Myanmar Association of Japan Alumni ( MAJA )

 KAKE INTERNATIONAL JAPANESE SPEECH CONTEST


Kake International Japanese Speech Contest အား ဂျပန်နိုင်ငံရှိ Kake Educational Institution မှ ပိုမိုကောင်းမွန်သော ဂျပန်-နိုင်ငံတကာ ဆက်ဆံရေး၊ ဂျပန်ဘာသာစကား ပိုမို ကျယ်ပြန့်ရေး၊ ဂျပန်နိုင်ငံယဉ်ကျေးမှုများ ပိုမိုသိရှိ နားလည် လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံပေါင်း (၁၂) နိုင်ငံတွင် နှစ်စဉ်ကျင်းပလျက် ရှိပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

ယှဉ်ပြိုင်ရမည့် ခေါင်းစဉ် 「最先端技術はどのように使われるべきか」

DATE: 20th August 2023 (Sun)

TIME: 9:00 AM ~ 12:00 PM

လျှောက်လွှာလျှောက်ထားနိုင်မည့်သူ

အောက်ပါအချက်()ချက်လုံးနှင့်ပြည့်စုံသူဖြစ်ရမည်။

၁။ လက်ရှိမြန်မာနိုင်ငံတွင် အထက်တန်းပညာ (သို့မဟုတ်) ဂျပန်ဘာသာစကားသင်ယူနေသူဖြစ်ပြီး၊ နောင်အနာဂတ် တွင် Kake Educational Institute သို့ ဆက်လက်ပညာသင်ယူလိုသူ။

၂။ ဂျပန်နိုင်ငံတွင် နေထိုင်ကာလ ()နှစ် မပြည့်ဖူးသူ။

၃။ ပြိုင်ပွဲဝင် သို့မဟုတ် မိဘတစ်ဦးဦး၏ မိခင်ဘာသာစကားသည် ဂျပန်ဘာသာစကားမဟုတ်သူ။

၄။ ယခင်နှစ်များတွင် Kake မှ ကြီးမှူးသော ဂျပန်ဘာသာစကားပြိုင်ပွဲ၏ ဆုရရှိဖူးခြင်းမရှိသူ။

၅။ မြန်မာနိုင်ငံသားဖြစ်သူ။

လျှောက်လွှာလျှောက်ထားခြင်းနှင့် စုံစမ်းမေးမြန်းရန်

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက် (သောကြာနေ့) မှ ဇူလိုင်လ ၂၈ ရက် (သောကြာနေ့) အတွင်း လျှောက်လွှာဖောင်တွင် လိုအပ်သည်များကိုဖြည့်စွက်၍ အောက်ဖော်ပြပါ Google Form Link သို့ပေးပို့ လျှောက်ထားနိုင်ပါသည်။

https://forms.gle/EXGWN8cCYUbnRDYo6

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

Tel: 09-428612151, 09-262602121

event.maja.ygn@gmail.com

 2023-06-30
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍
visitors :      258,161