Myanmar Association of Japan Alumni ( MAJA )

 မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း နှစ်ပတ်လည် အစည်းအဝေး ဖိတ်ကြားခြင်းနှင့် အလုပ်အမှုဆောင် ရွေးချယ်ခံရန်အတွက် အဆိုပြုလွှာ တောင်းခံခြင်း


မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း နှစ်ပတ်လည်အစည်းအဝေး (၂၀၂၆) ကို အောက်ပါအစီအစဉ် အတိုင်း ကျင်းပမည်ဖြစ်ပါ၍ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်။     ။ ၂၁.၀၂.၂၀၂၆ (စနေနေ့)
ကျင်းပမည့်အချိန်။       ။ ၉း၀၀ နာရီ မှ ၁၂း၀၀ နာရီ ထိ
ကျင်းပမည့်နေရာ။       ။ Melia Yangon Hotel (Inya Ballroom)
(၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့)
♦ အစည်းအဝေးတွင် အလုပ်အမှုဆောင်သစ် ရွေးချယ်ရန် ရှိပါမည်။
♦ အစည်းအဝေးပြီးလျှင် မိတ်ဆုံစားပွဲ ဆက်လက်ကျင်းပပါမည်။

အလုပ်အမှုဆောင် ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း၏ အခြေခံစည်းမျဉ်းများနှင့် ဖွဲ့စည်းပုံ အပိုဒ် (၁၀) နှင့် အပိုဒ် (၁၁) (က) ပါ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် သာမန်အသင်းသားများသည် အလုပ်အမှုဆောင် ရွေးချယ်ခံရန်အတွက် အဆိုပြုလွှာ၊ ကိုယ်ရေးမှတ်တမ်းနှင့် အသင်းတွင် ပါဝင်ဆောင်ရွက် ခဲ့မှုများအား ဖေါ်ပြ၍ အသင်းနာယကများပါဝင်သော “အလုပ်အမှုဆောင် ရွေးချယ်စိစစ်ရေးအဖွဲ့၊ မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်း” သို့ လိပ်မူပြီး MAJA Head Office သို့ (၀၆.၀၂.၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန် ဖုန်း - ၀၉ ၂၆၂၆၀၂၁၂၁၊ ၀၉ ၄၂၈၆၁၂၁၅၁
ဆက်သွယ်ရန် အီးမေးလ် - maja.ygn@gmail.com
လိပ်စာ - အမှတ် ၂ ဘီ (၄)၊ နှင်းဥယျာဉ်အိမ်ယာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

အလုပ်အမှုဆောင် ရွေးချယ်စိစစ်ရေးအဖွဲ့
မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း


 2026-01-26
1 တစ်ဦးချင်းအလိုက် JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန် 2. ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲ လျှောက်လွှာ လက်ခံခြင်းနှင့် ပတ်သက်၍
visitors :      253,988