Myanmar Association of Japan Alumni ( MAJA )

 ၂၀၂၁ခုနှစ်နို၀င်ဘာလတွင်ကျင်းပမည့်(TOP-J) စာမေးပွဲ လျှောက်ထားခြင်း နှင့်ပတ်သတ်၍ အသိပေး ကြေငြာခြင်း


၂၀၂၁ခုနှစ်၊ နို၀င်ဘာလ(၁၄)ရက်နေ့ တွင်ကျင်းပမည့် (Top-J) စာမေးပွဲ ဝင်ရောက်ဖြေဆို လိုသည့်သူများ အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

ကျင်းပမည့်စာမေးပွဲအဆင့်​-

Basic (N4+N5), Intermediate (N3+N2), Advance (N1)

စာမေးပွဲကြေး​​​- ၄၀,၀၀၀ကျပ်

လျှောက်လွှာလက်ခံမည့်ကာလ ​- အောက်တိုဘာလ (၆) ရက်နေ့ မနက် (၉)နာရီနာရီ မှ အောက်တိုဘာလ (၂၀) ရက်နေ့ ညနေ (၄)နာရီအတွင်း။

TOP-J နှင့်ပတ်သက်၍-

TOP-Jသည် ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGE မှကျင်းပပြုလုပ်သော ဂျပန်ဘာသာ အရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်ပါသည်။

အဓိကအသုံးချနိုင်သည့်ရည်ရွယ်ချက်များမှာ -

၁။ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။

၂။တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်။

၃။ပညာသင်ဆုလျှောက်ထားရန်လိုအပ်ချက်တောင်းဆိုသည့်အခါ။

၄။အလုပ်အကိုင် လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းမှ ဂျပန်ဘာသာ အရည်အချင်း အသိအမှတ် ပြုစာမေးပွဲအောင်လက်မှတ် တောင်းဆိုသည့်အခါ။

Website (ဂျပန်ဘာသာ) https://www.topj-test.org/

လျှောက်လွှာလျှောက်ထားခြင်း။

အောက်ဖော်ပြပါ“TOP J Online Application Form”သို့အောက်တိုဘာလ (၆)ရက်နေ့ မနက် (၉)နာရီမှ စတင်ကာ ဝင်ရောက်လျှောက်ထားရပါမည်။​

https://docs.google.com/.../1FAIpQLScaNufeF3o.../viewform...

Online Application Form ဖြည့်စွက်ခြင်းအား ကြိုတင်လေ့လာထားနိုင်ရန် နမူနာပုံများအား ပူးတွဲဖော်ပြ ထားပါသည်။

​

​

​Online Application Form ပါ အချက်အလက်များကို ဖြည့်စွက်ပြီး၊ Attachment တွင်သက်သေခံကဒ်ပြား (ID) အားပူးတွဲတင်ပြရမည်။ ပူးတွဲတင်ပြရာတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ ပတ်စပို့၊ ကျောင်းသားကဒ် (အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်) များကို သာ လက်ခံ သွားပါမည်။ သက်သေခံကဒ်ပြား File Name အား စာမေးပွဲလျှောက်ထားသူ၏ “အမည်-1” ဖြင့် ပြုလုပ်ပေးပါ။

(Eg: “AUNGAUNG-1.jpg”)

​ဆက်လက်ပြီးTestVoucherတွင် ကပ်ရန်အတွက် ဓါတ်ပုံကိုUploadလုပ်ရပါမည်။ ဓါတ်ပုံသည် မျက်နှာကို ရှေ့တည့်တည့်မှ ရိုက်ထားရမည်ဖြစ်ပြီး၊ နောက်ခံ(BackGround)သည် အရောင်တမျိုးတည်းဖြစ်နေရပါမည်။ ဓါတ်ပုံFile Name အား မိမိ “အမည်-2”ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-2.jpg”)

နောက်ဆုံးအနေဖြင့် စာမေးပွဲကြေး ပေးသွင်းထားသော ငွေသွင်းပြေစာအား ပူးတွဲပေးရပါမည်။ ငွေသွင်းပြေစာFile Name အား မိမိ “အမည်-3” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-3.jpg”)

ငွေပေးသွင်းရမည့်အဆင့်ဆင့်အား အောက်ပါLinkမှတဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

​https://drive.google.com/.../1Xk2ZLvkM8I.../view

​Online Application Form ပါ နေရာများအားလုံးကို ဖြည့်စွက်ပြီး၊ အထက်ဖော်ပြပါဖိုင် (၃)ခုအား Upload လုပ်ပြီး “Submit” button ကိုနှိပ်ပြီးပါ ကဖောင်တင်ခြင်းပြီးဆုံးမည် ဖြစ်ပါသည်။

​Online မှလျှောက်ထားရန်နှင့် Online မှငွေပေးချေရန် အခက်အခဲ ရှိပါသူများအနေဖြင့် MAJA စာမေးပွဲ လက်ခံဌာနသို့  လာရောက်လျှောက်ထားနိုင်ပါသည်။ ကိုဗစ်ရောဂါ ကာကူးစပ်မှုကာကွယ်ရေးအတွက် ဖုန်းဖြင့် ကြိုတင်ဘွတ်ကင်ယူသည့်စနစ်ဖြင့်သာ လျှောက်လွှာများကို လက်ခံပေးသွားမည် ဖြစ်ပါသည်။

Test Voucher ထုတ်ယူခြင်း။

​လျှောက်ထားသူများအနေဖြင့် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကိုonline application form တွင်ရွေးချယ်ထားသော နည်းလမ်းအတိုင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

Email ဖြင့် ထုတ်ယူမည့်သူများအား နိုဝင်ဘာလ၁ရက်နေ့မှ၆ရက်နေ့အတွင်း Email ပေးပို့ပေးသွားမည် ဖြစ်ပါသည်။ ထိုရက်အတွင်း မိမိတို့၏ Email အဝင်အားသေခြာစွာစစ်ဆေးရန်လိုအပ်ပါသည်။

​လူကိုယ်တိုင်လာရောက်ထုတ်ယူမည့်သူများအားနိုဝင်ဘာလ၁ရက်နေ့မှ၁၂ရက်နေ့အတွင်း(တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာနေ့များ) တွင်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

ကိုဗစ်ရောဂါကူးစပ်မှု ကာကွယ်ရေးအတွက် လာရောက်မည့်နေ့မတိုင်မှီတွင် ဖုန်းဖြင့် ကြိုတင်ဘွတ်ကင် ယူပြီး လာရောက်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

စုံစမ်းမေးမြန်းရန် -

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)

ဖုန်း။ 09-428 756 746, 09-428 613 848

Posted Under by: Exam | TOP-J

01-Oct-2021
၂၇ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း
visitors :      316,839