သာမန်အသင်းသူ/သားများအတွက် အသိပေးကြေညာချက်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအရ သာမန်အသင်းသူ/သားများသည် မိမိတို့ ဂျပန်နိုင်ငံ၌ တက်ရောက် ပညာ ဆည်းပူးခဲ့သော တက္ကသိုလ်ကောလိပ်များအလိုက်ဖြစ်စေ၊ အထောက်အပံ့ပညာသင်ဆု ရရှိခဲ့သော ပရိုဂရမ်အလိုက်ဖြစ်စေ၊ သွားရောက်ခဲ့သည့်ပရိုဂရမ်အလိုက်ဖြစ်စေ Alumni အစုအဖွဲ့ငယ်များ စုဖွဲ့နိုင်ကြပါသည်။
ယခုအခါ အသင်းကြီးအောက်တွင် အောက်ဖော်ပြပါ Alumni အစုအဖွဲ့ (၅) ဖွဲ့ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။ Alumni အနည်းဆုံး (၁၀) ဦး အထက်ပါဝင်ရမည့် ထပ်မံ စုဖွဲ့စည်းလိုသည့် Alumni အစုအဖွဲ့များအနေဖြင့် အောက်တိုဘာလ (၃၁) ရက်နေ့ နောက်ဆုံးထား၍ အသင်းသို့ ဆက်သွယ်ဆောင်ရွက် လျှောက်ထားစုဖွဲ့နိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။
1. Okayama University International Alumni Association (Myanmar Branch)
2. Okayama University International Alumni Association (Mandalay Branch)
3. Nagoya University Alumni Association (Myanmar Branch)
4. TMDU Alumni Association (Myanmar)
5. Kobe University Alumni Association in Myanmar
ဆက်သွယ်လျှောက်ထားရန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
အမှတ် (၂ ဘီ-၄)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၉-၂၆၂၆၀၂၁၂၁၊ ၀၉-၉၄၄၀၁၄၄၁၀
Viber number - 09944014410