Myanmar Association of Japan Alumni ( MAJA )

 ယခုအပတ် စနေ၊ တနင်္ဂနွေတွင်ကျင်းပမည့် “KIRA KIRA☆ ဂျပန်နွေရာသီပွဲတော်” အကြောင်းအသိပေးကြေညာခြင်း


၂၀၂၅ ခုနှစ်၊ သြဂုတ်လ၊ ၂ ရက်နေ့ (စနေနေ့) နှင့် ၃ရက်နေ့ (တနင်္ဂနွေနေ့)တို့တွင် ဂျပန်ရဲ့နွေရာသီအငွေ့အသက်တွေကိုခံစားနိုင်မယ့် “KIRA KIRA☆ဂျပန်နွေရာသီပွဲတော်”နှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားမှုနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနိုင်မယ့် “Japan Education Fair”  တို့ပူးပေါင်းထားတဲ့ “Japan Culture & Education Fair” ကို ဒီနှစ် ဩဂုတ်လမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“KIRA KIRA☆ဂျပန်နွေရာသီပွဲတော်”တွင် ဂျပန်နိုင်ငံရဲ့နွေရာသီပွဲတော်တွေမှာ တွေ့မြင်ဆော့ကစားလေ့ရှိတဲ့ ဂိမ်းအစီအစဉ်များ၊ ခန်းဂျိဘင်ဂိုဂိမ်းအစီအစဉ်၊ ကာရာတေး နှင့် ကန်ဒိုသရုပ်ပြခြင်းအစီအစဉ်၊ Yukataစမ်းဝတ်ခြင်းအစီအစဉ်၊ မဲနှိုက်ခြင်းအစီအစဉ်နှင့် အကဖျော်ဖြေတင်ဆက်မှုများစတဲ့ ဂျပန်ယဉ်ကျေးမှုနဲ့ ထိတွေ့နိုင်တဲ့ အစီအစဉ်များ ကို ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနိုင်ကြရန် စီစဉ်ထားပါတယ်။ ထို့အပြင် ဒုတိယပွဲနေ့၏ပွဲချိန်နောက်ဆုံးတွင် ပွဲကိုလာရောက်ကြသူများနှင့်အတူ ဂျပန်နိုင်ငံရဲ့ နွေရာသီအကတခု ဖြစ်တဲ့ “ဘွန်းအက” ကို အားလုံးအတူတူကကြမှာပဲဖြစ်ပါတယ်။  
ထပ်မံပြီး ပွဲကိုလာရောက်ကြသူများထံ လက်ဆောင်အဖြစ် ဂျပန်စတိုင်ယပ်တောင်များကိုလည်း ဦးရာလူစနစ်ဖြင့် ပေးသွားမှာဖြစ်ပါတယ်။ နွေရာသီရဲ့ အမှတ်တရတခုအနေ နဲ့ ယပ်တောင်လေးတွေကိုင်ပြီး ဓာတ်ပုံရိုက်ခြင်း၊ ဘွန်းအက ကခြင်းတို့ကိုလည်း ပြုလုပ်လို့ရပါတယ်။   
ပွဲကိုလာရောက်ဖို့အတွက် ကြိုတင်စာရင်းပေးစရာမလိုတဲ့အပြင် ဝင်ကြေးလည်းအခမဲ့ဖြစ်တဲ့အတွက် မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲလို့ရပါတယ်။ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ ဂျပန်စာသင်တန်း‌ကျောင်းက အတန်းဖော်တွေနဲ့အတူ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

“KIRA KIRA☆ဂျပန်နွေရာသီပွဲတော်” အစီအစဉ်အကျဉ်းချုပ်
♦ နေ့ရက် ။ ။ ၂၀၂၅ခုနှစ်၊ သြဂုတ်လ၊ ၂ရက်နေ့ (စနေနေ့) နှင့် ၃ရက်နေ့ (တနင်္ဂနွေနေ့)
♦ အချိန် ။ ။ မနက် ၁၀ နာရီ မှ ညနေ ၃ နာရီခွဲအထိ (ညနေ ၃ နာရီနောက်ဆုံးထားပြီးပွဲသို့လာရောက်နိုင်ပါတယ်။)  
♦ နေရာ ။ ။ Hledan M-Tower 18th Floor (https://maps.app.goo.gl/8FEzw7ToLKrwmRei6)
♦ ကြီးမှူးကျင်းပသည့်အဖွဲ့အစည်းများ ။ ။ The Japan Foundation, Yangon ၊ Myanmar Association of Japan Alumni (MAJA)
♦ ပူးပေါင်းပံ့ပိုးပေးမည့်အဖွဲ့အစည်းများ။ ။ Growth Myanmar Co.,Ltd、MIYAKO FOOD MYANMAR Co., Ltd.、 KBZ MS General Insurance Co., Ltd.、Marubeni Corporation、ALL NIPPON AIRWAYS CO., LTD  
♦ ကြိုတင်စာရင်းပေးရန်။ ။ မလိုပါ။  
♦ ဝင်ကြေး။ ။ အခမဲ့။
♦ စုံစမ်းမေးမြန်းရန်။ ။The Japan Foundation, Yangon  
(ဆက်သွယ်ရန်ဖုန်း-01-43920/01-43921, တနင်္လာနေ့ မှ သောကြာနေ့ မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်းသာ)
♦ Yukataဝတ်ခြင်းအစီအစဉ်(※ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါတယ်။)

KIRA KIRA☆ဂျပန်နွေရာသီပွဲတော်တွင် Yukataကို ကိုယ်တိုင်ခံစားဝတ်ဆင်နိုင်မည့် Cornerတစ်ခုပြုလုပ်ပေးထားပါတယ်။ ပါဝင်ဝတ်ဆင်ကြည့်လိုသူများအနေဖြင့် အောက်ဖော်ပြပါလင့်ခ်မှတဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းရာတွင် ပထမရက် နှင့် ဒုတိယရက်အတွက်ဆိုပြီး ခွဲခြားထားသည့်အတွက်
 လျှောက်လွှာတင်ရာတွင် သေချာသတိပြုရွေးချယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ပထမရက်အတွက် လျှောက်လွှာတင်ရန် : https://forms.gle/GvygUqzB9unzWNnd7
ဒုတိယရက်အတွက် လျှောက်လွှာတင်ရန်: https://forms.gle/rVoNpNJiwW21xcE68
Yukataဝတ်ခြင်းအစီအစဉ်နှင့်ပတ်သက်သည်များကို မေးမြန်းစုံစမ်းလိုပါက: Myanmar Association of Japan Alumni (MAJA) (ဆက်သွယ်ရန်ဖုန်း-09-428756746、09-986093637)  
※ယုကတ ဝတ်ခွင့်ရသူများအနေနဲ့ ပွဲနေ့ကိုယ်ဝတ်ဆင်ရမယ့်ရက်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားကို သက်သေခံအနေနဲ့ပြသရမှာဖြစ်လို့ တပါတည်းယူလာပေးကြပါ။

ယခုတစ်ခေါက်ပွဲတွင် License Academyမှလည်း ဂျပန်ပညာတော်သင်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပေးမည့် Japan Education Fairကို တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Japan Education Fair အသေးစိတ်ကတော့ အောက်ကလင်ခ်ကနေ လေ့လာနိုင်ပါတယ်။
https://www.facebook.com/share/19SWFoejQj/?mibextid=wwXIfr



 2025-07-30
Application Announcement for Long-term Capacity Development Scholarship Program
visitors :      213,432