ရှိပါတယ်။
📌 စာမေးပွဲ ရလဒ်များကို စာမေးပွဲဖြေပြီး နှစ်ပတ်အကြာတွင် Online Result အဖြစ် မြန်မြန်ဆန်ဆန် သိရှိနိုင်ပြီး တစ်လအကြာတွင် Certificate များ ထုတ်ယူနိုင်ပါတယ်။
📌 လာမယ့် နိုဝင်ဘာလစာမေးပွဲတွင် Basic (N5 & N4 Level), Intermediate (N3 & N2 Level), Advanced (N1 & above Level) များကို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
နယ်ဝေးမှ ဖြေဆိုလိုသူများပါ အလွယ်တကူ လျှောက်ထားနိုင်ရန် Google Form ဖြင့် TOP J စာမေးပွဲ လျှောက်လွှာများအား လက်ခံသွားမှာပဲဖြစ်ပါတယ်။
✅ စာမေးပွဲ ကျင်းပမည့်နေ့ရက် - ၁.၁၁.၂၀၂၆ (တနင်္ဂနွေနေ့)
✅ စာမေးပွဲ ကျင်းပမည့်နေရာ - ရန်ကုန်နှင့် မန္တလေး။
✅ စာမေးပွဲကြေး - ၇၂,၀၀၀ ကျပ်
✅ စာမေးပွဲလျှောက်လွှာတင်ရန် - https://forms.gle/pTtymhPZsVSFzqaT6
(Google Form ဝင်ရောက်သည့်အခါ ဝင်၍မရပါက VPN အသုံးပြုပြီး ဝင်ရောက်ပေးဖို့ လိုအပ်ပါသည်။)
လျှောက်လွှာများအား "(၉.၁၀.၂၀၂၆) ရက်နေ့ နေ့လယ် ၁၂ နာရီထိ" နောက်ဆုံးထားကာ လျှောက်ထားနိုင်ပြီး “ဖြေဆိုရမည့် အချိန်၊ ဖြေဆိုရမည့် နေရာနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher)” တို့အား Email မှတဆင့် စာမေးပွဲရက်မတိုင်ခင် (၃) ရက်အလိုတွင် ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ ဂျပန်စာအရည်အချင်းကို စစ်ဆေးရင်း Certificate အမြန်ရယူနိုင်မယ့် TOP J စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ အခုပဲ လျှောက်လွှာတင်လိုက်တော့နော်။
㊗️ အနာဂတ်ပညာရေးလှပဖို့ . . . မာဂျာစင်တာနဲ့လက်တွဲစို့ ㊗️
📍 Free Consultation ရယူရန်နှင့် အတန်းများစုံစမ်းရန် >> 09 428 613 848
🏫 အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)
🟢 Telegram Channel : https://t.me/majaeducentre
🟢 Tiktok : https://www.tiktok.com/@majaeducationcent8?_r=1&_t=ZS-93CHQRo9TwG

Posted Under by: Exam | TOP-J
24-Sep-2026