Honda Young Engineering and Scientists (Y-E-S) Award in Myanmar 2021 အတွက် လျှောက်လွှာခေါ်ယူခြင်း
၁။ Honda Foundation ႏွင့္ Myanmar Association of Japan Alumni (MAJA) တို့ ပူးပေါင်း ပေးအပ်သော ပညာသင်ဆုဖြစ်ပါသည်။
၂။ လျှောက်ထားသောကျောင်းသားကျောင်းသူများထဲမှ လေးဦးကိုရွေးချယ်ကာ ပညာသင်ဆုအဖြစ် USD 3000 ကိုချီးမြှင့်ပေးအပ်သွားပါမည်။
၃။ အောက်ဖေါ်ပြပါ နည်းပညာတက္ကသိုလ်များတွင် နောက်ဆုံးနှစ် သို့မဟုတ် ပဉ္စမနှစ် တွင်ပညာ သင်ကြား လျက်ရှိသော အသက် ၂၅ နှစ် နှင့် ၂၅ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများလျှောက်ထား နိုင်ပါသည်။
(က) ရန်ကုန်နည်းပညာတက္ကသိုလ်
(ခ) မန္တလေးနည်းပညာတက္ကသိုလ်
(ဂ) ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
(ဃ) နည်းပညာတက္ကသိုလ် (သန်လျင်)
(င) နည်းပညာတက္ကသိုလ် (မှော်ဘီ)
(စ) နည်းပညာတက္ကသိုလ် (မန္တလေး)
၄။ လျှောက်လွှာလက်ခံခြင်း - ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ မွ (၂၇) ရက်နေ့အထိ ဖေါ်ပြပါ Google Link ရွိ Google Form တွင်ပြည့်စုံစွာရေးသွင်းလျှောက်ထားရပါမည်။
Google Link https://forms.gle/Po5f3EkrPbBzX1Uh9
၅။ ပဏာမရွေးချယ်ခံရသူများစာရင်းကို MAJA Facebook တွင် ကြေညာပေးပါမည်။
ပဏာမရွေးချယ်ခံရသူများသည် ရေးဖြေ ဖြေဆိုခြင်း၊ လူတွေ့စစ်ဆေးခြင်းများ ဆက်လက် ယှဉ်ပြိုင် ရပါမည်။
၆။ Orientation Webinar ကို ၁၄.၈.၂၀၂၁ ရက်နေ့ နေ့လယ် (၁၂း၃၀) နာရီတွင် ပြုလုပ်ပါမည်။
Orientation Webinar သို့တက်ရောက်လိုသူများသည် ဖေါ်ပြပါ link တွင် ၁၂.၈.၂၀၂၁ ရက်နေ့ (ကြာသပတေးနေ့) နောက်ဆုံးထားရေးသွင်းပြီး မှတ်ပုံတင်ရန်။
Link https://forms.gle/ApPozEiiZyAa9YBeA
၇။ စုံစမ်းရန် - Ph: 09-262 602 121, Email: [email protected]
၈။ Covid-19 ရောဂါကူးစက်ပြန်ပွားမှုကို ထိန်းချုပ်ရန်အတွက် MAJA Office သို့လာရောက်
စုံစမ်းခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
Posted Under by: Awards | HONDA Yes Award
10-Aug-2021