Honda Young Engineer and Scientists Forum 2021 ၏ အစီအစဉ် တစ်ခုဖြစ်သည့် သုတေတန ပိုစတာပြိုင်ပွဲ အတွက် လျှောက်လွှာခေါ်ယူခြင်း
Honda Foundation မွ ကူညီပံ့ပိုးပြီး ၂၀၂၁ ခုနှစ် ဂျူလိုင် ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် Online မွ ကျင်းပမည့် Honda Young Engineer and Scientists Forum 2021 ၏ အစီအစဉ်တစ်ခုအနေဖြင့် သုတေတနပိုစတာပြိုင်ပွဲ အားကျင်းပသွားမည်ဖြစ်ပြီး အောက်ပါအကြောင်းအရာများနှင့် သက်ဆိုင်သည့် သုတေသနများကိုဆောင်ရွက်လျက်ရှိသည့်ဘွဲ့ကြိုနှင့်ဘွဲ့လွန်ကျောင်းသူကျောင်းသားများဝင်ရောက် လျှောက်ထားနိုင်ပါသည်။
1. Urban Mobility Management
2. Waste Management
3. Energy Management
4. Urban Pollution Control
5. Sustainable Urban Infrastructure
လျှောက်လွှာလက်ခံမည့်အချိန်ကာလ - ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်မှ ၃၁ ရက်နေ့ အထိ
သုတေသနပိုစတာပြိုင်ပွဲနှင့်သက်ဆိုင်သည့်စည်းမျဉ်းစည်းကမ်းများနှင့် အသေးစိတ်အကြောင်း အရာမ်ားကို အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
အောက်ဖော်ပြပါLinkမှတစ်ဆင့်လိုအပ်သည့်အချက်အလက်များဖြည့်စွက်၍ လျှောက်ထားနိုင် ပါသည်။
မှတ်ချက်။သုတေသနပိုစတာပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန်စိတ်ဝင်စားသူပြည်ပနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံသား ဘွဲ့ကြို/ ဘွဲ့လွန် ကျောင်းသားများလည်း ဝင်ရောက်လျှောက်ထား နိုင်ပါသည်။
သုတေသနပိုစတာပြိုင်ပွဲနှင့် ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို [email protected] သို့ email ပေးပို့ကာစုံစမ်းမေးမြန်းနိုင်ပါသည်။
Posted Under by: Awards | HONDA Yes Award
17-May-2021