Myanmar Association of Japan Alumni ( MAJA )

 ၂၀၂၆ ခုနှစ် (၂၁) ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ဆုရရှိသူများ ကြေညာခြင်း


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှု စင်တာတို့မှ (၂၁) ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင်  ကြီးမှူးကျင်းပခဲ့ပြီး အကဲဖြတ်သုံးသပ်ချက်များအရ ကျွမ်းကျင်အဆင့်အတွက် ဆုရရှိသူ (၃) ဦး နှင့် အငယ်တန်းအဆင့်အတွက် ဆုရရှိသူ (၃) ဦးကို အောက်ပါအတိုင်း ရွေးချယ်လိုက်ကြောင်း ကြေညာအပ်ပါသည်။ ဘာသာပြန် ပြိုင်ပွဲနှစ်ခုစလုံး၏ ဘာသာပြန်လက်ရာများ သည် အံ့သြချီးကျူးဖွယ် ကောင်းပြီး ဆုရရှိသူများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။

နောက်ဆုံးဆန်ခါတင်အဆင့်အထိ ရောက်ရှိခဲ့သောပြိုင်ပွဲဝင်များအတွက်လည်း အထူးပင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်းနှင့် နောင်နှစ်များတွင် ထပ်မံကြိုးစားယှဉ်ပြိုင် ကြပါရန် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း


 2026-03-30
16th KAKE INTERNATIONAL JAPANESE SPEECH CONTEST
visitors :      284,859