Tokutei Gino (SSW) ကုန်ထုတ်လုပ်ငန်း ဆွေးနွေးပွဲ
ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် အထူးကျွမ်းကျင်လုပ်သားဆွေးနွေးပွဲ (အွန်လိုင်းဆွေးနွေးပွဲ) အား ပူးတွဲကြော်ငြာပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။
နေ့ရက် - ၂၇-၁၁-၂၀၂၅
အချိန် - ၁၃:၀၀ - ၁၅:၀၀ (မြန်မာစံတော်ချိန်)
နေရာ - Zoom Online
စိတ်ပါဝင်စားသူများအနေဖြင့် QR Code အား scan ဖတ်ပြီး (၂၉.၁၀.၂၀၂၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပါကြောင်း သတင်းမျှဝေအပ်ပါသည်။
ဆွေးနွေးပွဲနှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက -
၁။ The Association of Overseas Technical Cooperation and Sustainable Partnerships (AOTS)
AOTS အထွေထွေသုတေသနဌာန ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုဌာန
လုပ်ငန်းလည်ပတ်မှုမြှင့်တင်ရေးအဖွဲ့
ဖုန်းနံပါတ်။ ။ +၈၁-၃-၃၈၈၈-၈၂၁၅
အီးမေးလ်။ ။ [email protected]
၂။ Myanmar AOTS Alumni Association (MAAA)
ဖုန်းနံပါတ်။ ။ +၉၅-၉-၇၈၃၂၃-၄၀၈၀
အီးမေးလ်။ ။ [email protected]

