Myanmar-Japan Center(MJC) မှ ပြုလုပ်မည့် Academic Seminar အား တက်ရောက်နိုင်ရန် ဖိတ်ကြားခြင်း
မင်္ဂလာပါ
MJC မှ Academic Seminar (Series -1)ကို ၂၀၂၅ခုနစ် ဖေဖော်ဝါရီလတွင် စတင်ပြုလုပ်ပေးသွားမည်ဖြစ်ပါသည် ။ ပွဲဦးထွက် အနေဖြင့် Agriculture & Rural Development ခေါင်းစဉ်အောက်တွင် ဂျပန်နိုင်ငံတက္ကသိုလ် နှစ်ခုမှ ပါမောက္ခ နှစ်ဦးမှနေ၍ အောက်ပါအကြောင်းအရာများကို ဟောပြောသွားမည်ဖြစ်ပါသည်။
Speaker 1- ပါမောက္ခ Dr.Ikuko Okamoto (Ph.D, Professor, Faculty of Global and Regional Studies, Dean, Graduate School of Global and Regional Studies, Toyo University) မှလည်း “Conditions & Challenges of Rural Households in Myanmar: Findings from Snapshot Surveys” ခေါင်းစဥ်ဖြင့် မြန်မာနိုင်ငံကျေးလက်ဒေသများရှိ အိမ်ထောင်စုများရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကွင်းဆင်း လေ့လာတွေ့ရှိချက်များဖြင့် ပေါင်းစပ်တင်ပြမည်ဖြစ်ပါသည်။ လက်ရှိစိုက်ပျိုးရေးကဏ္ဍတွင် အရင်းအနှီးလိုအပ်မှု၊ စရိတ်ကြီးမြင့်လာမှုနှင့် သီးနှံအထွက်နှုန်းလျော့ကျခြင်းတို့ကို ရင်ဆိုင်နေရမှုများကြောင့် အိမ်ထောင်စုများအနေဖြင့် စီးပွားရေးအကြပ်အတည်းများကို ရင်ဆိုင်နေကြရကြောင်းနှင့် ထိုတွေ့ရှိချက်များကိုအခြေခံ၍ ကျေးလက်ဒေသလူနေမှုဘဝအတွက် အရေးကြီးသောအထောက်အပံ့ လိုအပ်ချက်များကို အလေးထားဆောင်ရွက်နိုင်ရန် ဟောပြောပေးသွားမည်ဖြစ်ပါသည်။
Speaker 2- ပါမောက္ခ Dr. Akio Takahashi (မြန်မာအမည်- ဒေါက်တာအောင်ကိုဆွေ) (Professor Emeritus of the University of Tokyo, Research Fellow of the Oriental Library)မှ “ Myanmar Villages from the viewpoint of a Japanese Villager” ခေါင်းစဉ်ဖြင့် ဂျပန်ကျေးလက်နေ ရွာသားတစ်ယောက်၏ရှု့ထောင်မှ နေ၍ ဂျပန်နိုင်ငံ၏ကျေးလက်ဒေသနှင့် မြန်မာနိုင်ငံ၏ကျေးလက်ဒေသ ကိုနှိုင်းယှဉ်ပြီး မြန်မာ့ကျေးရွာများသည်မည်သို့သော လူ့အဖွဲ့အစည်းဖြစ်သည် ဆိုသည်ကို လက်တွေ့ကွင်းဆင်းလေ့လာခဲ့မှုများနှင့် သီအိုရီကို ပေါင်းစပ်ကာ ဟောပြောပေးသွားမည်ဖြစ်ပါသည်။
လက်တွေ့ အသုံးဝင်သော ဗဟုသုတများစွာရရှိစေမည်ဖြစ်ပါသဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍတွင် လက်ရှိလုပ်ကိုင်နေကြသူများနှင့် စိတ်ပါဝင်စားသူအားလုံး ကြိုတင်စာရင်းပေးတက်ရောက်နိုင်ကြပါကြောင်း ဖိတ်ခေါ်လိုက်ပါသည်။
Seminar Schedule
Date - 27th February, 2025 (Thursday)
Time - 1:00 pm ~ 4:30 pm
Place - Park Royal Hotel.
Title (1) - “Conditions & Challenges of Rural Households in Myanmar: Findings from Snapshot Surveys”
Speaker (1)- Dr.Ikuko Okamoto
Time - 1:00 pm ~ 3:00 pm
Title (2) - “Myanmar Villages from the viewpoint of a Japanese Villager”
Speaker (2)- Dr. Akio Takahashi
Time - 3:00 pm ~ 4:30 pm
Registration Link
https://forms.gle/VkALcSSCZXSLKnYQ8