Myanmar Association of Japan Alumni ( MAJA )

 Master & Ph.D တန်းများ အတွက် Long-term Capacity Development Scholarship Program (LCDP) ပညာသင်ဆု အစီအစဉ် (FY2027)


📢📢📢 ဂျပန်နိုင်ငံတွင် Master & Ph.D တန်းများ တက်ရောက်နိုင်ရန်အတွက် Long-term Capacity Development Scholarship Program (LCDP) ပညာသင်ဆု အစီအစဉ် (FY2027) ကို မြန်မာ-ဂျပန်စင်တာမှ စတင်ဖွင့်လှစ်လိုက်ပါပြီ။

📌 လျှောက်ထားနိုင်သော ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Master’s Degree Program အတွက်-
Agriculture/Environment
Business
Economics
Tourism
Engineering
Information Technology (IT)

PhD Program အတွက်-
PhD လျှောက်ထားလိုသူသည် Toyo University (Faculty of Global and Regional Studies- Department of Regional Development Studies) အောက်ရှိ Faculty member (ပါမောက္ခများ) ကိုသာ ရွေးချယ်နိုင်ပါသည်။
ပညာသင်ဆုလျှောက်ထားနိုင်သူများမှာ-
(က) အသက် ၂၂ မှ ၃၉ အတွင်းရှိသူ၊ တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီး ပုဂ္ဂလိကကဏ္ဍတွင် လုပ်ကိုင်နေသူ ဖြစ်ရ ပါမည်။ (၁၉၈၇၊ ဧပြီလ ၂ ရက်နေ့နှင့် နောက်ပိုင်းမွေးဖွားသူနှင့်၊ ၂၀၀၅၊ ဧပြီလ ၁ ရက်နေ့နှင့်/ မတိုင်ခင် မွေးဖွားသူ)
(ခ) မြန်မာ-ဂျပန်စင်တာ (MJC) မှ သင်တန်းများကို တက်ရောက်ဖူးသူများ (သို့မဟုတ်) MJC ၏ business course များနှင့် activities များကို တက်ရောက်ခဲ့သော ကုမ္ပဏီများမှ ဝန်ထမ်းများ၊ (UMFCCI တွင် အလားတူ business management course) များတက်ရောက်ဖူးသူများလည်း အကျုံးဝင်ပါသည်။

ပညာသင်ဆုလျှောက်ထားရန် အောက်ပါ Google form လင့်တွင် စာရင်းဖြည့်သွင်းနိုင်ပါသည်။ စာရင်း ပေးသွင်း သူ၏ အီးမေးလ်သို့ ပညာသင်ဆုလျှောက်လွှာ (Scholarship Application Form) ကို ရုံးချိန်အတွင်း ပေးပို့ သွားမည်ဖြစ်ပါသည်။ (အီးမေးလ်တိကျမှန်ကန်စွာဖြည့်ရန်နှင့် email full box မဖြစ်နေစေရန် အထူးသတိချပ် စေလိုပါသည်။)

Registration Link:
 https://docs.google.com/forms/d/e/1FAIpQLScnnw3C9kj3fxALixZORZhDbjYgONgKZmxdCeHmv1oGEUpmUw/viewform?usp=dialog

လျှောက်ထားရမည့်ပုံစံမှာ-
Myanmar-Japan Center (MJC) က ပေးပို့ခဲ့သော ပညာသင်ဆုလျှောက်လွှာ (Scholarship Application Form) ကို ပြည့်စုံစွာဖြည့်စွက်၍ အီးမေးလ် (Email Address: scholarship.mjc@gmail.com) သို့ ပေးပို့ရပါမည်။

The submission deadline is December 11, 2026. (ပညာသင်ဆုလျှောက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်မှာ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ဖြစ်ပါသည်။)

ပညာသင်ဆုနှင့် ပတ်သက်၍  လျှောက်ထားပုံ၊ ဘာသာရပ်ရွေးချယ်ခြင်း၊ ကျောင်းရွေးချယ်ခြင်း၊ လျှောက်လွှာ ပြင်ဆင်ခြင်း စသည့် ပြင်ဆင်မှုများအတွက် “LCDP Scholarship Orientation Session” ကို မြန်မာ-ဂျပန်စင်တာ တွင် မကြာမီ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။

ပညာသင်ဆုနှင့်ပတ်သက်၍အသေးစိတ်သိလိုပါက အောက်ပါ Website link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
MJC Website link: https://myanmarjapancenter.com/
ရွေးချယ်တက်ရောက်နိုင်သော တက္ကသိုလ်များ စာရင်း (University List) ကို အောက်ပါလင့်မှ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
University List link:
https://myanmarjapancenter.com/wp-content/uploads/2026/10/Final-University-list-for-FY2027.pdf
ပညာသင်ဆုလျှောက်ထားရန် လိုအပ်သော criteria အသေးစိတ်နှင့် ပညာသင်ဆုတွင်ပါဝင်သော အသေးစိတ် ရေးပေးထားသော General information ကို အောက်ပါလင့်မှ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
General Information link:
https://myanmarjapancenter.com/scholarship-program/information/

စုံစမ်းမေးမြန်းမှုများအတွက်
Myanmar-Japan Center, 12th floor, UMFCCI Office tower, အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း (စိန်ဂျွန်း City Mall ရှေ့လမ်း), ကုတင် ၅၀၀ ဆေးရုံအလွန်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Email Address: scholarship.mjc@gmail.com

Posted Under by: Awards | Long-term Capacity Development

02-Nov-2026
နိုဝင်ဘာလ ၄ ရက်နေ့ ကျင်းပမည့် ပညာတော်သင်ဆွေးနွေးပွဲ
visitors :      323,486