Myanmar Association of Japan Alumni ( MAJA )

 The Honda Young Engineer and Scientist's Award (Honda Y-E-S Award) – 2020 Webinar ကို ဇူလိုင်လ ၂၇ ရက်နေ့နှင့် ၂၈ရက်နေ့များတွင် မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်း အသင်း (MAJA) မှ ဦးဆောင်ကျင်းပ သွားမည်ဖြစ်ပါသည်။


The Honda Young Engineer and Scientist's Award (Honda Y-E-S Award) - 2020 ကို လျှောက်ထားရန် စိတ်ဝင်စားသော ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ Orientation Webinar ကို ဇူလိုင်လ ၂၇ ရက်နေ့နှင့် ၂၈ရက်နေ့များတွင် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်း အသင်း (MAJA) မှ ဦးဆောင်ကျင်းပသွားမည်ဖြစ်ပါသည်။

ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်များမှ Past Awardee များက ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ကျင်းပမည့် Webinar တွင်လည်းကောင်း၊ မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ်များမှ Past Awardee များကဇူလိုင်လ ၂၈ ရက်နေ့ Webinar တွင်လည်းကောင်း အဓိက ပါဝင်ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိတ်ဝင်စားသော ကျောင်းသားကျောင်းသူများအနေဖြင့် အောက်ပါ Registration Form အသီးသီးကို မှန်ကန်စွာ ဖြည့်စွက်ကာ Orientation Webinar တက်ရောက်နိုင်ပါသည်။
Webinar တက်ရောက်နိုင်မည့် ZOOM Meeting Link အား Registration Form တွင် ဖြည့်စွက်ထားသော Email လိပ်စာများဆီသို့ ဇူလိုင်လ ၂၅ ရက်နေ့ ည(၇:၀၀)နာရီ နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ပါသည်။

Webinar တစ်ခုစီအတွက် တက်ရောက်နိုင်မည့်လူဦးရေမှာ အယောက် (၁၀၀) အထိသာ Capacity ရှိသဖြင့် အမှန်တကယ်တက်ရောက်နိုင်မည့်သူများသာ နေ့အလိုက် မှန်ကန်စွာဖြည့်စွက်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

**Registration Deadline: 24.7.2020 (Friday) 11:59 pm **

Registration Form
 Yangon (27.7.2020) Google form link:
Þ
https://forms.gle/3zC8NCh31APQPX9i8

 Mandalay (28.7.2020) Google form link:Þ
https://forms.gle/27HbcmbFpc6UB2Ft9

[Registration စာရင်းပေးထားသူများသည် မိမိ၏ Phone/Computer/Tablet စသည်တို့တွင် ZOOM Cloud Meetings - application/software install လုပ်ထားကြပါရန် နှင့် ZOOM display name အား Registration form တွင် ဖြည့်စွက်ထားသော မိမိ၏နာမည်ရင်းအတိုင်းသာ ဖော်ပြထားကြပါရန် အကြုံပြုလိုပါသည်။]

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 

Posted Under by: Awards | HONDA Yes Award

21-Jul-2020
၂၁ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပဏာမအဆင့် ရွေးချယ်ခံရသူများ၏ အမည်စာရင်းထုတ်ပြန်ခြင်းနှင့် ပြိုင်ပွဲကျင်းပမည့်ရက်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခြင်း
visitors :      50,177