Myanmar Association of Japan Alumni ( MAJA )

 ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲ


အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း အားလုံးထံအသိပေးအပ်ပါသည်။ ယခုတစ်ကြိမ်မှာတော့ တိုကျိုတက္ကသိုလ်၏ပရော်ဖက်ဆာ OKUNO Yukikoမှ ❝CLIL၏ သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ❞ဆိုသည့် ခေါင်းစဉ်ဖြင့် (၂)ရက်တိုင်တိုင် ဆွေးနွေးပွဲကို ကျင်းပသွားမည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၅ရက်နေ့တွင် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၌ ကျင်းပမည်ဖြစ်ပြီး၊ ၁၆ရက်နေ့တွင်တော့ MAJA Education Center၌ ပြုလုပ်ကျင်းပသွားပါမည်။

❝CLIL❞ဆိုတာက Content and Language Integrated Learningရဲ့ အတိုကောက်ဖြစ်ပြီး တိတိကျကျသတ်မှတ်ထားသည့် အကြောင်းအရာ (ဘာသာရပ် နှင့် အဓိက ဆိုလိုရင်း၊ ခေါင်းစဉ်)တို့ကို သင်ကြားလိုသည့်ဘာသာစကားမှတဆင့် အကြောင်းအရာရော၊ ဘာသာစကားကိုပါ တစ်ပြိုင်နက်တည်းသင်ယူတတ်မြောက်စေနိုင်သည့် သင်ကြားရေးနည်းလမ်းဖြစ်ပါသည်။ ❝CLIL❞ဆိုတဲ့ဝေါဟာရကို သိပြီးသားဆရာ၊ဆရာမများအပါအဝင် ပထမဆုံးကြားဖူးတဲ့ဆရာ၊ဆရာမများပါ CLIL၏ သီအိုရီ နှင့် အသုံးပြုပုံနည်းလမ်းတို့နှင့်ပတ်သက်ပြီး အတူတူလေ့လာကြည့်ကြမလား။
ထို့အပြင် ၁၅ရက်နေ့ နေ့လည်တွင် ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက်သာမက တက္ကသိုလ်ကျောင်းသားများနှင့် ဂျပန်တွင် ဘွဲ့လွန်တက်ရောက်ချင်သူများ အတွက် ရည်ရွယ်သည့် ❝သုတေသနတင်ပြခြင်းအတွက်ဖိတ်ခေါ်ခြင်း❞ဆိုသည့် ခေါင်းစဉ်ဖြင့် စကားဝိုင်း နှင့် ပိုစတာဟောပြောပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါသည်။
၁၆ရက်နေ့ နေ့လည်တွင်လည်း ❝ယခု မြန်မာနိုင်ငံတွင်လိုအပ်နေသော ဂျပန်ဘာသာသင်ကြားရေး❞ဆိုသည့် ခေါင်းစဉ်ဖြင့် ပါဝင်တက်ရောက်သူများနှင့် အပြန်အလှန် အမြင်များကို ဖလှယ်မည့်အစီအစဉ်ကိုလည်း စီစဉ်ထားပါသည်။ ဆက်ဆက် ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

※ဆွေးနွေးပွဲတစ်ခုချင်းစီအတွက် သီးသန့်စီလျှောက်လွှာတင်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

※ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ပါသည်။

【နိုဝင်ဘာလ ၁၅ရက်နေ့ (စနေနေ့)】နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)

 ● နံနက်ပိုင်းအစီအစဉ်(9:00-12:00)「CLILအတန်းကို ပါဝင်ကြည့်ရ‌အောင်」

  လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUNkw1V0RSNllWWkVBTVFWM1pCWURWSEdXVSQlQCN0PWcu

●နေ့လည်ပိုင်းအစီအစဉ်(13:30-16:00)「သုတေသနတင်ပြခြင်းအတွက်ဖိတ်ခေါ်ခြင်း နှင့် ပိုစတာတင်ပြပွဲ」

  လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUMDhSVVdCWVlNTEdDT0QzRVVETDQ2RklLQSQlQCN0PWcu

【နိုဝင်ဘာလ ၁၆ရက်နေ့ (တနင်္ဂနွေနေ့)】နေရာ:MAJA Education Center(MEC)

 ●နံနက်ပိုင်းအစီအစဉ်(9:00-12:00)「CLILဖြင့် စကားပြောကိုပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်မည့်အတန်းချိန်」

  လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUMFJEN1Y1RkVNTktSWENFOVJBMUdVQkJMNCQlQCN0PWcu

●နေ့လည်ပိုင်းအစီအစဉ်(13:30-16:00)「ယခု မြန်မာနိုင်ငံတွင်လိုအပ်နေသော ဂျပန်ဘာသာသင်ကြားရေး နှင့် အပြန်အလှန်အမြင်ဖလှယ်မည့်အစီအစဉ်」

  လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUNk1BQTlVSVYwQk8zWFZaUFBaRFdES1g1TSQlQCN0PWcu

လျှောက်လွှာပိတ်ချိန်: နိုဝင်ဘာလ ၁၂ရက်နေ့ (ဗုဒ္ဓဟူးနေ့) ညနေ ၄နာရီ

*လျှောက်လွှာတင်သူများပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်ကို စော၍ပိတ်ခြင်းမျိုး ရှိနိုင်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မေးမြန်းစုံစမ်းရန်:[email protected]  

                         01-430920, 01-430921  

★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၏ ဖုန်းနံပါတ်:01-430920・ 01-430921   

★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၏ Facebook Page:https://www.facebook.com/JFYangon

 2025-11-12
EJU Exam Preparation (In Person) အတန်းသစ်
visitors :      231,330