(၂၁)ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ၂၀၂၆ ခုနှစ်
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ(ကျွမ်းကျင်အဆင့်)နှင့် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ(အငယ်တန်းအဆင့်) တို့ကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (ကျွမ်းကျင်အဆင့်)
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (Japanese Literature Translation Contest) သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုရမည့်ဘာသာပြန်ပြိုင်ပွဲဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
ကျွမ်းကျင်အဆင့်ဘာသာပြန်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း Zoom online system ဖြင့် ကျင်းပမည်ဖြစ်ပါသည်။
လျှောက်ထားရမည့်ကာလ : ၅.၁.၂၀၂၆ မှ ၁၈.၁.၂၀၂၆ အထိ
ပြိုင်ပွဲကျင်းပမည့်ရက် : ၁၄. ၂. ၂၀၂၆ (စနေနေ့)
ပြိုင်ပွဲကျင်းပမည့်အချိန် : ၉:၀၀ - ၁၂:၀၀
ပါဝင်လိုသူများ အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
URL : https://forms.gle/MQdbWQKGJB4VUNbFA
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (အငယ်တန်းအဆင့်)
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (အငယ်တန်းအဆင့်) (Japanese Literature Translation Entry Level Contest) သည် ဂျပန်ဘာသာအရည်အချင်း N3 အဆင့်ရှိသည့်ဂျပန်စာလေ့လာနေသူများ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှုတိုးပွားလာစေရန်အတွက်ရည်ရွယ်ပြီး လွယ်ကူရိုးရှင်းသောဂျပန်ဘာသာစကားဖြင့် ရေးသားထားသည့် စာမူကိုမြန်မာဘာသာသို့ ပြန်ဆိုရမည့်ဘာသာပြန်ပြိုင်ပွဲဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား N3 အဆင့်ရှိသည့်ဂျပန်စာလေ့လာနေသူများ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
(*ဂျပန်ဘာသာအရည်အချင်း N1, N2 အဆင့်ရှိသူများ လျှောက်ထား၍မရပါ။)
အငယ်တန်းအဆင့်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း Zoom online system ဖြင့် ကျင်းပမည်ဖြစ်ပါသည်။
လျှောက်ထားရမည့်ကာလ - ၅.၁.၂၀၂၆ မှ ၁၈.၁.၂၀၂၆ အထိ
ပြိုင်ပွဲကျင်းပမည့်ရက် - ၁၅. ၂. ၂၀၂၆ (တနင်္ဂနွေနေ့)
ပြိုင်ပွဲကျင်းပမည့်အချိန် : နံနက် ၉:၀၀ မှ နေ့လည် ၁၁:၀၀
ပါဝင်လိုသူများ အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
URL : https://forms.gle/TShnYt4XsQoaLgAt5
ဘာသာပြန်ပြိုင်ပွဲတွင် မိမိ ကြိုက်နှစ်သက်ရာ အဘိဓါန်ကို အသုံးပြုနိုင်ပါသည်။
(ပြိုင်ပွဲနှင့် ပတ်သက်သည့်အသေးစိတ် အချက်အလက်များကို လျှောက်ထားသူများထံသို့ မေးလ်ဖြင့် ပြိုင်ပွဲရက်မတိုင်မီ ပေးပို့ပါမည်။)
စုံစမ်းမေးမြန်းရန်
Myanmar Association of Japan Alumni (MAJA)
09-428612151, 09-262602121
