ဂုဏ်ပြုမှတ်တမ်းတင်ခြင်း
14th Kake International Japanese Speech Contest အား ဂျပန်နိုင်ငံရှိ Kake Educational Institution မှ ပိုမိုကောင်းမွန်သော ဂျပန်-နိုင်ငံတကာ ဆက်ဆံရေး၊ ဂျပန်ဘာသာစကား ပိုမို ကျယ်ပြန့်ရေး၊ ဂျပန်နိုင်ငံ ယဉ်ကျေးမှုများ ပိုမိုသိရှိ နားလည်လာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံပေါင်း (၁၂) နိုင်ငံတွင် ကျင်းပခဲ့ပပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့၊ တနင်္ဂနွေနေ့ ၌ Melia Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး “မသီရိလင်းကျော်” မှ ပထမဆု ကို ထိုက်တန်စွာရရှိခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့၊ သောကြာနေ့ တွင် အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့သော 14th Kake International Japanese Speech Contest နိုင်ငံတကာ နောက်ဆုံးအဆင့်ပြိုင်ပွဲအား မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ “ 1st prize winner ” ထပ်မံဆွတ်ခူး ရရှိခဲ့သောကြောင့် “မသီရိလင်းကျော်” အတွက် အလွန်ပင်ဝမ်းမြောက်ပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။