Myanmar Association of Japan Alumni ( MAJA )

 ၂၅ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ ၂၀၂၄


၂၅ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အောက်ပါအချက်အလက်များကို ဖတ်ရှု၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

၁။ ကျင်းပမည့် နေ့ရက်နှင့် အချိန်

ပြိုင်ပွဲကျင်းပမည့်နေ့။ ။၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက် (စနေနေ့) ၉ နာရီမှ ၁၂ နာရီ

(ပဏာမအဆင့်ကိုအောင်သူများသာ)

၂။ လျှောက်လွှာလျှောက်ထားနိုင်သူ

(၁) အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းနေထိုင်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။

(၂) ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါပါ)

(၃) ယခင်ကျင်းပခဲ့ဖူးသော ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဆုရရှိဖူးထားသူမဖြစ်ရ။

၃။ လျှောက်လွှာလက်ခံခြင်း

လျှောက်လွှာများကို အောက်ဖော်ပြပါ Link မှတဆင့် Google Form တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာလက်ခံမည့်ကာလ ။ ။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက် (တနင်္လာနေ့) မနက် ၉ နာရီ မှ အောက်တိုဘာလ ၁ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီအထိ ပေးပို့လျှောက်ထားနိုင်ပါသည်။

(အောက်ဖော်ပြပါ link ကို စက်တင်ဘာလ ၁၆ရက်နေ့မှ စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

URL: https://docs.google.com/.../1FAIpQLSes70bm1mBC6x.../viewform

Application ဖောင်ဖြည့်ရန်အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရန်လိုအပ်ပါသည်။

(၁) G-mail account ဖြင့် ဖောင်ဖြည့်ရမည်ဖြစ်သောကြောင့် ကိုယ်ပိုင် G-mail အကောင့်ဖွင့်ထားရမည်။

(၂) ဓာတ်ပုံ (3x4 cm) (File name: မိမိအမည်-1) နှင့် မှတ်ပုံတင်အရှေ့အနောက်ပုံ (File name: မိမိအမည်-2) တို့ကို JPG file ဖြင့်ကြိုပြင်ထားရမည်။ ဖိုင်တစ်ခုလျှင် Size 3MB အောက် ဖြင့် ပြင်ဆင်ပေးပါ။

(၃) Speech ၏ အကြောင်းအရာ ကို ဂျပန်ဘာသာ စာလုံးရေ ၈၀၀မှ ၁၁၀၀ ဖြင့် (Word File) ပြင်ထားရမည်။

(File name: မိမိအမည်-3)

(၄) မိမိယှဥ်ပြိုင်မည့် Speech သည် 3 မိနစ်ထက်မနည်း 4 မိနစ်ထက်မပိုသော အသံဖိုင် (File name: မိမိအမည်-4) ကို MP 3 ဖြင့် သွင်းထားရမည်။ File size 10MB ဝန်းကျင်ခန့် ပြင်ဆင်ပေးပါ။

၄။ ပဏာမရွေးချယ်ခြင်း

ပဏာမရွေးချယ်မှုတွင် ပြိုင်ပွဲဝင်ပြောကြားမည့် အကြောင်းအရာကို ပြိုင်ပွဲအတိုင်းပြောကြားရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာဖြင့် အမေးအဖြေများ ပြုလုပ်၍ အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်ပါသည်။

(လျှောက်ထားသူများ၏ လျှောက်လွှာ၊ Speech (Word file နှင့် အသံဖိုင်) ကို စီစစ်ပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားသူများသည် ပဏာမရွေးချယ်မှုတွင် ယှဉ်ပြိုင်ခွင့်ရရှိပါမည်။)

ပဏာမရွေးချယ်မည့်နေ့။ ။၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက် (စနေနေ့) နှင့် အောက်တိုဘာလ ၁၃ ရက် (တနင်္ဂနွေနေ့)

ပဏာမရွေးချယ်ခြင်းနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ယှဉ်ပြိုင်မည့်သူများအား တိုက်ရိုက်ဆက်သွယ်အကြောင်းကြားသွားပါမည်။

၅။ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ

ပဏာမအဆင့်ရွေးချယ်မှုရလဒ်များကို ပြိုင်ပွဲဝင်များထံသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပသည့်အဖွဲ့အစည်းများ၏ Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။ ပဏာမအဆင့် အောင်မြင်သူများသည် ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။

အသေးစိတ်ကို ပါဝင်ယှဉ်ပြိုင်ရမည့်သူများအား တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပါမည်။

၆။ ဆုချီးမြှင့်ခြင်း

(၁) ဆုရရှိသူများအား တန်ဖိုးကြီးလက်ဆောင်များကို ပေးအပ်သွားပါမည်။

(၂) ပထမဆုရရှိသူသည် ဂျပန်နိုင်ငံတွင်ဆက်လက်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဂျပန်ဘာသာစကားပြော ပြိုင်ပွဲကြီးတွင် အာဆီယံနိုင်ငံအသီးသီးမှ ဂျပန်ဘာသာစကားပြောပြိုင်ပွဲဆုရရှိသူများနှင့်အတူစုဝေး၍ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။

၇။ စုံစမ်းမေးမြန်းရန်

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဖုန်း 09-428612151, 09-262602121

အီးမေးလ် event.maja.ygn@gmail.com

လက်ရှိဖြစ်ပေါ်နေသောအခြေအနေအပေါ်မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်းစသည့် အစီအစဉ်ပြောင်းလဲခြင်းများ၊ ပွဲရပ်နားခြင်းများရှိနိုင်ပါသည်။

 2024-09-14
ကျောင်းသား/သူများ အမေးများကြသည့် N5 Basic အတန်းအပါအဝင် အခြားတန်းခွဲသစ်များအား MAJA Education Centre တွင် Sep & Oct Intake အဖြစ် ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်
visitors :      169,826