Myanmar Association of Japan Alumni ( MAJA )

 Myanmar-Japan Center(MJC) မှ ပြုလုပ်မည့် Academic Seminar အား တက်ရောက်နိုင်ရန် ဖိတ်ကြားခြင်း…


MJC မှ ၂၀၂၆ ခုနစ် ဖေဖော်ဝါရီလတွင် Business Administration & Spatial Economics ခေါင်းစဉ်အောက်တွင် ဂျပန်နိုင်ငံတက္ကသိုလ် နှစ်ခုမှ ပါမောက္ခ နှစ်ဦးမှနေ၍ အောက်ပါအကြောင်းအရာများကို ဟောပြောသွားမည်ဖြစ်ပါသည်။

ဟောပြောသွားမည့် အကြောင်းအရာများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

Title (1):Spatial Developments in the Greater Mekong Sub-region: Evidence on Economic Corridors
ခေါင်းစဉ်(၁)- မဟာမဲခေါင်ဒေသခွဲများရှိ မြေပြင်လက်တွေ့ဖွံ့ဖြိုးမှုများ - အထူးသဖြင့် စီးပွားရေး လမ်းမကြီးများ

အကြောင်းအရာ- မဟာမဲခေါင်ဒေသခွဲများရှိ မြေပြင်လက်တွေ့ဖွံ့ဖြိုးမှုများနှင့် ပတ်သက်၍ ပြောကြားမှာ ဖြစ်ပါတယ်။ မှန်ကန်သော သတင်းအချက်အလက်များ စုစည်းထားခြင်းဖြင့် နိုင်ငံများအကြား ဒေသန္တရအဆင့် စီးပွားရေး ဆောင်ရွက်ချက်များ တိုးတက်မှုအပါအဝင် အကျိုး ရှိသော မြေယာ အသုံးချမှုများလည်း ပါဝင်ပါသည်။ မြေပြင်လက်တွေ့ ဖွံ့ဖြိုး တိုးတက်မှု များသည် စီးပွားရေး စင်္ကြံလမ်းများ၏ ချိတ်ဆက် ဆောင်ရွက်မှု အလားအလာကောင်းများ ကိုလည်း ဖော်ဆောင်ပါသည်။

Title (2) : Food for Thought: Business & Industry Development
ခေါင်းစဉ်(၂)- စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတွေးအခေါ်ကောင်းများ

အကြောင်းအရာ- ပေါ်ပေါက်လာသော စီးပွားရေး အကြံဉာဏ်ကို ခိုင်မာသော လုပ်ငန်းတစ်ခုအဖြစ်သို့ ပြောင်းလဲခြင်း သို့မဟုတ် ကောင်းစွာတိုးတက်မှုရှိသလို supply chain အလွယ်တကူချိတ်ဆက်နိုင်သောindustry ecosystem များကို ပုံဖော်လုပ်ဆောင်ကြရာတွင် ကြိုးစား အားထုတ်နေကြသူများအနေဖြင့် မိမိတို့လုပ်ငန်း၏ “ဘာကြောင့်နှင့် ဘယ်လို” ဆိုသည်ကို နားလည်သဘောပေါက်ရန် လိုပါသည်။ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတွေးအခေါ်ကောင်းများ (Food for thoughts) ဆိုသည်မှာ ထုတ်ကုန်ပစ္စည်းများ တင်ပို့/တင်သွင်း ခြင်း မပြုမီ မဟာဗျူဟာများ ချမှတ်ခြင်းနှင့်အတူ အသစ် အသစ်သော စိန်ခေါ်မှုများ ထည့်သွင်း စဉ်းစား၍ ဝေဖန်ပိုင်းခြား သုံးသပ်ခြင်းဖြစ်သည်။

ဤFood for thoughts seminar ၏ ရည်ရွယ်ချက်မှာ _
-  ကဏ္ဍပေါင်းစုံမှ စီးပွားရေးနှင့်စက်မှုလုပ်ငန်းများ လုပ်ငန်းအသစ်စတင်သည်မှ စ၍၊ ရှိရင်းစွဲ လုပ်ငန်းများကိုပြန်လည်ရှင်သန်လာစေရန် လုပ်ဆောင်ကြသည်အထိ  ထိုလုပ်ငန်းစဉ်များကို ဘာအတွက်ကြောင့်လုပ်ကြသည် ဘယ်လိုလုပ်ဆောင်ကြသည်ဆိုသည့်အကြောင်း
အရာများကို ရိုးရှင်းသောအသုံးအနှုန်းများဖြင့် လူအများပါဝင်ဆွေးနွေးလေ့လာနိုင်ကြစေရန်ဖြစ်သည်။
ဤ "Food for thoughts" seminar မှ အကြောင်းအရာများကို အနာဂတ်ကိုပုံဖော်ရာတွင် အကျိုးရှိစေမည့် အသိအမြင်များရှာဖွေနိုင်ရန် လမ်းညွှန်ပေးနိုင်မည့် လမ်းပြသံလိုက်အိမ်မြှောင်တခုအဖြစ် အသုံးချကြပါစို့။  တက်ရောက်ပါဝင်ဆွေးနွေးကြပါရန်ဖိတ်ခေါ်အပ်ပါသည်။

📌Seminar Schedule

📅Date: February 26, 2026
⏱️Time: 13:00 ~ 17:00
📍Venue: Park Royal Hotel (Yangon)

🔗တက်ရောက်လိုသူများအောက်ပါ Google form link ထဲဝင်ပြီးကြိုတင်စာရင်းသွင်းပေးဖို့ မေတ္တာရပ်ခံအပ် ပါတယ်

ကြိုတင်စာရင်းသွင်းရန်
https://forms.gle/1L8WQ38tYH8gXrrN9

 2026-01-29
1 တစ်ဦးချင်းအလိုက် JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန် 2. ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲ လျှောက်လွှာ လက်ခံခြင်းနှင့် ပတ်သက်၍
visitors :      253,988