Myanmar Association of Japan Alumni ( MAJA )

 “MAJA Education Centre ရုံးခန်းနေရာ အသစ်ဖွင့်လှစ်ခြင်းနှင့် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းအခမ်းအနား”


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် MAJA Education Centre ရုံးခန်းနေရာသစ်ဖွင့်ပွဲအား တောင်ဥက္ကလာပမြို့နယ်၊ ဗလ္လိက (၁၄) လမ်းရှိ MAJA Education Centre နေရာသစ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရသစ်ပင်များလည်း စိုက်ပျိုးခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားအား ဂျပန်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Japan Foundation နှင့် OJEIC မှ ဧည့်သည်တော်များနှင့် MAJA မှ နာယကကြီးများနှင့်တကွ ဥက္ကဌ၊ ဒုဥက္ကဌ၊ EC Member များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအားလုံး စုံစုံညီညီဖြင့် တက်ရောက်ခဲ့ကြပါသည်။

MAJA Education Centre သင်တန်းကျောင်း နေရာသစ် ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများအားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

 

 

 2024-07-23
Online Study in Japan Fair 2026 For Myanmar
visitors :      300,211